အဆိုတော်တစ်ယောက် အချိန်တွေ ၊ငွေတွေကုန် အပင်ပန်းခံပြီး
ထုတ်ထားတဲ့ သီချင်းခွေတစ်ခွေကို သွယ်ဝှိုက်ပြီးပဲဖြစ်စေ ၊တိုက်ရိုတ်ပဲဖြစ်စေ
မူပိုင်ခွင့်ကို ချိုးဖေါက်ခံရရင် အဲဒီအဆိုတော် ဘယ်လောက်များ စိတ်ထိခိုက် ခံစားရမလဲ
မေးစရာမလိုပဲ သိနိုင်ပါတယ်။ ကျွန်တော်က သီချင်းတွေ သိပ်နားမထောင်ဖြစ်ပါဘူး။ ဒါမို.
ကျွန်တော် ကော်ပီ သီချင်းခွေတွေ မ၀ယ်ပါဘူး။ အဲ မူရင်းလဲ မ၀ယ်ဖြစ်ပါဘူး။ ဂီတနဲ.
ဝေးတဲ့သူတစ်ယောက်ဖြစ်လိုပါ။ အဲ ဒါပေမယ့် ကျွန်တော် ဗီဒီယိုဇာတ်ကားတွေတော့
အရူးအမူးကြိုက်ပါတယ်။ ၀ယ်ပြီးလဲ စုဆောင်းထား တက်ပါတယ်။ တစ်ပတ်ကို နှစ်ခါလောက် တော့
လမ်းဘေးမယ် ချရောင်းတက်တဲ့ ဆိုင်လေးတွေကို ရောက်ဖြစ်ပါတယ်။ ဒါပေမယ့် ခုတော့
ဒီဆိုင်လေးတွေ မတွေတာတောင် ကြာနေပြီပေါ့။ ဗီဒီယိုဇာတ်ကားတွေ ကြိုက်တယ်လဲ
ပြောသေးတယ်။ ဘာလို. လမ်းဘေးဆိုင်လေးတွေ သွားတာလဲ။ ရှင်းပါတယ်။
ဗီဒီယိုဇာတ်ကားကြိုက်တယ်ဆိုတာ နီုင်ငံခြားဇာတ်ကားတွေ ဖြစ်လိုပေါ့။
မြန်မာဗီဒိယိုဇာတ်ကားတွေ မကြိုက်ဘူးလားလို.မေး။ အမှန်တိုင်းပဲ ၀န်ခံလိုက်မယ်။
မကြိုက်ဘူး။ လုံးဝမကြည့် တာလား။ အဲလိုတော့ မဟုတ်ဘူး။ ကျွန်တော်ထိုင်နေကြ
လက်ဖတ်ရည်ဆိုင်မယ် တစ်ခါတစ်လေဖွင့်ပြထားရင် အချိန်ရရင် ကြည့်ဖြစ်ပါတယ်။ အချို.
