ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Sunday, July 19, 2015

About Android

Android ဆိုတာ ဘာလဲ။
     Android ကို စတင်လေ့လာဖို. ကြိုးစားနေသူများအနေနှင့် အများပြောနေကြသည့် Bootloader, Firmware, ADB, Stock ROMs, Custom ROMs, OS Kernel, Flashing, Rooting, Baseband စသည်ဖြင့် စာလုံး အထူးအဆန်းများကို တွေ.ရ၍ လေ့လာချင်စိတ် ကုန်သွားတက်သလို၊ တစ်လုံးစီနှင့် သူတို၏ သိးသန့် အလုပ်လုပ်ပုံကို အတိအကျမသိလျှင် နာမည်သာ ခေါ်တက်ပေမယ့် အနှစ်သာရမဲ့နေသလိုဖြစ်နေပေလိမ့်မည်။ တစ်ကယ်လေ့လာသူတွေ အနေဖြင့်လည်း သူတို၏ အဓိပ္ပါယ်၊ အသုံးဝင်ပုံ၊ အသေးစိတ်အလုပ်လုပ်ပုံတို.ကို သေချာသိထားသင့်ပါသည်။ တစ်ကယ့် ပညာရှင် အဆင့်တက်လှမ်းချင်သူများ အနေဖြင့် Open Source ဖြင့်သည့် Android ကို မည်သူမဆို ဒေါင်းယူပြီး စိတ်ကြိုက် ဖြတ်နိုင် ပြင်နိုင်ယူနိုင်ပြီး မိမိနှင့် အသင့်တော်ဆုံး OS တစ်ခုဖြစ်သည် အထိ ပြုပြင်ယူနိုင်သည်။

Bootloader
     Bootloader ဆိုသည်မှာ OS ( Operation System ) မစတင်ခင် အလုပ်လုပ်သည့် Code အစိတ်အပိုင်းလေး တစ်ခုဖြစ်သည်။ Bootloader ထဲတွင် OS Kernal ကို စတင်အလုပ်လုပ်အောင် ခေါ်ယူပေးမည့် ညွန်ကြားချက်များ ပါဝင်သည်။ Bootloader သည် Internal Momery အတွင်းတွင် ရှိသော Partition များအားလုံး၏ ပထမဆုံး Partition တွင် ရှိသည်။ အခြား Partition တွေ အားလုံးသို. သွားမည့် Check Point လဲဖြစ်သည်။
     Power စဖွင့်သည်နှင့် ROM ထဲတွင်ရှိသည့် Boot ROM Code သည် စတင်အလုပ်လုပ်ပါပြီ။ ပြီးလျှင် Bootloader ဟုခေါ်သော Boot Strap Firmware ကို နိုးပါသည်။ Boot Strap Firmware အတွင်းတွင် MBR and GRUB / LILO တို. ပါဝင်သည်။ Bootloader အလုပ် စတင်လုပ်ပြီ ဆိုသည်နှင့် init.S File စတင်အလုပ်လုပ်ပါသည်။ ပထမဆုံး BSS segment ကို 0 တန်ဖိုးရောက်အောင် သွားရှင်းပါသည်။ ထိုနောက် Main.C File ကို စခေါ်ပါသည်။ Main.C File စတင် အလုပ်လုပ်သည်နှင့် Hardware အစိတ်ပိုင်းများ ဖြစ်သည့် Clock, Board, Keypad, Console တို.ကို စတင်စေပြီး၊ Linux Tags ကို ဖန်တီးပြီး Linux Kernal Image ကို Memory ကနေ ၀င်တင်ပါသည်။
      Bootloader သည် Device တွင် ပါဝင်သော အခြားမည်သည့် Software မဆို၏ ပထမဆုံး စတင်သည့်အတွက် မှန်ကန်သည့် Processor ကို အသုံးပြုဖို. အရေးကြီးပါသည်။ Android OS သည် Open Source ဖြစ်သည့်အတွက် ဖုန်းထုတ်လုပ်သော ကုမ္ပဏိများမှ သူတို. Hardware များဖြင့် ကိုက်ညီသော Bootloader Version ကို Devolop လုပ်ထားတက်ကြပါသည်။ Android Device များတွင် ပါဝင်သော Bootloader များကို Lock ချထားတက်ကြပါသည်။ ထိုသို.လုပ်ထားခြင်းမှာ Device ထုတ်လုပ်သော ကုမ္ပဏိမှ ငှင်းတို. ထုတ်ကုန် Device ကို ငှင်းတို.၏ OS Version ဖြင့် တွဲသုံးစေချင်သောကြောင့်ဖြစ်သည်။ Bootloader ကို Lock ချထားခြင်းကြောင့် Custom ROM Install လုပ်၍မရပါ။ ထိုကြောင့် Custom ROM Install လုပ်ရန် Bootloader ကို အရင် Unlock လုပ်ရပါသည်။

