ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်
Showing posts with label ကူးယူဖေါ်ပြ. Show all posts
Showing posts with label ကူးယူဖေါ်ပြ. Show all posts

Monday, November 26, 2012

နှစ်သက်မိသောဒဿနစကားလုံးများ


***ကိုးဘွဲ့ရဆရာတော်၏ ဒဿနစကားများ***
၁။ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ။

၂။ ပါရမီပြည့်အောင် စောင့် မနေပါနဲ့၊ တောင်း မယူပါနဲ့၊ လုပ် ယူပါ။

၃။ မိဘကို စွမ်းနိုင်ပါလျက် မလုပ်ကျွေးဘဲ တမင်ပစ်ထားရင် ကြွေးလည်း တင်တယ်၊ လူယုတ်မာလည်း ဖြစ်တယ်။

၎။ လူကိုပဲ ညာလို့ ရမယ်၊ ကံကိုတော့ ညာလို့ မရဘူး။

၅။ ဆွေမျိုးပျက်, ဥစ္စာမွဲ , ရောဂါစွဲရုံနဲ့တော့ မငိုပါနဲ့။ အကျင့်ပျက်, ဘာသာပျက်ရင်သာ ငိုပါ။

၆။ တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ပေမယ့်၊ ပုဂံကို ကျောခိုင်းပြီး ပြေးရင်တော့ဘယ်တော့မှ မရောက်ဘူး မှတ်။

Sunday, November 18, 2012

ဘားကုဒ်တွေကို ဘယ်လို ဖတ်ကြမလဲ

 
လူတိုင်းဟာ ပစ္စည်းရဲ့ တံဆိပ်
ကလေးတွေကို ကြည့်ပြီး ဝယ်လေ့ရှိ
ပါတယ်။ ၄င်း ပစ္စည်းရဲ့ နောက်ကျော
ဘက်မှာ ရေးထားတဲ့ ကုဒ်ကိုတော့
ဖတ်လေ့ဖတ်ထ မရှိသလောက်ပါပဲ။ တခါတရံမှာ ပစ္စည်း ထုပ်ပိုးထားတာရဲ့ ဗူးဆိုလျှင် အောက်ခြေလောက်မှာ
 ခေါင်းလျှော်ရည်ဆိုလျှင် ဘေးမှာ စသည်ဖြင့် ဘားကုဒ်ကလေးတွေ ရှိတတ်ကြပါတယ်။


ထိုဘားကုဒ်ကလေးတွေကို ကြည့်ခြင်းအားဖြင့် ဒီပစ္စည်းဟာ ဘယ်ကလာတယ်
ဆိုတာကို သိနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးအစားတိုင်းမှာ တွေ့နိုင်မယ်လို့တော့
 သင်တွေးထားလို့ မရပါဘူး။

 ဥပမာ ဘယ်နိုင်ငံမှာ ပြုလုပ်ပြီး ဘယ်မြို့မှာ ပြုလုပ်တယ်ဆိုတာကို သင်သိနိုင်
ပါတယ်တဲ့။

ဥပမာအားဖြင့် ဂဏန်းရဲ့ ပထမ သုံးလုံးကို ကြည့်လိုက်ပါ။ အဲဒီမှာ 690, 691 or 692
 တွေနဲ့ စထားလျှင် ကျနော်တို့ရဲ့ ချစ်စွာသော ပေါက်ဖော်ကြီး တရုပ်က ထုတ်
လုပ်တာဖြစ်ပြီး ၄၇ နဲ့ စထားတယ်ဆိုလျှင်တော့ ထိုင်ဝမ်က ထုတ်တာပါ။

ဗဟုသုတ အနေနဲ့ အောက်ပါ ဘားကုဒ်ကလေးမှာကို ဖတ်ကြည့်လိုက်ပါဦး
890......MADE IN INDIA
690, 691, 692 ...တရုပ်
00 - 09 ... USA and CANADA
30 - 37 ... FRANCE
40 - 44 ... GERMANY
471 ........ Taiwan
49 .......... JAPAN
50 .......... UK

Ko Thityarai
from http://shwemyanmarmediagroup.blogspot.com/2012/11/blog-post_221.html

