Sony Fireware တင်ခြင်း။ ( Computer ဖြင့်သာ Fireware တင်နိုင်သည်။ )
Fireware မည်သည့် အတွက်ကြောင့် အသစ်တင်ရသနည်း။
1# Device တွင် Power ပိတ်ပြီး ပြန်ဖွင့်ပါက Logo တွင်ရပ်နေခြင်း။
2# Android Version ကို နိမ့်ချင် မြှင့်ချင်လျှင် အသုံးပြုရခြင်း။
3# Wifi, Bluetooth, Internet, Simcard error ပြခြင်း။
4# အခြား Softwares error များကို တစ်ခုချင်း မပြုပြင်တော့ပဲ အစဆုံးတစ်မျိုးတည်းဖြင့် ပြုပြင်ခြင်း စသည်ဖြင့် မည်သည့် Softwares error များကိုမဆို Firewares အသစ်ပြန်တင်ခြင်းဖြင့် ပြုပြင်ရသည်။ အထက်ပါ ၄ မျိုးထဲမှ တစ်ခုခုကြောင့် Fireware အသစ်တင်ပြီးပါက ထို Device သည် အကောင်းအတိုင်းပြန်မဖြင့်ပါက Hardware ပိုင်းသာ စစ်ဆေးရန်လိုတော့သည်။
Sony Fireware တင်မည်ဆိုလျှင် Computer တစ်လုံးလိုအပ်ပေမည်။ ထိုနောက် Computer နှင့် Device ချိတ်ဆတ်ရန် USB Cable တစ်ချောင်းလိုအပ်ပေမည်။ ထိုနောက် Computer နှင့် Device ချိတ်ဆတ်ပြီးသောအခါ Computer မှ ချိတ်ဆတ်ထားသော Device ကိုသိရန် Sony Driver Software တစ်မျိုးလိုအပ်မည်။ ထိုနောက် Device ၏ ဆိုင်ရာ Fireware File ရှိရမည်။
1# ပထမဆုံး Sony Device ကို Computer တွင် USB Cable ဖြင့်ချိတ်ဆတ်လိုက်ပါ။
2# ဒုတိယအနေဖြင့် Computer တွင် Sony Driver ရှိမရှိ စစ်ဆေးရန် Computer တွင် Run Box ကိုခေါ်လိုက်ပါ။ ( Window + R )။ ထိုနောက် Runbox တွင် ( devmgmt.msc ) cmd စာသားကို ရိုက်ထည့်ပါ။ ထိုအခါ ချိတ်ဆတ်ထားသော Device ၏ အမည်တွင် error သင်္ကေတလေးပြနေမည်။ ( Trangle အတွင်းတွင် အာမေထိတ်သင်္ကတ )
3# Driver မတွေပါက Sony Driver Software တစ်မျိုးကို Computer တွင် Install လုပ်ရမည်။ (ယခု သင်ခန်းစာတွင် Sony Flash Tool Window.exe ကို အသုံးပြုပါမည်။ ) ( ထို Flash Tool Window.exe ကို Install လုပ်စဉ် MSS ပါသော Error ပြပါက အခြား Sony Driver တစ်ခု ထက်တင်ပေးပါ။ ဥပမာ Sony Compion Driver )
4# Sony Flash Tool Window.exe ကို Computer တွင် Install လုပ်ပါ။ ( အရောင် အနေထားမှာ ပန်းရောင်ဖြစ်သည်။ )( တစ်ကြိမ် Install လုပ်ပြီးပါက ထို Computer ကို Window အသစ် ပြန်မတင်မချင်း သိုမဟုတ် sony flash tool window ကို ပြန် Uninstall မလုပ်အချင်း နောက် ထက်လုပ်ရန် မလိုတော့ပါ။ )
5# ထိုနောက် ထို sony flash tool window file ရှိသော Location ( C > Flash Tool > Driver ) Driver Folder ထဲမှ Sony Flash tool Driver ကို Install ပြုလုပ်ပါ။ ( အရောင် အနေအထားမှာ အစိမ်းရောင်ဖြစ်သည်။ )
6# ကိုယ် တင်မည့် Divece ၏ Fireware ကို Copy ကူးယူပါ။ ( Sony Fireware ၏ Extenion Format မှာ .ftf ဖြစ်သည်။)( Zip File ဖြစ်နေရင် Unzip ပြုလုပ်၍ .ftf ကိုယူပါ။ )