OS Kernal
      Kernal ဆိုသည်မှာ Android OS တစ်ခုသည်းတွင်သာ ရှိသည်မဟုတ်ဘဲ iOS, Mac OS, Window, BlackBarry’s QNX စသည့် အခြား OS များတွင်လဲ ရှိသည်။ Hight Level Operation System အားလုံးတွင် Kernal တစ်ခုစိ ပါဝင်သည်။ Android OS သုံးသမျှ Device တိုင်း Linux Kernal ကို သုံးကြပါသည်။ သိုသော် Linux Opration System တွင် သုံးသော Kernal ဖြင့် တစ်ထပ်တည်းမတူပါ။ Android Kernal တွင် Android အတွက် သီးသန့် Build In Code များပါဝင်ပါသည်။ ထို.ကြောင့် Devoloper များနှင့် Hecker များအတွက် Android Version အသစ်များကို Android Version အဟောင်းများသို. ထည်သွင်းအသုံးပြုရန် အချိန်တော်တော်ကြာကြာ စောင့်ရပါသည်။ Gingarbread Kernal များအတွက် အသုံးပြုသော Driver များသည် Icecream, Sandwich Kernal များအတွက် အလုပ်မလုပ်ပေ။ ထိုဖြစ်စဉ်သည် အရေးကြီးပါသည်။
     Kernal ၏ အဓိကအလုပ်သည် Hardware ကို ထိန်းချုပ်ဖို. တာဝန်ယူထားပါသည်။ Kernal ကို ရေးသားသော Code များသည် တစ်ကယ်ကို များပြားပါသည်။ Kernal ၏ အဓိက တာဝန်သည် Software နှင့် Hardware နှစ်ခုအကြား နှစ်ဖတ်ညွတ်ကြားချက်များကို နားလည်အောင်လုပ်ပေးဖို. ဖြစ်သည်။ Software တစ်ခုမှ Hardware  အလုပ်တစ်ခု လုပ်စေချင်လျှင် Hardware ကို တိုက်ရိုက် အမိန်.မပေးဘဲ Kernal ကို ညွန်ကြားချက် အရင်လှမ်းပိုပေးသည်။ ဒိနေရာတွင် အလုပ်ဆိုသည်မှာ Device မှ လုပ်နိုင်သော အလုပ်အားလုံးကို ညွန်းဆိုပါသည်။ ဖုန်း Screen ချိန်ညှိခြင်း၊ အသံ အနိမ့်အမြင့်ချိန်ခြင်း၊ Redio ချိန်ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ ပုံဆွဲခြင်း၊ စသည့် အလုပ်မှန်သမျှကို Software မှ လုပ်လိုသည့် အခါ Hardware ကို တိုက်ရိုက်မခိုင်းဘဲ Kernal ကို လှမ်းခိုင်းပါသည်။ ထိုအခါ Kernal မှတစ်ဆင့် Hardware ကို လုပ်မည့်အလုပ်များကို ညွန်ကြားပါသည်။ ဥပမာ Device Camara မှ ဓါတ်ပုံရိုတ်တော့မည်ဆိုလျှင် Camara Shooting Button ကို Click လိုက်ပါက Camara Software မှ Event ကို နားထောင်းပြီး ရရှိလာသည့် Event ကို Driver မှ တစ်ဆင့် Kernal ကို ပိုမည်။ Kernal မှ ရရှိလာသည့် အချက်အလက် Command ကို Camara Hardware သို. လှမ်းပိုပေးမည်။ ထို အခါ Camara Hareware မှ ဓါတ်ပုံရိုတ်ပေးလိမ့်မည်။ ထိုသို. Software မှ Input လုပ်သည်ကို Kernal မှ ယူပြီး Output တစ်ခုအဖြစ် Hardware သို. ပြန်ပေးပါသည်။
     အကယ်၍ Kernal သာ မရှိလျှင် Devoloper များသည် အလုပ်တစ်ခုချင်းစိအတွက် အလွန်များပြားလှသော Machine Code များကို ရေးပြီး Hardware ကို ခိုင်းစေရပါမည်။ Kernal မှ ကြားခံပေးထား၍  Applications Devoloper များအနေဖြင့် Android System API’s တွေကနေ တစ်ဆင့် Kernal ဆိုသို. Request များ အလွယ်တစ်ကူ ပေးပို.ပြီး Kernal ဖြင့် ချိတ်ဆတ်အလုပ်လုပ်ဖိုရန်သာ Devolop လုပ်ရမည်သာဖြစ်ပြီး Hardware Devoloper များကလဲ သူတို Devolop လုပ်သည့် Hardware များကို Kernal ဖြင့် ဆတ်သွယ် အသုံးပြုနိုင်ရန်သာ Devolop လုပ်ပေးရန်သာ လိုတော့သည်။