Thursday, October 4, 2012

ကျွန်တော်နှင့်ကော်ပီ

အဆိုတော်တစ်ယောက် အချိန်တွေ ၊ငွေတွေကုန် အပင်ပန်းခံပြီး ထုတ်ထားတဲ့ သီချင်းခွေတစ်ခွေကို သွယ်ဝှိုက်ပြီးပဲဖြစ်စေ ၊တိုက်ရိုတ်ပဲဖြစ်စေ မူပိုင်ခွင့်ကို ချိုးဖေါက်ခံရရင် အဲဒီအဆိုတော် ဘယ်လောက်များ စိတ်ထိခိုက် ခံစားရမလဲ မေးစရာမလိုပဲ သိနိုင်ပါတယ်။ ကျွန်တော်က သီချင်းတွေ သိပ်နားမထောင်ဖြစ်ပါဘူး။ ဒါမို. ကျွန်တော် ကော်ပီ သီချင်းခွေတွေ မ၀ယ်ပါဘူး။ အဲ မူရင်းလဲ မ၀ယ်ဖြစ်ပါဘူး။ ဂီတနဲ. ဝေးတဲ့သူတစ်ယောက်ဖြစ်လိုပါ။ အဲ ဒါပေမယ့် ကျွန်တော် ဗီဒီယိုဇာတ်ကားတွေတော့ အရူးအမူးကြိုက်ပါတယ်။ ၀ယ်ပြီးလဲ စုဆောင်းထား တက်ပါတယ်။ တစ်ပတ်ကို နှစ်ခါလောက် တော့ လမ်းဘေးမယ် ချရောင်းတက်တဲ့ ဆိုင်လေးတွေကို ရောက်ဖြစ်ပါတယ်။ ဒါပေမယ့် ခုတော့ ဒီဆိုင်လေးတွေ မတွေတာတောင် ကြာနေပြီပေါ့။ ဗီဒီယိုဇာတ်ကားတွေ ကြိုက်တယ်လဲ ပြောသေးတယ်။ ဘာလို. လမ်းဘေးဆိုင်လေးတွေ သွားတာလဲ။ ရှင်းပါတယ်။ ဗီဒီယိုဇာတ်ကားကြိုက်တယ်ဆိုတာ နီုင်ငံခြားဇာတ်ကားတွေ ဖြစ်လိုပေါ့။ မြန်မာဗီဒိယိုဇာတ်ကားတွေ မကြိုက်ဘူးလားလို.မေး။ အမှန်တိုင်းပဲ ၀န်ခံလိုက်မယ်။ မကြိုက်ဘူး။ လုံးဝမကြည့် တာလား။ အဲလိုတော့ မဟုတ်ဘူး။ ကျွန်တော်ထိုင်နေကြ လက်ဖတ်ရည်ဆိုင်မယ် တစ်ခါတစ်လေဖွင့်ပြထားရင် အချိန်ရရင် ကြည့်ဖြစ်ပါတယ်။ အချို. ကားတွေက ဇာတ်လမ်းဇာတ်ကွက် မယ်မယ်ရရ မရှီဘူး။ ပေါ့ပြတ်ပြတ်ဆန်လွန်းတယ်။ အချိုကားတွေကတော့ လေလုံးကြီးတွေ ပစ်လို.ပစ်။ ခေတ်တွေ ၊စရိုတ်တွေနဲ. မလိုက်ဖတ်တဲ့ ၀တ်စားဆင်ရင်ပုံတွေ မြင်ရလို.မြင်ရ။ အဆိုးဆုံးကတော့ ခုချိန်ထိမပြင်သေးတဲ့ စကားပြောခန်းဆို ကင်မရာကိုမျတ်နှာမူ ပြီးမျတ်နှာအပြည့်ရိုတ်တဲ့ ရိုတ်ချက်တွေ များနေတာတွေ ကြောင့်ပါပဲ။ တစ်ခါတစ်လေ ဇာတ်ကားထဲက ဇာတ်ကောင်အချင်းချင်းပြောနေတာလား ဒါမှမဟုတ် ကြည့်နေတဲ့ ပရိသတ်ကိုပဲ ကြည့်ပြောနေသလားတောင် ထင်ယောင်ထင်မှားဖြစ်မိပါတယ်။ ဆင်ဆာကြောင့်ပါတဲ့။ ခုဆင်ဆာတွေ အတော်အသင့် ဖြေလျော့ကုန်ပါပိ။ ဆင်ဆာတာလက်ညီုးထိုးတာပါ။ ဆင်ဆာနဲ. မဆိုင်တဲ့ ရိုတ်ချက်တွေ ၊၀တ်စားဆင်ရင်ပုံတွေ အလွဲတွေကြည့်ပါပဲ။ ခုတီဗွီကလာတဲ့ Sing fo Love ဆိုတဲ့ မြန်မာရုတ်သံဇာတ်လမ်းလေး ရိုတ်ချက်တွေ ၊အယူအဆတွေ ကောင်းလာတယ်။ ဇာတ်လမ်းဇာတ်ကွက်တော့ ဘယ်လိုနေမယ်လဲမသိဘူး ခဏတဖြုတ်ပဲကြည့်ဖြစ်တော့။
ရော်... ကျွန်တော်လည်း ရေးရင်းနဲ. လမ်းချော်ထွက်သွားပြိ။ ကျွန်တော် အဓိကရေးချင်တာက ကော်ပီအကြောင်း။ ဝေဖန်ရေးမဟုတ်ဘူး။ ကော်ပီတွေ ဖမ်းတယ်။ သိမ်းတယ်။ ဆိုင်တော်တော်များများ ပျောက်သွားကြပြိ။ ဒိဆိုင်လေးနဲ. မိသားစု စားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းက ၀င်ငွေရှာနေတဲ့ သူလေးတွေ။ အခြားဘာတွေများ ပြောင်လဲပြီး လုပ်ကိုင်စားသောက်နေကြပ။ ကျွန်တော်က ဒိလိုဆိုင်လေးတွေကို တစ်ပါတ်နှစ်ခါ လောက် ၊မရောက်ဖြစ်တောင် အနည်းဆုံးတစ်ခေါက်ပေါ့။ ဒိလိုရောက်ဖြစ်တယ်။ ဒိတော့မြင်နေ ၊သိနေတာက ၊သူတို အဓိကအားပြုရောင်းတာက နိုင်ငံခြားဇာတ်လမ်းတွဲတွေ ၊သီချင်းကော်ပီခွေကို အားပြုရောင်းနေတာ မဟုတ်ဘူး။ သီချင်းကော်ပီခွေဝယ်တဲ့ သူကလဲ တစ်ရာမှာ လေးငါးယောက် အများဆုံးပါပဲ။ အဓိကရောင်းရတာက နိုင်ငံခြားဇာတ်ကားတွေ ၊အဲနိုင်ငံခြားဇာတ်လမ်းဆိုလိုလဲ အပြာကားမဟုတ်ဘူးနော်။ သာမှန်ဇာတ်ကားတွေ။ ဒိလိုဇာတ်ကားတွေ ၀ယ်တဲ့ သူမရှီဘူးလား ရှီတာပေါ့။ ဒါပေမယ့် အရည်အတွက်က နည်းနည်းလေးပါ။ ဒိလိုအပြာကားတွေ ၊ကော်ပီသီချင်းတွေ တင်တဲ့ ဆိုင်တွေကလဲ ဆယ်ဆိုင်မယ် သုံးလေးဆိုင်လောက်ပါပဲ။ အများစုက ရိုးရိုးနိုင်ငံခြားဇာတ်ကားတွေ အားပြုတဲ့ ဆိုင်တွေပါ။
ဒီနေရာမှာပါပဲ။ ကျွန်တော် အဓိက ပြောချင်တာ။ နိုင်ငံခြားဇာတ်ကားတွေ ကော်ပီမရောင်းရဘူး ဆိုတာတော့ နည်းနည်းလေးလွဲနေသလားလို။ ဖွံ.ဖြိုးပြီး အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ တရုတ်တို. ၊အိန္ဒယတို.တောင်မှ နိုင်ငံခြားဇာတ်ကားကော်ပီတွေ ရောင်နေကြတာ။ အချိုကားတွေဆို သူတိုနိုင်ငံက ရုပ်ရှင်ရုံတွေမယ်ခိုးရိုတ်ထားတဲ့ ခွေတောင်ကြည့်နေရသေးတယ်။ ကိုယ်နိုင်ငံမှ သီချင်းခွေ ရောင်းအားမကောင်းတိုင်း ကော်ပီဆိုင် အားလုံးဖမ်းတယ်ဆိုတော့။ နည်းနည်းစဉ်းစားရခတ်နေတယ်။ ကျွန်တော်ဆို နှစ်သက်တဲ့ဇာတ်ကားဆို ခွေအရည်သွေးကောင်းတဲ့ Blue Ray ကို ၁၅၀၀ လောက်ထိတောင်ပေးဝယ်ကြည့်ပါတယ်။ ဒိနေရာမယ် သူငယ်ချင်း တစ်ယောက်ပြောတဲ့ စကားလေးကိုတောင် ပြန်အမှတ်ရတယ်။ သီချင်းခွေတွေကလဲ ကိုယ်ကြိုက်တဲ့ အဆိုတော်မိုလို မူရင်းခွေဝယ်ပါတယ်။ တစ်ပတ်လောက်ဆို ထစ်ကုန်လို. ပစ်လိုက်ရတယ်။ ဒိဈေးနဲ. ကော်ပီသုံးခွေဝယ်ရင် တစ်လလောက်တော့ နားထောင်လို. ရသေးတယ်တဲ့။ ခွေအရည်သွေးလေးကို နည်းနည်းတင်ပေးလိုက်ရင် သူများကို မူပိုင်ခွင့်မပေးပဲ သံစဉ်တွေကို မြန်မာမှုပြု ကော်ပီသိချင်းပဲဆိုဆို ၊ကိုယ်ပိုင်သံစဉ်ပဲဆိုဆို ၊ပြန်ဆိုတေးပဲဖြစ်ဖြစ် ဒိလိုပရိသတ်စစ်စစ်တွေက ကော်ပီဘယ်လောက်ရောင်းရောင်း မူရင်းကိုပဲ ၀ယ်ယူအားပေးမှာပါ။ ခုကျတော့......................
နောက်ဆုံးရေးချင်တာကတော့ အပြာကားတွေ ၊မြန်မာကော်ပီဇာတ်ကားတွေ ၊ကော်ပီသိချင်းခွေတွေကို တစ်လတစ်ခါ ပုံမှန်ရှောင်တခွင် စစ်ဆေးပြိး ထောင်ဒဏ် ၊ငွေဒဏ် တစ်ရပ်ရပ် ၊သို.မဟုတ် နှစ်ရပ်စလုံးကို ဆတ်ကြေးမယူ ၊လက်သိပ်ထိုးငွေမယူဘဲ ထိထိရောက်ရောက်အရေးယူ သလို သာမန်လက်လုပ်လက်စားများ အတွက် အနိမ့်ဆုံး ၊ဈေးအပေါဆုံး ဖျောဖြေမှုတစ်ခုနဲ. ခွင့်ပြုပေးစေချင်ပါကြောင်းဖြင့်........
အပြာကားတွေ ၊မြန်မာကော်ပီဇာတ်ကားတွေ ၊ကော်ပိသီချင်းခွေများကို ကူးယူဖြန်ချီရောင်းချ ပေးချင်းကို အားမပေးသူ။

