Gout ရောဂါကို ခံစားနေရသူများ ဟာ ခံစားရသောဝေဒနာ များသက် သာစေရန်
လူနေမှုစရိုက်များကို ပြောင်းလဲပေးခြင်းသည် အဓိကကျ ကြောင်း အရိုးအထူး
ကုဆရာဝန် များ က အကြံပေးကြ ပါတယ်။ သန့်ရှင်း လတ်ဆတ်သော သစ်သီးဝလံများ၊
ဟင်းသီးဟင်းရွက်များ၊ အဆီနည်း သော နို့ထွက်ပစ္စည်းများ၊ အစေ့ အဆန်များကို
ညီညွတ်မျှတ စွာစား သောက်ခြင်းဖြင့် ဝေဒနာများကို သက်သာစေနိုင်ကြောင်း သိရပါ
တယ်။ အရေးကြီးသည့် အချက်များမှာ ပြုပြင်စီမံထားသော အစားအစာနှင့်
ဖျော်ရည်များတွင် ပါဝင်သော Fractose Corn syrup စား သောက်မှုပမာဏကို
ကန့်သတ်ထားရ မှာဖြစ်ပါတယ်။ Purine ဒြပ်ပေါင်း ကြွယ်ဝသော အစား အစာများ၊
အနီရောင်အသားများ၊ ဘီယာနှင့် Shellfish စားသောက်ခြင်း ကိုလည်း
အကန့်အသတ်နှင့်သာ စားသောက်ရ မှာဖြစ်ကြောင်း သိရပါတယ်။
ဇင်မာမြင့် Ref : UPI
from http://www.thithtoolwin.com/2012/05/blog-post_2238.html#.T-vaQFE-29s



Mandalay Time
























No comments:
Post a Comment