CWM ( ClockWorkMod )
     CWM ဆိုသည်မှာ Clovk Work Mod ကို ခေါ်ပါသည်။ CWM ကို Android သုံး Device များတွင် Recovery လုပ်ရန် သုံးပါသည်။ CWM သုံးပြီး Recover လုပ်ခြင်းကို CWM Recovery လုပ်သည်ဟု ခေါ်ပါသည်။ CWM Recovery လုပ်ခြင်းအားဖြင့် Stock Recovery မလုပ်နိုင်သော Data ပြန်လည် သိုလှောင်ခြင်း၊ Root Access ရယူခြင်း၊ အသုံးပြုထားသော Device အတွင်းမှ Data များကို Backup လုပ်နိုင်ခြင်း၊ Custom ROM ထည့်သွင်း အသုံးပြုနိုင်ခြင်း၊ Kernal တပ်ဆင်နိုင်ခြင်း စသည်ဖြင့် လုပ်ဆောင်ချက်များ အများအပြား လုပ်လာနိုင်ပါသည်။ Android အခြေခံအဆင်ကို နားမလည်သေးသူများအတွက် Clock Work Mod ကို သုံးပြီး Recovery လုပ်ခြင်းသည် အခက်အခဲတွေနိုင်သလို CWM ၏ အစွမ်းကိုလဲ သဘောပေါက်ရန် ခတ်ခဲပေလိမ့်မည်။
     Android Device များအားလုံး Recovery Console ကို Device အတွင်းပိုင်း Memory ထဲ ထည်သွင်းပြီး ကုမ္ပဏီများမှ ထုတ်လုပ်ရောင်းချပါသည်။ Recovery Console မှ Boot တက်နိုင်ပါသည်။ အကယ်၍ မလိုလားအပ်သော ပြဿနာများတက်လာပါက Factory Reset သုံးပြီး Recover လုပ်နိုင်ပါသည်။ သို.မဟုတ် zip file ဖြင့်လာသော Official ROM ကို Update လုပ်နိုင်ပါသည်။ စသည့် နည်းပါးလှသည့် လုပ်ဆောင်ချက်များသာ လုပ်ဆောင်နိုင်ပါသည်။ Custom Recovery ကတော့ သူမတူသော လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါသည်။ Custom Recovery သည် Stock Recovery ကဲ့သို. မဟုတ်ဘဲ Stock Recovery လုပ်ဆောင်နိုင်သော လုပ်ဆောင်ချက်များသာမက Android ကို စိတ်ကြိုက်ထိန်းချုပ်နိုင်ရန်အတွက် အဆင့်မြင့်သည့် Options များပါ ပါလာပါသည်။ Custom Recovery သုံးခြင့်းဖြင့် Official ROM or Unofficial ROM များပါ Install လုပ်နိုင်သည်။ အခြား Application Update လုပ်ခြင်း၊ Themes ပြောင်းခြင်း၊ Kernal ပြောင်းခြင်း၊ zip file အသုံးပြုခြင်း၊ User Data အပါအ၀င် Partition များ အားလုံးဖျတ်နိုင်ခြင်း၊ SD Card ကို Partition ခွဲနိုင်ခြင်း၊ Dalvik Cache များ ဖျတ်နိုင်းခြင်း၊ Permission ပြောင်းလဲနိုင်ခြင်း၊ Restore နှင့် Backup တွင် စိတ်ကြိုက်အစိတ်အပိုင်းကို ရွေးချယ်နိုင်ခြင်းနှင့် အခြား အခြားသော လုပ်ဆောင်ချက်များကို စိတ်ကြိုက်လုပ်ဆောင်နိုင်လာပေမည်။
     CMW Recovery ကို Koushik Dutta က Devolop လုပ်ပါသည်။ Android ROM Manager ကို Devolop လုပ်သူတစ်ယောက်ဖြစ်သည်။ သူ၏ hacking away at Android Device ဆိုသည့် Twitter တွင် သူကို ရှာတွေ.နိုင်ပါသည်။