7# sony flash tool window file ( C > Flash Tool > Fireware ) အတွင်းမှ Fireware Folder အတွင်းသို. ကူးယူထားသော သက်ဆိုင်ရာ Fireware .ftf file ကို Paste လုပ်ပါ။
8# sony flash tool window file ( C > Flash Tool > flash tool ( မိုးကြိုး အမည်းရောင် ) ) မှ ကိုယ် Computer Type နှင့် ဆိုင်ရာ flash tool ကို ရွေး၍ Run ပါ။ flash tool and flash tool 64 ဟူ၍ ရှိရာ ဆိုင်ရာ Computer အတွက် flash tool ကို Run ပါ။ ဆိုင်ရာ flash tool ကို Desktop ပေါ်တွင် Shortcut အနေဖြင့်ထားခြင်းဖြင့် နောင် အလွယ်တကူး Run နိုင်သည်။ ( Computer Type ( Window 7 ) စစ်ဆေးရန် My Computer ကို Right Click ထောက်၍ Properties ကို ကလစ်ပါ။ ထိုထဲမှ System Type တွင် 32 bit ဆိုပါသာ ရိုးရိုး flash tool မိုးကြိုးအမည်းရောင်ကို အသုံးပြုပါ။ System Type တွင် 64 bit ဆိုပါက flash tool 64 မိုးကြိုးအမည်းရောင်ကို အသုံးပြုပါ။ ) ( Computer အများစုမှာ 32 bit သာဖြစ်သည်။ )
9# flash tool ကို Run ပြီးသောအခါ ဘယ်ဖတ် ထောင် အပေါ်ဆုံးနားမှ flash pattan ( မိုးကြိုး အမည်းရောင်လေးကို ကလစ်ပါ။
10# ထိုအခါ Mode Selection ရွေးခိုင်းပေးလိမ့်မည်။ flash mode ကို ရွေးပါ။ ( Fireware တင်ရန်ဖြစ်သည်။ )
11# ထိုအခါ တစ်ခုတည်း သိုမဟုတ် sony flash tool window > fireware folder အတွင်းမှ ကိုယ်ထည်ထားသော Fireware များပေါ်လာမည်။ ထို အခါ ဆိုင်ရာ Fireware ကို ရွေး၍ Ok ကို ကလစ်လိုက်ပါ။
12# Loading Time စောင့်ပါ။ အချိန်အနည်းငယ် ကြာတက်သည်။
13# ထို အခါ ကြိုးထိုးနေသော ပုံပေါ်လာမည်။ ဖေါ်ပြပါ စာသားများပါသော ( 1* Unplus the Device / 2* Power off the Device / 3 * Press the back key / 4* Press the USB cable )
14# ကြိုးထိုးပုံပေါ်လာလျှင် ပထမဆုံး USB ကြိုးကိုဖြုတ်ပါ။ ဒုတိယ အနေဖြင့် ဖုန်းကို ပါဝါပိတ်ပါ။ တတိယအနေဖြင့် USB ကြိုးကိုထိုးပါ။ ထိုကဲ့သို ကြိုးချိတ်စဉ်တွင် ဖုန်းအတွင်းမှ Back Key ( Secreen ပေါ်မှ Back Key မဟုတ် ) မပါပါက သို.မဟုတ် Vol Down Key ကိုဖိနှိပ်ထားပါ။ လုပ်ဆောင်ချက်များ အားလုံးမှန်ကန်ပါက အားသွင်းမီး LED မှ မီးအစိမ်းရောင် လင်းနေပေလိမ့်မည်။ flash tool software တွင်လဲ % များပြနေပေလိမ့်မည်။ 100 % ပြည့်ပါက လုပ်ဆောင်ချက် အားလုံးပြီးဆုံးပြီဖြစ်သည်။ Sony Fireware တင်ခြင်း ပြီးမြောက်သွားပေမည်။
Fireware တင်စဉ် Error ပြခြင်း။
*** flash tool software မှ အပေါ်ဆုံးစာသာသည် အနီရောင် ၂ ကြောင်းပြနေပါက flash mode မှ ပြန်စ၍ fireware ကို အစဆုံးပြန်တင်ပါ။
*** flash tool software မှ အပေါ်ဆုံးစာသားသည် အနိရောင် ၄ ကြောင်းပြနေပါက Driver သိုမဟုတ် USB Cable သို.မဟုတ် Fireware File ကို ပြန်လည် စစ်ဆေး၍ အစဆုံးပြန်တင်ကြည့်ပါ။
Sony Companion Driver
Sony Flash Tool Windon
Using Sony Flash Tool
Sony Fireware ထားရန် နေရာ။
No comments:
Post a Comment