ကားတွေက ဇာတ်လမ်းဇာတ်ကွက် မယ်မယ်ရရ မရှီဘူး။ ပေါ့ပြတ်ပြတ်ဆန်လွန်းတယ်။
အချိုကားတွေကတော့ လေလုံးကြီးတွေ ပစ်လို.ပစ်။ ခေတ်တွေ ၊စရိုတ်တွေနဲ. မလိုက်ဖတ်တဲ့
ဝတ်စားဆင်ရင်ပုံတွေ မြင်ရလို.မြင်ရ။ အဆိုးဆုံးကတော့ ခုချိန်ထိမပြင်သေးတဲ့
စကားပြောခန်းဆို ကင်မရာကိုမျတ်နှာမူ ပြီးမျတ်နှာအပြည့်ရိုတ်တဲ့ ရိုတ်ချက်တွေ
များနေတာတွေ ကြောင့်ပါပဲ။ တစ်ခါတစ်လေ ဇာတ်ကားထဲက ဇာတ်ကောင်အချင်းချင်းပြောနေတာလား
ဒါမှမဟုတ် ကြည့်နေတဲ့ ပရိသတ်ကိုပဲ ကြည့်ပြောနေသလားတောင်
ထင်ယောင်ထင်မှားဖြစ်မိပါတယ်။ ဆင်ဆာကြောင့်ပါတဲ့။ ခုဆင်ဆာတွေ အတော်အသင့်
ဖြေလျော့ကုန်ပါပိ။ ဆင်ဆာတာလက်ညီုးထိုးတာပါ။ ဆင်ဆာနဲ. မဆိုင်တဲ့ ရိုတ်ချက်တွေ
၊၀တ်စားဆင်ရင်ပုံတွေ အလွဲတွေကြည့်ပါပဲ။ ခုတီဗွီကလာတဲ့ Sing fo Love ဆိုတဲ့
မြန်မာရုတ်သံဇာတ်လမ်းလေး ရိုတ်ချက်တွေ ၊အယူအဆတွေ ကောင်းလာတယ်။ ဇာတ်လမ်းဇာတ်ကွက်တော့
ဘယ်လိုနေမယ်လဲမသိဘူး ခဏတဖြုတ်ပဲကြည့်ဖြစ်တော့။
ရော်... ကျွန်တော်လည်း ရေးရင်းနဲ. လမ်းချော်ထွက်သွားပြိ။ ကျွန်တော် အဓိကရေးချင်တာက ကော်ပီအကြောင်း။ ဝေဖန်ရေးမဟုတ်ဘူး။ ကော်ပီတွေ ဖမ်းတယ်။ သိမ်းတယ်။ ဆိုင်တော်တော်များများ ပျောက်သွားကြပြိ။ ဒိဆိုင်လေးနဲ. မိသားစု စားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းက ၀င်ငွေရှာနေတဲ့ သူလေးတွေ။ အခြားဘာတွေများ ပြောင်လဲပြီး လုပ်ကိုင်စားသောက်နေကြပ။ ကျွန်တော်က ဒိလိုဆိုင်လေးတွေကို တစ်ပါတ်နှစ်ခါ လောက် ၊မရောက်ဖြစ်တောင် အနည်းဆုံးတစ်ခေါက်ပေါ့။ ဒိလိုရောက်ဖြစ်တယ်။ ဒိတော့မြင်နေ ၊သိနေတာက ၊သူတို အဓိကအားပြုရောင်းတာက နိုင်ငံခြားဇာတ်လမ်းတွဲတွေ ၊သီချင်းကော်ပီခွေကို အားပြုရောင်းနေတာ မဟုတ်ဘူး။ သီချင်းကော်ပီခွေဝယ်တဲ့ သူကလဲ တစ်ရာမှာ လေးငါးယောက် အများဆုံးပါပဲ။ အဓိကရောင်းရတာက နိုင်ငံခြားဇာတ်ကားတွေ ၊အဲနိုင်ငံခြားဇာတ်လမ်းဆိုလိုလဲ အပြာကားမဟုတ်ဘူးနော်။ သာမှန်ဇာတ်ကားတွေ။ ဒိလိုဇာတ်ကားတွေ ၀ယ်တဲ့ သူမရှီဘူးလား ရှီတာပေါ့။ ဒါပေမယ့် အရည်အတွက်က နည်းနည်းလေးပါ။ ဒိလိုအပြာကားတွေ ၊ကော်ပီသီချင်းတွေ တင်တဲ့ ဆိုင်တွေကလဲ ဆယ်ဆိုင်မယ် သုံးလေးဆိုင်လောက်ပါပဲ။ အများစုက ရိုးရိုးနိုင်ငံခြားဇာတ်ကားတွေ အားပြုတဲ့ ဆိုင်တွေပါ။