Firmware
     Firmware ဆိုသည်မှာ ROM ( Read Only Memory ) ထဲတွင် ထည့်သွင်းရေးထားသော Program Software တစ်ပုဒ်ဖြစ်သည်။ Window Computer များတွင် သုံးသော Window XP, Window 7, etc… စသည်တို. Install လုပ်ခြင်းနှင့် တူပါသည်။ Android Device တွင် Firmware Install လုပ်ခြင်းဆိုသည်မှာ Froyo, Gingarbread, Honey Comb, Ice Cream, Jelly Bean, Kitkat စသည့် Android Version များကို Android Device အတွင်းတွင် Install လုပ်ခြင်းသာဖြစ်သည်။ Android Device များတွင် မတူညီသော Firmware များနှင့် Installing Tool အမျိုးမျိုးရှိပါသည်။ ထို.ကြောင့် ကိုယ်နှစ်သက်သော Android Device တွင် ကိုယ်နှစ်သက်သော Firmware ကို အသုံးပြုမရနိုင်ပေ။
     ROM ဆိုသည်မှာ Read Only Memory ဖြစ်သည်။ ထိုကြောင့် Read Only ဖတ်ရုံသာရပြီး ရေးလိုမရဟု အဓိပ္ပါယ်သက်ရောက်သည်။ သို.သော် ROM အတွင်းသို. မည်သို. Firmware ကို Update လုပ်သနည်းဟု အတွေးပေါက်နိုင်ပါသည်။ သဘောတရားအရ ROM အတွင်းတွင် Firmware ရှိသည်။ နောက်ပိုင်း Devoloper များသည် ROM ၏ ပြင်ပတွင် Firmware ကို ရေးသားလာကြသည်။ Device ၏ Firmware ကို ROM ဟုလဲခေါ်သည်။ အဘယ်ကြောင့်ဆိုသော် Firmware သည် ROM ထဲတွင်ရှိသောကြောင့်ဖြစ်သည်။ အစောပိုင်းက ထုတ်လုပ်သော Device များတွင် Firmware သည် ROM အတွင်းပိုင်တွင် ရှိသည်မှန်သော်လည်း နောက်ပိုင်းတွင် Firmware ကို ROM အတွင်းတွင် မထည့်တော့ဘဲ Device ၏ Internal Flash Memory ထဲတွင် ထည့်သွင်းထားသည်။ Internal Flash Memory သည် Read Only Memory မဟုတ်သောကြောင့် Firmware အသစ်များကို ရေးနိုင်၊ ဖျတ်နိုင် လာသည်။ Flash လုပ်၍ ရလာသည်။

