ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Thursday, October 11, 2012

၁၅ မိနစ်ပဲအချိန်ပေးပါ

     တစ်ချိန်က ရည်ရွယ်ချက်မရှီ Blog လေးထောင်ထားတယ်။ သူငယ်ချင်း Blog လေးကို အားကျစိတ်ဖြင့်။ ခုတော့ မဟုတ်တော့ဘူး။ ရည်ရွယ်ချက်ရှိလာပြီ။ စိတ်မထင်ရင် မထင်သလို ရေးတက်တဲ့ ကလေးအဆင့် ကဗျာလေးတွေကို သူငယ်ချင်းတွေကို မျှဝေခံစေားစေချင်လာပြီ။ အဓိကကတော့ html ကို အစိမ်းသက်သက်ကနေ ကိုယ်တိုင်လေ့လာလို. ရခဲ့တာကိုပါပဲ။ သင်တန်းတွေတက်ရအောင်လဲ အရွယ်လွန်လာပြီ။ အရွယ်ကအဓိကမကျပါဘူး။ ပညာလို အိုသည်မရှီဘဲ။ ကျဉ်ပွေ. အတက်ပေါက်လို့ရတာပဲ။ ဒါကဆင်ခြေပေးရုံသက်သက်ပါပဲ။ လမ်းကြောင်းက ချော်ထွက်သွားပြန်ပြီ။
     အရင်က Html ဆိုတာ အစိမ်းသက်သက်ပါပဲ။ Blog လေးကို ရည်ရွယ်ချက်မဲ့ ထောင်ဖြစ်ပြီးကတည်းက နည်းနည်း ကြားဖူးနားဝရှိလာတာ။ Blog ကို ရည်ရွယ်ချက်မဲ့ ထောင်ခဲ့တော့ တင်စရာ Post က သိပ်မရှီဘူး။ ရေးခဲ့သမျှ ကဗျာလေးတွေ တင်ရုံလောက်ပဲ။ နောက် တင်စရာမရှိတော့ ဟိုထဲဒိထဲက ကိုယ်နှစ်သက်တာလေးတွေ ကူးတင်။ သူငယ်ချင်းတွေကို Share ချင်တာလေးတွေ ကူးတင်နဲ. အကြောင်းအရက နည်းလာတယ်။ အဲဒိမယ်ပဲ ကိုယ့် Blog လေးအတွက် Decoration တွေ Gadget တွေ လျောက်ထည့်ကတည်းက html ရေးနည်းစပြီး လေ့လာချင်စိတ်ပေါ်လာတယ်။ အင်တာနက်သုံးတက်တယ်။ အင်္ဂလိမ်စာ အနည်းအကျဉ်းတက်တယ်။ Google ကနေ ရှာလေ့လာတယ်။ Blog နည်းပညာတွေ မြန်မာလိုရေးတင်ထားတဲ့ ဆိုက်တွေ ရှာတွေလာတယ်။ ကိုယ်တိုင် Self Study လုပ်ဖြစ်လာတယ်။ အစကတော့ Code တွေကူးပြီး ကိုယ့်ဘလော့မယ် လက်တွေစမ်းတယ်။ Print ထုတ်ပြီး လေ့လာတယ်။ ဒါလေးကတော့ ဘယ်လိုရေးပြီး ဘယ်လိုဖြစ်သွားတယ် ဟိုဟာလေးကတော့ ကိုယ်ဒိလိုဖေါ်ပြချင်ရင် သုံးရတယ်။ ဒိလိုနဲ.ပဲ ဟိုနားနည်းနည်း ၊ဒိနားတစ်စိတ်နဲ. အခြေခံလောက်တော့ သိလာပြီ။ သင်တန်းမယ်သင်ပြီး သိသလို မဟုတ်တော့ စနစ်တကျမဟုတ်ပေမယ့် ကိုယ်သိလိုက်တဲ့ အသိ ၊ကိုယ်လေ့လာလိုက်တဲ့ Code တွေကိုတော့ မယ်နေရာ ၊ဘယ်လိုမျိုးသုံးရမယ်ဆိုတာ တစ်သက် မမေ့နိုင်လောက်တော့ပါဘူး။
