စာတစ်အုပ်နှင့်
ဆေးလိပ်တိုခဲ
ဈာန်ဝင်နေစဉ်
ကမ္ဘာမြည်ဟိန်း
ဗျောက်အိုးတထိန်းထိန်း
နာစည်ပဲကွဲပြီထင်
ပတ်ဝန်းကျင်ဖြင့်နေတဲ့သူတွေ
မဟုတ်လေသရော်လား။
သြော်...သူတိုမယ်
လူမှုရေးအသိစိတ်မရှိပါလား။
သြော်...သူတို.ကလူတွေပါလား။
ညတစ်ည
ဂီတာတစ်လက်နှင့်
အလွမ်းတေးလေး
ကြူးရင့်နေစဉ်
ညဉ်းနတ်သန်းခေါင်
ကျီကျီကြောင်ကြောင်
ငါ.၏သံစဉ်
ဘေးအိမ်တွေနားမခံသာပြီထင်
ပတ်ဝန်းကျင်ဖြင့်နေတဲ့သူပါ။
သြော်...ငါမယ်လဲ
လူမှုရေးအသိစိတ်မရှိပါလား။
သြော်...ငါကလဲလူသားတစ်ယောက်ပါပဲလား။
No comments:
Post a Comment