Flashing
     Flashing ဆိုသည်မှာ Electornic Device ဖြစ်သည့် Device အတွင်းသို. Installing လုပ်ခြင်း Firmware ထည့်သွင်းခြင်းကို ဆိုလိုသည်။ Flashing လုပ်ခြင်းသည် ROM ထဲတွင် ရှိသော Data များကို ပြန်ရေးခြင်းသာဖြစ်သည်။ Android Device များတွင် Custom ROM ကို Stock ROM အစား Flashing ( Firmware တင်းခြင်း ) လုပ်ခြင်းဖြင့် Device ထုပ်လုပ်လိုက်သော ကုမ္ပဏိ၏ Fuctions များကို ပြောင်းလဲနိုင်ပြီး ပိုမိုကောင်းမွန်သော Unlimited ၀န်ဆောင်မှုကို ရရှိလာသည်။

Rooting
     Rooting ဆိုသည်မှာ Device ကို Administar တစ်ယောက်ကဲသို. အလုံးဆုံထိန်းချုပ်နိုင်ရန် ပြုလုပ်ရသော Software ပိုင်းနည်းပညာကို ခေါ်သည်။ Android System နှင့် Hardware Layer ပေါ်တွင် ရှိသော Android Linus Kernal ကို လိုသလိုထိန်းချုပ်နိုင်မည့် အခွင့်ရေးရရန် Root Access ရယူခြင်းဖြစ်သည်။ ထိုကဲ့သို. လိုသလိုထိန်းချုပ်နိုင်ရန် လုပ်ဆောင်ခြင်းကို Root Access ရယူခြင်းယူ ခေါ်ပါသည်။ Root Access ရယူခြင်းဖြင့် Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါသည်။ Android File System အတွင်းတွင် အဓိကပါဝင်သည့် အလွာ ( Partition ) ၆ ခုကို လိုသလိုထိန်းချုပ် ပြုပြင်နိုင်မည်။ File System အတွင်းမှ တန်ဖိုးများကိုလဲ ပြုပြင်လာနိုင်မည်။ SSH ( Secure Share Protocol ) or HTTP ( Hyper Text Transfer Protocol ), DHCP ( Dynamic Host Configuration Protocol ) or DNS ( Domain Name Server ) နှင့် Proxy Server တို.ကိုလဲ အသုံးပြုလာနိုင်မည်။ Android System အတွင်းမှ ရပ်နိုင်သမျှ လုပ်ဆောင်ချက်များကို ရပ်ထားပြီး Arbitrary Commands များကိုလဲ အသုံးပြုလာနိုင်မည်။ အခြား အခြားသော လုပ်ဆောင်ချက်များကိုလဲ လုပ်ဆောင်လာနိုင်မည်။ ထိုအချက်များကြောင့် Root လုပ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ ငှင်းကို Rooting လုပ်ခြင်းဟု ခေါ်သည်။
     ထုတ်လုပ်သူများသည် ငှင်းတို၏ Device များကို ရောင်းချသောအခါ Software Restrictions များပါလာတက်ပါသည်။ ထိုကဲ့သို. Software Restrictions များ ပါလာရခြင်း အကြောင်းအမျိုးမျိုးရှိပါသည်။ အချို.သော ကုမ္ပဏိများက ငှင်းတို.ပစ္စည်းအသုံးပြုသူများအတွက် ကာကွယ်ပေးလိုသောကြောင့် Restrictions ထည့်ပါသည်။ မည်သည့်အကြောင်း ပြချက်ပဲဖြစ်ဖြစ် ကန်သန်.ချုပ်ချယ်မှုများ ပါဝင်နေသောကြောင့် Android Device User တစ်ယောက် အနေဖြင့် ပုံစံပြောင်းလဲလိုသောအခါမျိုးသော်လည်းကောင်း  သိုမဟုတ် အကြိးစားပြင်ဆင်မှုလိုအပ်သောအခါသော်လည်းကောင်း တားဆိးပိတ်ပင်နေသလိုဖြစ်နေသည်။ ထိုးအတားအဆိးကို ကျော်ဖြတ်ရန် Root Access ရယူခြင်းဖြစ်သည်။
     Rooting လုပ်ခြင်းသည် Android Device ထုတ်လုပ်သော ကုမ္ပဏီ၏ ကန်သန့်ထားသော ကန့်သက်ချက်များကို ချိုးဖေါက်ခြင်းဖြစ်သည်။