ဖြုတ်ဦးနှောက်ကလေး ( Little Brain )
Fw Mail

Friday, September 14, 2012

သင်နဲ့သင့်ချစ်သူရဲ့ relationship ကို ပိုပြီး ခိုင်မာစေချင်ရင်

♥ သူ့အပေါ်အရမ်းမဆိုးပါနဲ့ ...

♥ ဘာအကြောင်းကြောင့်နဲ့မှ သူ့ကိုလျစ်လျူရှုမထားပါနဲ့ ...


♥ အသေးအဖွဲလေးကအစ မလိမ်မညာပါနဲ့ ...

♥ သူ့အပေါ်ပေးထားတဲ့ ကတိတွေကို မဖျက်ပါနဲ့ ...

♥ သူနဲ့ကိုယ်ကြားမှာ သံသယဆိုတာ မရှိပါစေနဲ့ ...

♥ သူ့အပေါ် တတ်နိုင်သမျှ အကောင်းမြင်ပေးပါ ...

♥ သူအကူအညီလိုတဲ့အချိန် တတ်နိုင်သမျှ ကူညီပါ ...

♥ သူ့အပေါ် ယုံကြည်မှုရှိပါ ...

♥ တစ်ဦးနဲ့တစ်ဦး Respect ရှိပါစေ ...

♥ သူနဲ့ပတ်သက်တဲ့အကြောင်းအရာတိုင်းကို စိတ်ဝင်စားမှုရှိပါစေ ...

♥ တကယ်လို့ သင့်အပေါ် သူအမှားလုပ်ခဲ့ရင်တောင် တတ်နိုင်သမျှ ခွင့်လွှတ်ပေးပါ

From _Heart Canteen
from http://www.mmitpalace.com/forum/topics/6456788:Topic:257626

အသားဖြူချင်သူများအတွက်ပိုက်ဆံမကုန်မဲ့ နည်းလေးတွေပါ

အသားဖြူတာဟာ မိန်းမတွေအတွက် လိုလားတောင်းတအပ်တဲ့ အလှအပ တစ်ခုပဲ ဖြစ်ပါတယ်။ အသားညိုတဲ့သူတွေ အတွက်တော့ အသားဖြူဝင်း လှပဖို့ဆိုတာ ဘဝအတွက် ကြိုးစားရမယ့် ပန်းတိုင် တစ်ခုလိုပါပဲ။ အသားဖြူစေတဲ့ အလှကုန်တွေ ပေါသလို အသားဖြူစေတဲ့ သဘာဝဖြစ်နည်းတွေ လည်း ရှိပါတယ်။
အသားဖြူချင်သူများ အတွက် သိသင့်သိထိုက်စရာ အဖြာဖြာကို ဖော်ပြလိုက်ရပါတယ်။သဘာဝဖြစ် အသားဖြူနည်းများ သဘာဝဖြစ် ပစ္စည်းတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေ အရင်ဖော်ပြသွားပါမယ်။ ကရိကထလည်း မများ၊ ဈေးလည်း မကုန်တဲ့ ပစ္စည်းတွေနဲ့ အများသူငါ လက်လှမ်းမီ သုံးလို့ရတာတွေကို ဦးစားပေး တင်ပြသွားမှာ ဖြစ်ပါတယ်။

ဝက်ခြံ နဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ် ရှားမယ်

ဝက်ခြံ နဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ် ရှားမယ်

ဝက် ခြံ ဆိုတာ... အဆီရယ် ချွေးရယ်.. ချေးညှော် တွေရယ် ပေါင်းပြီး ထွက်လာရတာပါ။
အဲ့ဒိတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်.....

၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။
ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန် တွေ ကနေ... ည အိပ်နေတဲ့ အချိန်မှာ
ပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့ လမ်း ဖြစ်လာတတ်လို့။

၂။ အဆီ ပြန် တတ်တဲ့ အသားအရည် ပိုင်ရှင် များက အစားအသောက် စားတဲ့အခါ အဆီအစိမ့် နဲ့ နို့ထွက် ပစ္စည်းကို ရှော့ စားပေးပါ။
တနေကုန် အလုပ် လုပ်၊ ကျောင်းသွား.. လှုပ်ရှားသွားလာနေရတဲ့ သူများ အနေနဲ့
တစ်ရှုးသန့်သန့်ကို ဆောင်ထား တတ်တဲ့ အလေ့အကျင့်လုပ်ပေးသင့်တယ်။
အဆီပြန်လာတဲ့အခါ တစ်ရှုးကို ၂ လွှာ ရှိရာကနေ တလွှာ ခွာပြီး ညင်ညင်သာသာ
သုတ်ပစ်ပြီး သန့်စင်ပေးပါ။ တစထက် တစ အဆီပြန်မှု နည်းသွားပါလိမ့်မယ်။
နောက်တခုက။ ။ ခရမ်းချဉ်သီး နဲ့ ပေါင်းတင် ပေးခြင်းက အဆီ ပြန်ခြင်းကို သက်သာ စေပါတယ်။
လွယ်လွယ်လေးနော်.....၂နည်းရှိ
တယ်။

Monday, July 23, 2012

အကိုက်အခဲပျောက်ဆေး ပါရာစီတမောလ် လိုအပ်သည်ထက် ပိုသောက်လျှင် အဆိပ်သင့် သေဆုံးနိုင်

ပါရာစီတမောလ်ဆေး ၅ဝဝ မီလီဂရမ်ဆေးပြားအား လိုအပ်သည်ထက် ပိုမိုသောက်သုံးမိပါက အဆိပ်သင့်သေဆုံးနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်ဦးစန်းထွေး က ပြောကြားသည်။
”အခြားဆေးတွေထက် ပါရာစီတမောလ်ဆေးကို လူတွေက အလွယ်တကူ ဝယ်သောက်လေ့ရှိကြတယ်။ ဒီဆေးရဲ့ အဓိကဘေးထွက်ဆိုးကျိုးက အသည်းရဲ့လုပ်ဆောင်မှု ကို တိုက်ခိုက်တာပဲ။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆေးတစ်ခါသောက်ရင် ပါရာစီတမောလ် ၅ဝဝ မီလီဂရမ် ၂ ပြားထက် ပိုမသောက်သင့်ပါဘူး”ဟု ၄င်းက ထပ်မံပြောကြားသည်။
ပါရာစီတမောလ် လွန်ကဲသည့်လက္ခဏာများမှာ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်တတ်ပြီး အဆိုးဆုံးလက္ခဏာများအဖြစ် မျက်လုံးဝါခြင်း၊ ဆီးမည်းမည်းသွားခြင်း၊ အစာအိမ်အပေါ်ပိုင်း၌ နာကျင်ခြင်းစသည့် ဝေဒနာများ ဖြစ်ပွားတတ်ပြီး နောက် ဆုံးအခြေအနေအဖြစ် အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ပါရာစီတမောလ်ဆေးများမှာ နိုင်ငံစုံမှဝင်ရောက်ပြီး ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကာ ဆေးတောင့်၊ ဆေးပြား၊ ဆေးရည်၊ စအိုတွင်းထည့်ဆေး တောင့် စသည်ဖြင့် ဆေးဝါးပုံစံအမျိုးမျိုးရှိကြောင်း သိရသည်။
”ဒီဆေးကို ပုံမှန်သောက်မယ်၊ စနစ်တကျသာသောက်မယ်ဆိုရင် ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ အဆစ်အမြစ်ရောင်၊ ခါးနာ၊ သွားကိုက်၊ အအေးမိဖျား နာတာတွေ ပျောက်ကင်းစေနိုင်ပေမယ့် ဆေးလွန်ရင်တော့ သေနိုင်ပါတယ်။ နောက်တစ်ခုက ဒီဆေးနဲ့မတည့်ဘဲ ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာတာ၊ အသက်ရှူရ တာခက်တာ၊ မျက်နှာ၊ လျှာနဲ့လည် ချောင်းစတဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းတတ်တာမျိုးလည်း တချို့ လာပြတဲ့လူနာတွေမှာ တွေ့ရတယ်”ဟု အထက်ပါဆရာဝန်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းရှိ အသက်အရွယ်ကြီးသည့် လူတချို့သည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲ၍ ပါရာစီတမောလ်ဆေးစားရင်း ဆေးစွဲသွားကာ ပဲလှော်စားသကဲ့သို့ စားနေကြ ခြင်းများကို ရှောင်ရှားသင့်ပြီး အထက်ဖော်ပြပါလက္ခဏာများ ပေါ်လာပါက မိမိသဘောနှင့် မိမိဘာသာ ဆေးသုံးစွဲနေမှုကိုရပ်ပြီး ဆရာဝန်နှင့်အမြန်ဆုံးပြသကာ ကုသမှု ခံယူသင့်ကြောင်း အထက်ပါပုဂ္ဂိုလ်က အကြံပြုပြောကြားသည်။

ချစ်ဆုဆွေ
from http://www.thithtoolwin.com/2011/11/blog-post_6801.html#.UA1Pm1E-29s

မသန့်ရှင်းသောရေကြောင့် ကူးစက်လွယ်ဝဲရောဂါ မိုးတွင်းတွင် အဖြစ်များ

မိုးရာသီတွင် အဖြစ်များသော ၀ဲရောဂါမှာ အာဟာရချို့တဲ့ချိန်နှင့် ကျန်းမာရေးချို့တဲ့ချိန်များတွင် ကျောက်ကပ်၊ နှလုံးကိုပါ ထိခိုက်နိုင်သောကြောင့် သတိပြုသင့်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း အရေပြားရောဂါကု ဆရာဝန် ကြီးများထံက သိရှိရသည်။

“၀ဲရောဂါဆိုတာ ကုတ်လို့ရှိရင် အစကတော့ အယားပြေသလိုလိုနဲ့ နောက်ကျရင် အရေပြားယောင်ရမ်းလာမယ်။ လက်ဆိပ်တက်ပြီး   ပြည်တည်နာ ဖြစ်လာမယ်။ အဲ့ဒီကနေတဆင့် တစ်ကိုယ်လုံးပျံလာပြီး အဖျားကြီးတာတို့၊ ကျောက်ကပ်တို့ကိုပါ ထိခိုက်လာနိုင်တယ်” ဟု ပါရဂူဆေးခန်းမှ အရေပြားအထူးကု ပါမောက္ခ ဒေါက်တာ မင်းဆွေ က ပြောသည်။