ဒီနေရာမှာပါပဲ။ ကျွန်တော် အဓိက ပြောချင်တာ။ နိုင်ငံခြားဇာတ်ကားတွေ ကော်ပီမရောင်းရဘူး ဆိုတာတော့ နည်းနည်းလေးလွဲနေသလားလို။ ဖွံ.ဖြိုးပြီး အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ တရုတ်တို. ၊အိန္ဒယတို.တောင်မှ နိုင်ငံခြားဇာတ်ကားကော်ပီတွေ ရောင်နေကြတာ။ အချိုကားတွေဆို သူတိုနိုင်ငံက ရုပ်ရှင်ရုံတွေမယ်ခိုးရိုတ်ထားတဲ့ ခွေတောင်ကြည့်နေရသေးတယ်။ ကိုယ်နိုင်ငံမှ သီချင်းခွေ ရောင်းအားမကောင်းတိုင်း ကော်ပီဆိုင် အားလုံးဖမ်းတယ်ဆိုတော့။ နည်းနည်းစဉ်းစားရခတ်နေတယ်။ ကျွန်တော်ဆို နှစ်သက်တဲ့ဇာတ်ကားဆို ခွေအရည်သွေးကောင်းတဲ့ Blue Ray ကို ၁၅၀၀ လောက်ထိတောင်ပေးဝယ်ကြည့်ပါတယ်။ ဒိနေရာမယ် သူငယ်ချင်း တစ်ယောက်ပြောတဲ့ စကားလေးကိုတောင် ပြန်အမှတ်ရတယ်။ သီချင်းခွေတွေကလဲ ကိုယ်ကြိုက်တဲ့ အဆိုတော်မိုလို မူရင်းခွေဝယ်ပါတယ်။ တစ်ပတ်လောက်ဆို ထစ်ကုန်လို. ပစ်လိုက်ရတယ်။ ဒိဈေးနဲ. ကော်ပီသုံးခွေဝယ်ရင် တစ်လလောက်တော့ နားထောင်လို. ရသေးတယ်တဲ့။ ခွေအရည်သွေးလေးကို နည်းနည်းတင်ပေးလိုက်ရင် သူများကို မူပိုင်ခွင့်မပေးပဲ သံစဉ်တွေကို မြန်မာမှုပြု ကော်ပီသိချင်းပဲဆိုဆို ၊ကိုယ်ပိုင်သံစဉ်ပဲဆိုဆို ၊ပြန်ဆိုတေးပဲဖြစ်ဖြစ် ဒိလိုပရိသတ်စစ်စစ်တွေက ကော်ပီဘယ်လောက်ရောင်းရောင်း မူရင်းကိုပဲ ၀ယ်ယူအားပေးမှာပါ။ ခုကျတော့......................
နောက်ဆုံးရေးချင်တာကတော့ အပြာကားတွေ ၊မြန်မာကော်ပီဇာတ်ကားတွေ ၊ကော်ပီသိချင်းခွေတွေကို တစ်လတစ်ခါ ပုံမှန်ရှောင်တခွင် စစ်ဆေးပြိး ထောင်ဒဏ် ၊ငွေဒဏ် တစ်ရပ်ရပ် ၊သို.မဟုတ် နှစ်ရပ်စလုံးကို ဆတ်ကြေးမယူ ၊လက်သိပ်ထိုးငွေမယူဘဲ ထိထိရောက်ရောက်အရေးယူ သလို သာမန်လက်လုပ်လက်စားများ အတွက် အနိမ့်ဆုံး ၊ဈေးအပေါဆုံး ဖျောဖြေမှုတစ်ခုနဲ. ခွင့်ပြုပေးစေချင်ပါကြောင်းဖြင့်........
အပြာကားတွေ ၊မြန်မာကော်ပီဇာတ်ကားတွေ ၊ကော်ပိသီချင်းခွေများကို ကူးယူဖြန်ချီရောင်းချ ပေးချင်းကို အားမပေးသူ။
ဖြုတ်ဦးနှောက်ကလေး ( Little Brain )
Fw Mail

No comments:
Post a Comment