တရှိုက်မက်မက် လူတို့နှစ်သက်
မောဟပြည့်နှက် ဒီအရက်ကို
မပျက်သောက်သုံး လူညွန့်တုံးမည်
မူးယစ်ရမ်းကား ရန်တွေများတော့
တရားအစွဲ အချုပ်ထဲမှာ
လူးလဲခံရ ဒဏ်တွေချတော့
ကုန်ရဥစ္စာ များလှပါလည်း
ပြန်လာအမြဲ အချုပ်ထဲဝင်
ယစ်ထုပ်ဖြစ်လာ နှောင်းချိန်ခါမှာ
ရောဂါစွဲချက် ဒီအရက်၏
ပေးဆက်လက်ဆောင်
ဖြတ်လို့မရ စွဲခိုင်လှစွာ
အစကောင်းပြီး အနှောင်းပျက်တဲ့
အရက်ညွတ်ကွင်း ဆင်းသက်ရပြန်
တုံးလုံးပတ်လက် ဖျာစုတ်ထက်မှာ
မောလျက်သဲ့သဲ့ တရားမဲ့စွာ
သောက်ခဲ့အမှန် အရက်ဒဏ်ကို
ပြန်အန်ထုတ်လို့ မရတော့ပါ ...............



Mandalay Time
























No comments:
Post a Comment