“၀ဲရောဂါက မသန့်ရှင်းရင် ဖြစ်တတ်တဲ့ရောဂါမို့လို့ တစ်ကိုယ်ရေသန့်ရှင်းမှုက အရေးကြီးပါတယ်။ အ၀တ်အစား အသုံး အဆောင်တွေကို    ဆပ်ပြာရည်ထဲမှာ တစ်ညစိမ်ပြီးမှ လျှော်ဖွပ်သင့်ပါတယ်။ လိမ်းဆေးနဲ့ပါတ်သက်ပြီး အထူးဂရုပြုရမှာက အရေပြားရောင်ရမ်းတာတို့၊ ပြည်တည်နာတို့ ဖြစ်နေမယ်ဆိုရင် လိမ်းဆေးတွေကို တိုက်ရိုက် မလိမ်းသင့်ဘူး။ ရေအေးကပ်ပေး အနာခြောက်လာပြီဆိုမှ ၀ဲလိမ်းဆေးတွေကို လိမ်းပေးရတယ်။ ပြီးတော့ အနာ ဖြစ်တာကြာတယ်ဆိုရင် ဆရာဝန်တွေနဲ့   ပြသင့်တယ်”ဟု ပါမောက္ခ ဒေါက်တာ မင်းဆွေ ရောဂါဖြစ်ပွားခြင်းအား ကာကွယ်နိုင်ရန် အကြံပြုပြောဆိုခဲ့သည်။

ကလေးငယ်များတွင် ၀ဲရောဂါဖြစ်ပါက ရောဂါပိုးအဆိပ်အတောက်သည် တစ်ကိုယ်လုံးပျံ့နှံ့၍ အာသီးရောင်ခြင်း၊ အဖျားတက်ခြင်း၊ ကျောက်ကပ်၊နှလုံးဖောရောင်ခြင်းစသော နောက်ဆက်တွဲရောဂါများ  ဖြစ်ပေါ်လာနိုင်ကြောင်း ကိုလည်း သိရှိရသည်။      

ဝဲရောဂါဖြစ်လျှင် အသုံးပြုနိုင်သော လိမ်းဆေးများမှာ ဆာလ်ဖာဖယောင်းချက်(Sulphur Ointment) Benzyl Benzoate 25% (Burscabe) အရည်၊ Eurax Cream လိမ်းဆေး၊ Permethrin Cream, Gammaxane အရည်စသည့် လိမ်းဆေးများ လိမ်းပေးခြင်းဖြင့် လည်းကောင်း၊ လိမ်းဆေးဖြင့် မသက်သာပါက (နှစ်ရှည်လများ ဖြစ်ပွားနေပါက) နားလည်တတ်ကျွမ်းသည့် ဆရာဝန်များနှင့် ပြသသင့်ကြောင်းကိုလည်း  သိရှိရသည်။

ယမင်း(မြစ်မခ)
by Myit Makha Mediagroup 
from http://www.thithtoolwin.com/2012/06/blog-post_3588.html#.UA1NBlE-29s

Friday, July 13, 2012

Happy July

မျတ်စေ့အေးစေဖို. ရှုခင်းလေး


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲ မြင်နေရ ပြန်ပါတယ်။

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။

နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။

Wednesday, June 27, 2012

ကွမ်းစားရာ၌ ထည့်စားသော ဆေးအချို့ကြောင့် နောက် ဆက်တွဲ ရောဂါဖြစ်ပွားမှု များပြားလာ

ကွမ်းစားရာတွင် နိုင်တီတူး၊ ဖိုးတီဖိုက် စသည့်ဆေးပြင်းများ ထည့်သွင်းစားသုံးမှု များပြား လာသောကြောင့် ကွမ်းစားခြင်း၏နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှုလည်း ပိုမိုများပြားလာကြောင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ကုဌာနမှ အငြိမ်းစားပါမောက္ခ ဌာနမှူး ဦးကိုကိုမောင်က ပြောပြခဲ့ ပါသည်။
အလားတူ ကွမ်းကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်တို့ဖြင့် မိရိုးဖလာ စားသုံးနေကြရာမှ နိုင်တီတူး၊ ဖိုးတီဖိုက်စသည့် ဆေးပြင်းများထည့်သွင်း စားသုံးလာမှုကြောင့် ခံတွင်းရောဂါ ဖြစ်ပွားမှုများသည်လည်း ယခင်ကထက် သက်တမ်း ထက်ဝက်ခန့်စော၍ ဖြစ်ပွားလာသည်ကို တွေ့ရှိလာရကြောင်း သိရသည်။
လူထု လူတန်းစားမရွေး ဈေးနှုန်း သင့်တင့်စွာဖြင့် နေရာအနှံ့ ကန့်သတ်ချက်မရှိ အလွယ်တကူ ၀ယ်ယူ စားသုံးနိုင်ခြင်းတို့ကြောင့် ကွမ်းစားသုံး မှုနှုန်းမှာလည်း နိုင်ငံ၌ မြင့်မားလျက် ရှိနေပြီး ဆယ်ကျော်သက် အရွယ်မှ စတင်၍ ကွမ်းစားသည့် အလေ့အကျင့် ရှိလာရာ ကွမ်းစားခြင်းနှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှု အခြေအနေမှာလည်း ယခင်က အသက် ၄၀ ၀န်းကျင် နောက်ပိုင်းမှသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှုများ တွေ့ရှိရသော်လည်း ယခုအခါအသက် ၂၅ နှစ်ဝန်းကျင် အရွယ်မှစ၍ ဖြစ်ပွားနေမှုများ ရှိလာကြောင်း သွားဘက်ဆိုင်ရာဆေး တက္ကသိုလ် မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုဌာနမှ အငြိမ်းစား ပါမောက္ခဌာနမှူး ဦးကိုကိုမောင်က ပြောပြခဲ့ပါသည်။
“မြန်မာ့ရိုးရာထုံး၊ ကွမ်းသီး၊ ဗမာဆေးတွေနဲ့ စားနေတာ မဟုတ်ဘဲ ပြုပြင်ထားတဲ့ ဆေးတွေနဲ့ စားသုံးနေတာ ဖြစ်တဲ့အတွက် ကန့်သတ်ချက် တွေမရှိဘဲ လွယ်လွယ်ဝယ်လို့ရနေသမျှ ကာလပတ်လုံး ကွမ်းနဲ့ပတ်သက် တဲ့ ပြဿနာတွေ နောက်ပိုင်းပိုများလာမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးအသင်း ဥက္ကဋ္ဌဦးစံရှိန် က ဆိုပါသည်။
“ကွမ်းသီးခြမ်းတွေကို ကန့်နဲ့ စိမ်လိုက်တဲ့အခါ ကွမ်းသီးကပွလာတယ်။ ပွလာတဲ့ကွမ်းသီးကို အရောင် ဖွေးပြီးလှနေအောင် ဓာတုချွတ်ဆေးတစ်မျိုးနဲ့ အရောင်ချွတ်တယ်။ ပြီးတော့ရေဆေးပြီး နေလှန်း အခြောက်ခံတယ်။ ဆေးရွက်ကြီးကိုလည်း အရက်၊ ပျားရည်တွေနဲ့ ရောစိမ်ထားပြီးတော့ နှပ်ဆေးသဘောမျိုး အသွင်ပြောင်းထားတယ်။ ထုံးကိုလည်းရေနဲ့ဖျော်၊ အပေါ်ယံရေကြည်တွေကို သွန်ပစ်ပြီး အနည်ထိုင်ကျန်ခဲ့တဲ့ ထုံးအနှစ်သားကိုမှ ပျစ်ပျစ်ဖျော်ထားတဲ့ နို့မှုန့်တွေနဲ့ ရောလိုက်တယ်။ ထုံးကို စားတဲ့အခါမှာ နို့မှုန့်တွေပါတဲ့အတွက် ထုံးသားက ဆိမ့်ဆိမ့်လေးဖြစ်နေတယ်။ ထုံးကလည်း ပြုပြင်ထားတဲ့အတွက် သဘာဝ ထုံးမဟုတ်တော့ဘူး။ ဒါ တွေတင်မကပါဘူး။ အိမ်နီးချင်း နိုင်ငံတွေကနေ တရားမ၀င်လမ်းကြောင်း တွေကတစ်ဆင့် တင်သွင်းလာကြတဲ့ နိုင်တီတူး၊ ဖိုးတီဖိုက်၊ စတားဗမာ ဆေး၊ ဆစ်ဂနယ်စတဲ့ ဆေးပြင်းတွေ ကိုလည်း ထည့်စားကြပါသေးတယ်။ ဒီဆေးတွေရဲ့သဘာဝက အလွန်ပြင်းထန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ၀င်တဲ့ပြုပြင်ထားတဲ့ ကွမ်းသီးအထုတ်လေးတွေကို ဈေးကွက်ထဲမှာ ရောင်းချနေတာတွေလည်း ရှိပါတယ်။ အဲဒါတွေအားလုံးဟာ သဘာဝကို ဆန့်ကျင်ပြီး ပြုပြင်ထားတဲ့ ဓာတုဗေဒဒြပ်ပေါင်းတွေ ဖြစ်ပါတယ်။ စားကျင့်ပါသွားရင်လည်း စွဲလမ်းစေတတ်တဲ့ အာနိသင် တွေရှိပါတယ်”ဟု ၎င်းက ဆက်လက် ပြောပြခဲ့ပါသည်။      
EMG
from http://www.thithtoolwin.com/2012/01/blog-post_538.html#.T-vlaVE-29s