     အွန်လိုင်းတစ်ရက် တစ်နာရီလောက်ပဲ သုံးတဲ့သူတိုင်းကို Blog လေးတစ်ခုလောက်တော့ စမ်းထောင်ကြည့်ဖို. တိုက်တွန်းချင်ပါတယ်။ သူငယ်ချင်းတွေကို မျှဝေခံစားစေချင်တဲ့ အကြောင်းအရာများတဲ့သူပဲဖြစ်ဖြစ် ၊မများတဲ့သူပဲဖြစ်ဖြစ်ပေါ့။ ဒိလို Blog Site လေးတစ်ခု ထောင်ခားခြင်းနဲ.ပဲ ကိုယ်နှစ်သက်တဲ့ စာသားတွေပဲဖြစ်ဖြစ် ၊ကဗျာတွေ ၊ဆော့လ်ဝဲလ်တွေ ၊ဘာတွေပဲဖြစ်ဖြစ် အဲ Private မဟုတ်တာတွေပေါ့။ ဘာပဲဖြစ်ဖြစ်ကူးယူသိမ်းဆဲထားလို.ရတယ်။ ဒိလိုတွေ အပြင် ကျွန်တော်လို ကိုယ်ဘလော့လေးကို အလှဆင်ရင်း html ကို လေ့လာဖြစ်လို. ပညာတစ်ခုကို အခြေခံလောက်ပဲဖြစ်ဖြစ် မနည်းပါဘူး။ ဒါမှမဟုတ် တက်ကျွမ်းသွားလို.ပဲဖြစ်ဖြစ် ၊အကျိုးမယုတ်နိုင်ပါဘူး။
     အွန်လိုင်းမယ် သတင်းတွေ ဖတ်လို.ပဲဖြစ်ဖြစ် ၊ Social Site တွေမယ် Comment တွေရေးလို ၊ဖတ်လို.ပဲဖြစ်ဖြစ် အချိန်တစ်နာရီအတွင်းထဲက ၁၅ မိနစ်လောက်ပဲ Blog အတွက် အချိန်ပေးလိုက်ပါ။ ပညာရပ်တစ်ခုကို တစ်ရက် ၁၅ မိနစ်ပဲလေ့လာပါ။ လေးနှစ်အတွင်း ပါမောက္ခတစ်ဦးလောက်ထိကို တက်ပါတယ်ဆိုတဲ့ စာတစ်ပုဒ်ကို ဖတ်ဖူးပါတယ်။ html ကို တစ်ကယ်လေ့လာဖြစ်သွားရင်း အခြား ဆတ်ဆက်နေတဲ့ Css တို. Java တိုကိုပါ ရောလေ့လာဖြစ်လာမှာပါ။ ဒိလို ကိုယ်အွန်လိုင်းသုံးနေတဲ့ အချိန်အတွင်းက ၁၅ မိနစ်လောက်ဖဲ့ပေးရင်း ၊လေ့လာရင်း တစ်ချိန်မယ် Profession တစ်ယောက်မဖြစ်လာနိုင်ဘူးလို. ဘယ်သူတပ်အပ်ပြောနိုင်မှာလဲ။ နောင်လာမယ့် နှစ်အနည်းငယ်အတွင်း ကျွန်တော်တိုနိုင်ငံမယ် IT နည်းပညာက အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးပေါ်ထွက်လာတော့မှာပါ။ ဒိအချိန်ရောက်ရင် ကိုယ်ခုပေးခဲ့ရတဲ့ ၁၅ မိနစ်အချိန်လေးတွေနဲ. ကိုယ့်ရဲ. ကြိုးစားအားထုတ်မှုတွေက သင့်အတွက် ကောင်းမွန်တဲ့ အလုပ်တစ်ခု ဖန်တီးမပေးနိုင်ဘူးလို. မပြောနိုင်ဘူးနော်။
     ၁၅ မိနစ် အချိန်လေးပဲ ဖဲ့ပေးလိုက်ပါ။ ကိုယ့် Templete ထဲမယ် Decoration တွေ အလှဆင်ရင်း html ကို လေ့လာရင်း Profession တစ်ယောက်အဖြစ်ရောကိဖို. ခြေတစ်လှမ်း လှမ်းလိုက်ပါလား။ ခုပဲ www.blogger.com ကနေ blogspot တစ်ခုရ ယူလိုက်ပါ။
     ဒိထဲက ဆိုက်လေးတွေက သင့်ကို အကူအညီပေးပါလိမ့်မယ်။ 

No comments:

Post a Comment

Template by : kendhin x-template.blogspot.com