About CWM ( ClockWorkMod ) Recovery ROM and Android System Recovery or Stock ROM
Recovery နှစ်မျိုးရှိပါသည်။ 1# Android System Recovery or Stock Recovery နှင့် 2# CWM ClockWorkMod or Custom Recovery ဟူ၍ နှစ်မျိုးရှိသည်။
1# Android System Recovery or Stock Recovery ဆိုသည်မှာ Device စ၀ယ်လာခါစအချိန်တွင် သက်ဆိုင်ရာ Key နှိပ်လိုက်သော အခါ ( Power + Vol Up ) အပေါ်ဆုံးစာတန်းလေးမှာ Android System Recovery ဟုပေါ်နေပါမည်။ ထိုကဲ့သိုပေါ်နေပါက Stock Recovery ဖြစ်သည်။ ထို.အပြင် အောက်ပါ လုပ်ဆောင်ချက်များလဲ ပါဝင်သည်။
Android System Recovery
Volume up/down to move highlight:
power key to select
Reboot system now
Apply update from external storage
Wipe data / factory reset
Wipe cache partition
Apple update from cache စသည်တို.ပါဝင်သည်။ အချို. Device များတွင် အနည်းငယ် ကွဲလွဲနိုင်ပါသည်။ Stock Recovery တွင်တော့ Factory reset လုပ်တာလောက်နှင့် Update.zip လုပ်တာလောက်ပဲ အသုံးဝင်ပါသည်။
Factory reset လုပ်ခြင်းသည် မိမိ Device ၀ယ်စဉ်အချိန်ကို ပြန်သွားခြင်းဖြစ်သည်။ အထဲတွင် နောက်ပိုင်းထည့်သွင်းထားသော အရာများ အားလုံးရှင်းထုတ်ခြင်းဖြစ်သည်။
Update.zip မိမိလိုချင်သော ဖိုင်လေးများကို zip တည်ဆောက်ပြီး System ထဲ ထည့်သွင်းနိုင်သည်။
Wipe cache လုပ်ဆောင်ချင်းသည် စက်၏ Background တွင် Run နေသော App ကို ပိတ်လိုက်ခြင်းဖြစ်သည်။ ဥပမာ စက်နည်းနည်းလေးနေလျှင် wipe cache လုပ်လိုက်ခြင်းဖြင့် စက် အနည်းငယ် သွတ်လာပါမည်။ Wipe cache လုပ်ရုံဖြင့် အထဲမှ မည်သည့် Data မှ မပျတ်ပါ။
2# CWM ( ClockWorkMod ) or Custom Recovery
Stock Recovery နှင့် အနည်းငယ် ကွဲလွဲပါသည်။ Hacker များ တည်ထွင်ထားသည်ကို သုံးစွဲခြင်းသဘောဖြစ်သည်။ Android သည် Open Source ဖြစ်သည့်အတွက် မိမိလုပ်ချင်သည်ကို လုပ်ဆောင်နိုင်သော သဘောဖြစ်သည်။ CWM Recovery တွင်တော့ Stock Recovery ထက် အများကြီး လုပ်ဆောင်လာနိုင်ပါသည်။ CWM တွင် Stock Recovery တွင်ပါသော လုပ်ဆောင်ချက်များအပြင် အခြား လုပ်ဆောင်ချက်အသစ်များလဲ ပါဝင်လာသည်။
Clock Work Mod Recovery
Reboot system now
Apply sd card: update.zip
Wipe data / factory reset
Wipe cache partition
Install zip from sdcard
Backup and restore
Mounts and storage စသည့်အချက်များ အပြင် အခြားအချက်လက်များလဲ ပါဝင်ပါသည်။ Clock Work Mod ကို CWM ဟု အတိုကောက်ခေါ်ဝေါ်ကြပါသည်။ CWM ၏ လုပ်ဆောင်ချက်များမှာ ROM တစ်ခုလုံးကို backup ပြုလုပ်၍ ရခြင်း၊ Restore ပြန်လုပ်ရခြင်း၊ System File များကို ဆွဲထုတ်၍ SD Card ထဲ သိမ်းထားပြီး အကယ်၍ System File များကို မိမိကလိလွန်၍ တစ်ခုခုဖြစ်ပွားပါက ပြန်လည်၍ Restore လုပ်နိုင်ခြင်း၊ CWM ကနေ မြန်မာစာ၊ Root ထည့်သွင်းနိုင်ပါသည်။ ဥပမာ Huawei Device တစ်လုံးကို CWM ထည့်ပြီး CWM ကနေပြီးတော့ Root.zip ဆိုသည့် ဖိုင်လေးကို သွားပြီးတော့ Flash ပေးလျှင် ထိုအရာသည် CWM ထည့်ထား၍ Hacker များ တည်ထွင်ထားသော Root.zip ဆိုသည့် ဖိုင်းသွင်းလို.ရခြင်းဖြစ်သည်။ အခုနောက်ပိုင်း Root.zip ဖိုင်ကို မိမိကိုယ်တိုင် ထွင်နေကြပါပြီ။ Modify update package ROM များကိုလဲ သွင်းနိုင်လာပါသည်။
Custom ROMs
Custom ROM ဆိုသည်မှာ လက်ရှိသုံးနေသော Official ROM ( Official Fireware ) ကို Modify လုပ်ပြီး ပြန်ပြုပြင်သော ROM ( Fireware ) ကို ခေါ်ပါသည်။ အချို. Device များတွင် Official Fireware တင်မရသော Device များရှိပါသည်။ ထိုအခါ Hacker များ ထွင်ထားသော Custom ROM များကို အသုံးပြုရသည်။ သို.သော် Custom ROM များတွင် အနည်းနှင့် အများ error များရှိတက်သည်။ Camara Error, Bluetooth Error များ အဖြစ်များပါသည်။ ထိုကြောင့် Custom ROM တင်မည်ဆိုလျှင် Error ကင်းသော Custom ROM များကိုသာ တင်ကြတာများပါသည်။ Custom ROM မှာ .zip File ဖြင့်လာတာများပါသည်။ ထို File ကို CWM ရှိမှ သွင်းလို.ရပါသည်။
Custom ROM သွင်းမည်ဆိုလျှင် Format ချထားသော Momery Card ထဲသို. Down ထားသော Custom ROM (.zip ) ကို ထည့်ပါ။ Install SD Card မှ သွင်းရပါမည်။
Custom ROM သည် System ROM များကိုလည်း Un / Amount ပြုလုပ်နိုင်သည်။ Factory Reset တွေလဲ ပြုလုပ်နိုင်သည်။ Huawei Device များတွင် CWM တင်ထားသည့်အတွက် Official ROM ( Fireware ) ပြန်တင်မရဖြစ်တက်ပါသည်။ ထိုအခါ Stock Recovery ပြန်တင်ပြီးမှသာ Official ROM ( Fireware ) ကို တင်ရပါသည်။
CWM Recovery များကို မိမိ Device နှင့် ကိုက်ညီသော Recovery image ( .img ) File ကို အွန်လိုင်းမှ ရှာ၍ Fastboot Mode မှ သွင်းရပါမည်။ အခြားနည်းတစ်ခုကတော့ ROM Manager မှ သွင်းရပါသည်။ ထိုနည်းသည် မိမိ Device အတွင်းတွင် ROM Manager.apk ကို ထည့်ပြီး ထိုမှတစ်ဆင့် CWM သွင်းရပါသည်။
No comments:
Post a Comment