Custom ROMs and Stock ROMs
     Android Device များတွင် ROM နှစ်မျိုးရှိသည်။ Custom ROM နှင့် Stock ROM ဖြစ်သည်။ Device ကို ၀ယ်ယူလာစအချိန်မှ Device Opration System မှာ Stock ROM ဖြစ်သည်။ Stock ROM မှာ Software Restrictions များ ထည့်သွင်းထား၍ စိတ်ကြိုက် အသုံးပြု ပြုပြင်၍ မရသော ROM အမျိုးအစားဖြစ်သည်။ Custom ROM ဆိုသည်မှာ OS Version တစ်မျိုးပါပဲ။ Custom ROM ထဲတွင် Stock ROM ကဲ့သို. Android Device တစ်ခုလုံးကို အလုပ်လုပ်ပေးနိုင်သော Kernal ပါမည်၊ System Applications များပါမည်၊ Service များပါမည်။ Stock ROM နှင့်ကွာသည်မှာ စိတ်ကြိုက်တည်ဆောက်ထားသော ROM ဖြစ်ခြင်းကြောင့် အတားအဆိး အပိတ်အပင် Software Restrictions များ မပါဝင်လာတော့ပါ။ Android OS သည် Open Source ဖြစ်သောကြောင့် Devoloper များသည် Stock ROMs များကို အခမဲ့ရယူနိုင်သည်။ ပြီးလျှင် စိတ်ကြိုက် ပြုပြင်ပြောင်းလဲ ဖြတ်တောက်၍ မိမိ၏ ဥာရည်၊ မိမိ၏ လိုအပ်မှုကို စိတ်ကြိုက်ပြုပြင်ပြောင်းလဲထားသော ROM ကို Custom ROM ဟုခေါ်သည်။

ADB
     ADB ဆိုသည်မှာ Android Debug Brigde ဖြစ်သည်။ အမည်အတိုင်း ADB သည် Device ကို ပြုပြင်ရန်အတွက်  Computer နှင့် ချိတ်ဆတ်ပေးသော တံတားတစ်စင်းဖြစ်သည်။ Android Device သည် Linus Kernal ကို အခြေခံရေးသားထားသည်။ ထိုကြောင့် Computer ADB Server ကို အသုံးပြုပြီး Computer မှ Android Device ၏ ADB Client ကို Linux Commands များ ပေးပိုနိုင်ပါသည်။ Device ၏ အလုပ်လုပ်ပုံ မမှန်တော့ပါက ADB Server ဖြစ်သည့် Computer မှ ADB Client ဖြစ်သည့် Device သို. Linux Commands များပေးပို.ပြီး အလုပ်မလုပ်ဖူးသေးလျှင် မိတ်ဆွေ ADB ၏ အသုံးဝင်မှုကို ခံစားဖူးမှာ မဟုတ်ပါဘူး

Baseband
     Baseband မှာ Device တွင်အသုံးပြုသော Radio ကို ဆိုလိုသည်။

    

No comments:

Post a Comment

Template by : kendhin x-template.blogspot.com