ပလွေရိုး ခန္ဓာကိုယ် များအတွက် ဖြည့်စွက် အားဆေး

သာမန်အားဖြင့် လူတစ်ယောက် ဟာ အစားအသောက်များမှ လိုအပ် သော အာဟာ ရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ် များကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အလေး ချိန်တိုး၊ ကြွက်သားတွေထွက်ပြီး ထောင် ထောင်မောင်းမောင်းဖြစ်လာအောင် ကြိုးစားနေတဲ့ ပိန်ပိန်ညှောင်ညှောင် ကိုပလွေရိုးများအနေနဲ့ အာဟာရ ဓာတ်ကို အစားအသောက် များမှတင် မကဘဲ ဖြည့်စွက်အားဆေးများရဲ့ အကူအညီကို ရယူရပါမယ်။
ကယ် လိုရီနဲ့ပရိုတင်း စားသုံးမှုကို မြှင့်တင်ဖို့ အတွက် ပရိုတင်းပေါင်ဒါတွေဟာ အရေးကြီးပါတယ်။ အစာအိမ် နဲ့အူ လမ်းကြောင်းကို မသက်မသာဖြစ်စေ မှုကို မခံနိုင်ဘူး ဆိုရင်တော့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်တဲ့အခါ ပဲပုပ်၊ ပြောင်းဖူး၊ အချိုဓာတ်အတွက် ထပ် ဖြည့်ပစ္စည်းများမပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်ပါ။ အစာကြေ စေတဲ့ပစ္စည်းများပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကိုလည်းရွေးချယ်နိုင်ပါတယ်။ အခြားဖြည့်စွက်ဆေးဝါးများက တော့-(၁) Creatine (၂) Carnitine (၃) Citrulline (၄)Beta- Alanine ဖြည့်စွက်အားဆေးတို့ပဲ ဖြစ်ပါတယ်။ ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့်တိုင်ပင်ပြီး ဆေး ညွှန်းအတိုင်းသောက်သုံးရမှာ ဖြစ်ပါ တယ်။ဒါပေမယ့်အထက်ပါဆေးဝါးတွေ ဟာ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အလေးမခြင်းတို့ကို အစားမထိုးနိုင် ပါဘူး။ အထောက်အကူသာ ပြုပေး နငို ပ်ါတယ။်
 
ဇင်မာမြင့် 
Ref :  Yahoo
from http://www.thithtoolwin.com/2012/05/blog-post_4930.html#.T-vZ4FE-29s

ပီပီဒီပါဝင်သည့် ဆံပင်ဆိုးဆေးများကြောင့် ကင်ဆာရောဂါများဖြစ်စေနိုင်

ပီပီဒီပါဝင်သည့်ဆံပင်ဆိုးဆေးများကြောင့် ကင်ဆာရောဂါများဖြစ်စေနိုင်ကြောင်း FAME Pharmeceutical မှ မန်နေဂျင်းဒါရိုက်တာ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာခင်မောင်လွင်က ပြောသည်။

ဆံပင်ဆိုးဆေးများတွင် ထည့်သွင်းထားသော ပီပီဒီဓာတုဗေဒပစ္စည်းသည် ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာနှင့် လည်ပင်း၊ပေါင်ခြံ စသည့်နေရာများတွင် အကျိတ်များကြီးထွားသည့် ကင် ဆာစသည့်ရောဂါများ ဖြစ်စေနိုင်ကြောင်း သိရသည်။

" ဆံပင်မှာဆေးဆိုးတာကို ဘာကြောင့် ဆီးအိမ်တို့၊ ရင်သားတို့စတဲ့နေရာတွေဖြစ်တဲ့ ကိုယ်ခန္ဓာတွင်းမှာ ဖြစ်တယ်ဆိုတာက မေးစရာဖြစ်လာပါပြီ။ ဒီနေရာတွေမှာဖြစ်တယ်ဆိုတာက ဆံပင်ဆိုတာအမျှင်လေးလို့ ထင်ရ ပေမယ့် အတွင်းမှာ အခေါင်းပေါက်ရှိတယ်။ ဆံပင်အရင်းမှာ သွေးကြောရှိတယ်။ ဒီတော့ ကိုယ့်ခေါင်းမှာဆိုး လိုက်တဲ့ ဆေးက ပီပီဒီပါတယ်ဆိုရင် ဒီဆေးတွေက ဆံပင်ကနေတစ်ဆင့် ခန္ဓာကိုယ်တွင်းကို ၀င်ရောက်သွားတဲ့ အတွက် ကင်ဆာရောဂါတွေဖြစ်စေတာပါ" ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။

ဆံပင်ဆိုးဆေးများနှင့် ပတ်သက်ပြီး သိရှိစေသည့်အချက်များကို ဒီဇင်ဘာ ၂၈ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် Doori Cosmetics မှထုတ်လုပ်သည့် ဒေါင်ဂျီမိုရီခေါင်းလျှောက်ရည် မိတ်ဆက် ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဆံပင်ဆိုးဆေးများတွင် သဘာဝနည်းပညာဖြင့် သစ်သီး၊ သစ်ပင်များထုတ်လုပ် ထားသော ကုန်ပစ္စည်းများသည် အန္တရာယ်မရှိကြောင်း သိရသည်။

ဓာတုဗေဒပစ္စည်းကို သုံးမျိုးသုံးစားထုတ်လုပ်ထားကြောင်း၊ ယင်းတို့မှာ ယာယီဆိုးဆေး၊ ကာလတိုဆိုးဆေးနှင့် ကာလရှည်ဆိုးဆေးတို့ဖြစ်ကြောင်း၊ ကာလရှည်ဆိုးဆေးများတွင် ပါဝင်သည့် ဓာတု ပစ္စည်းများကြောင့်လည်း ဓာတ်မတည့်မှုများဖြစ်စေနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းမ် 
from http://www.thithtoolwin.com/2012/01/blog-post_9928.html#.T-vaMVE-29s

ပူပြင်းသော ရာသီအတွင်း အရက်၊ ဘီယာ သောက်သုံးခြင်းက ဦးနှောက်ဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင်

ပူပြင်းသော ရာသီတွင် အရက်၊ ဘီယာများသောက်သုံးခြင်းသည် ဦးနှောက်ပိုင်းဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင်သည့်အတွက်  အရက်၊ဘီယာများ သောက်သုံးခြင်းကို ရှောင်သင့်ကြောင်း ကျမ်းမာရေးဝန်ထမ်းများက ဆိုသည်။   
 
“ အရက်တွေ ဘီယာတွေက ခန္ဒာကိုယ်တွင်းကို ပူစေပါတယ်။ အရက်သေစာသောက်စားထားတဲ့အထဲ ရာသီအပူချိန်တွေမြင့်တက်လာပြီး  ဦးနှောက်သွေးကြောပြတ်တာတွေ၊ ဦးနှောက်ရောင် ရမ်းတာတွေ ဖြစ်နိုင်ပါတယ် ဒါ့ကြောင့် တတ်နိုင်ရင်  ပူပြင်းတဲ့နေ့လည်ပိုင်းအချိန်မှာအရက်သေစာ တွေကို သောက်စားပြီး ရေပက်ခံမထွက်သင့်ပါဘူး” ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှအထွေထွေရောဂါကုဆရာဝန် ဒေါ်စန်းသီတာအောင်က ပြောသည်။     
 
သင်္ကြန်ကာလတွင် အရက်၊ ဘီယာများသောက်သုံးမှုသည် ဦးနှောက်နှင့်ဆိုင်သော ရောဂါများဖြစ်ပေါ် စေနိုင်သောကြောင့် အရက်၊ဘီယာ ရောင်းချမှုများအား တားမြစ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။  
 
အရက်၊ ဘီယာများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ရောင်းချခြင်း၊ ရေကစားမဏ္ဍပ်များအနီးနှင့် အခြားနေရာများတွင် တရားမ၀င်ရောင်းချမှုများမပြုလုပ်ရန် တားမြစ်ကြောင်းကို ဧပြီလ (၁၀) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။  
 
“ဒါက ဥပဒေရှိပြီးသားတော့ မဟုတ်ပါဘူး ။ သင်္ကြန်ကာလမှာ  ဒေသန္တာရနဲ့ အာဏာပိုင်အဖွဲ့ရဲ့  ထုတ်ပြန်ထား တဲ့ စည်းကမ်းချက်ပါ။ အရက်၊ဘီယာတွေ တရားမ၀င်ရောင်းချတာတွေကို လိုက်လံတားမြစ်ပြီးတော့ အဲ့ဒီ အရက်၊ဘီယာတွေအပြင် မူးယစ်ဆေးဝါးတွေပါ ပါလာရင်တော့ ထိရောက်စွာ အရေးယူသွားမှာပါ။ပြီးတော့ သင်္ကြန်ရက်မှာ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင် မူးယစ်ရမ်းကားမှုတွေကိုတော့  ထိန်းချုပ်မှုတွေ ပြုလုပ်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြန်ကြားရေးဌာနမှ ဦးစောသိန်းဝင်းက ပြောသည်။  
 
အရက်နှင့် ဘီယာများမှာ သင်္ကြန်ကာလတွင် အမျိုးသားများသာမက အမျိုးသမီး ၊လူငယ်လူရွယ်များပါ သောက်သုံးလာကြကြောင်းသိရှိရသည်။   

ယမင်း(မြစ်မခ) 
by Myit Makha Mediagroup on 10 Apr, 2012
from http://www.thithtoolwin.com/2012/04/blog-post_7002.html#.T-vaTVE-29s

ဂေါက်ရောဂါသည်များ အတွက် အစားအစာများ

Gout ရောဂါကို ခံစားနေရသူများ ဟာ ခံစားရသောဝေဒနာ များသက် သာစေရန် လူနေမှုစရိုက်များကို ပြောင်းလဲပေးခြင်းသည် အဓိကကျ ကြောင်း အရိုးအထူး ကုဆရာဝန် များ က အကြံပေးကြ ပါတယ်။ သန့်ရှင်း လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီနည်း သော နို့ထွက်ပစ္စည်းများ၊ အစေ့ အဆန်များကို ညီညွတ်မျှတ စွာစား သောက်ခြင်းဖြင့် ဝေဒနာများကို သက်သာစေနိုင်ကြောင်း သိရပါ တယ်။ အရေးကြီးသည့် အချက်များမှာ ပြုပြင်စီမံထားသော အစားအစာနှင့် ဖျော်ရည်များတွင် ပါဝင်သော Fractose Corn syrup စား သောက်မှုပမာဏကို ကန့်သတ်ထားရ မှာဖြစ်ပါတယ်။ Purine ဒြပ်ပေါင်း ကြွယ်ဝသော အစား အစာများ၊ အနီရောင်အသားများ၊ ဘီယာနှင့် Shellfish စားသောက်ခြင်း ကိုလည်း အကန့်အသတ်နှင့်သာ စားသောက်ရ မှာဖြစ်ကြောင်း သိရပါတယ်။
 
ဇင်မာမြင့် Ref :  UPI
from http://www.thithtoolwin.com/2012/05/blog-post_2238.html#.T-vaQFE-29s

Tuesday, June 12, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်





 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တည်နေရာ

မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအကြား အာရှတိုက်၏အရှေ့ တောင် ပိုင်းရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် တည်ရှိသည်။ အရှေ့ မြောက်ဘက်တွင် တရုပ်ပြည်သူ့ သမ္မတနိုင်ငံ (၁၃၈၄ မိုင်)၊ အရှေ့ ဘက်တွင် လာအိုနိုင်ငံ (၁၄၆ မိုင်)၊ အရှေ့ တောင်ဘက်တွင် ထိုင်းနိုင်ငံ(၁၃၀၄ မိုင်) ၊ အနောက်ဘက်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ (၁၆၉ မိုင်)နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ (၉၀၃ မိုင်)တို့နှင့် နယ်နမိတ် ထိစပ်နေသည်။

အကျယ်အ၀န်း
မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၂၀၀၀ (၆၇၈ ၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ အရှေ့ တောင်အာရှတွင် အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး နိုင်ငံများထဲတွင် အမှတ်စဉ် ၄၀ မြောက် အကြီးဆုံးဖြစ်သည်။ အဓိကတောင်တန်းကြီး ၃ ခုရှိသည် ပဲခူးရိုမတောင်တန်း၊ ရခိုင်ရိုးမတောင်တန်းနှင့် ရုမ်းတောင်တန်းတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင်များပေါ်များသည် ထိုထဲမှ အထင်ကရမြစ်ကြီးများမှာ ဧရာဝတီမြစ်၊ ချင်းတွင်မြစ်နှင့် စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ဖြစ်သည်။

အမြင့်ဆုံးတောင်
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်သည် အမြင့် ၅၈၈၁ မီတာ (ပေ ၁၉၂၉၀) ခန့် မြင့်မားသည်။

အရှည်ဆုံးမြစ်
ဧရာဝတီမြစ်သည် မိုင်းပေါင်း ၁၃၅၀ (၂၁၇၀ ကီလိုမီတာ) ရှည်လျားသည်။

လွတ်လပ်ရေးနေ့
ဇန္န၀ါရီလ ၄ ရက်၊ေ၉၄၈ ခုနှစ် နံနက် ၄း၂၀ အချိန်တွင် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။

ရာသီဥတု
နွေ၊ မိုး၊ ဆောင် ဟူ၍ သုံးမျိုးရှိပါသည်။
နွေရာသီ - ဖေဖေါ်ဝါရီ မှ မေလကုန်အထိဖြစ်သည်။
မိုးရာသီ - ဇွန်လမှ စက်တင်ဘာလကုန်အထိ ဖြစ်သည်။
ဆောင်းရာသီ - အောက်တိုဘာလမှ ဇန္န၀ါရီလကုန်အထိဖြစ်သည်။

ကိုးကွယ်မှု
ထေရ၀ါဒ ဗုဒ္ဒဘာသာနိုင်ငံဖြစ်သည်။ အခြားဘာသာများကို ကိုးကွယ်သူများလည်း နေထိုင်သည်။ ဗုဒ္ဒဘာသာ ၈၉ %၊ ခရစ်ယန်ဘာသာ ၄ %၊ မူဆလင်ဘာသာ ၄ % နှင့် အခြား ကိုးကွယ်သည့်ဘာသာဝင် ၃ % ရှိသည်။( ၂၀၀၆ ခုနှစ်စာရင်းဖြစ်သည်။)

နိုင်ငံတော်အလံ

နိုင်ငံတော် အလံတွင် အ၀ါရောင် ၊ အစိမ်းရောင် နှင့် အနီရောင် တို့ အောက်ခံအဖြစ် ပါရှိခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြုခဲ့သော သုံးရောင်ခြယ် အလံကို အလေးအမြတ်ပြု ဖော်ညွန်းခြင်း ဖြစ်သည်။

အလံတော်ရှိ အ၀ါရောင်သည် စည်းလုံးခြင်း ၊ ညီညွတ်ခြင်း ၊ ဥာဏ်ပညာကြီးမားခြင်း ၊ ပျော်ရွင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံး ညီညွတ်မှုရှိခြင်း ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

အလံတော်ရှိ အစိမ်းရောင်သည် မြေဆီသြဇာ ကြွယ်ဝခြင်း ၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာပြီး စိမ်းလန်းစိုပြည်သည့် နိုင်ငံ ဖြစ်သည်ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

အလံတော်ရှိ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း ၊ ဖြောင့်မတ်မှန်ကန်ခြင်း ၊ ဂရုနာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

နိုင်ငံတော်သီချင်း
ကမ္ဘာမကြေ သီချင်းဖြစ်သည်။ ၀ိုင်အမ်ဘီဆရာတင် ရေးစပ်ခဲ့ခြင်းဖြစ်သည်။

ရုံးသုံးစာ
အဓိကမြန်မာစာကိုသုံးသည်။နိုင်ငံခြားဘာသာစကားအတွက့် အင်္ဂလိပ်စာကို အသုံးပြုသည်။

ငွေကြေး
ကျပ်ငွေကို အသုံးပြုသည်။ ၁ ကျပ်တွင် ပြား ၁၀၀ ပါရှိသည်။ ယနေ့ အမြင့်ဆုံး ငွေစက္ကူမှာ ကျပ် ၁၀,၀၀၀ တန် ဖြစ်သည်။

စံတော်ချိန်
ကမ္ဘာ့စံတော်ချိန်နှင့် (+ ၆.၃၀) နာရီကွားသည်။

နိုင်ငံတကာ Code
နိုင်ငံတကာ Code မှာ ၉၅ (95) ဖြစ်သည်။

ကမ္ဘာ့အသင်းဝင်
၁၉၄၈ ခုနှစ် ဧပြီလ တွင် ၅၈ နိုင်ငံမြောက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ ဝင် နိုင်ငံဖြစ်လာသည်။





မြန်မာတို့၏ ပထမဆုံးများ

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ်
ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)
၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း
၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်
၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်
၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်
၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်
၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)
၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)
၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင် ၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)
၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း
၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်
၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်
၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)
၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု
၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ
၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)
၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 
၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်

အားလုံးကိုလေးစားလျက်...

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။











Template by : kendhin x-template.blogspot.com