မီးကပျက်
မိုးကရွာ
ခြင်ကကိုက်
အိပ်လိုမပျော်
ဒိညအတွက်
ကဗျာကတစ်ပိုဒ်
စာကတစ်ပုဒ်
စိတ်ကအတိတ်ဖတ်။
သူငယ်ချင်းတစ်ယောက်လဲပါတယ်။
ချစ်သူဟောင်းအကြောင်းလဲပါတယ်။
ဒိုတာရှုံးပွဲလဲပါတယ်။
သတိရစိတ်လဲပါတယ်။
လွမ်းမောစိတ်လဲပါတယ်။
နောက်နေ့ဘယ်လိုခုတ်မယ်ဆိုတာလဲပါတယ်။
ကြက်တွန်သံလဲကြားရပြီ
ရောင်နီကိုလဲမြင်ရပြီ
ဆွမ်းကွမ်းအနံလဲရပြီ
လဲနေရာကထကြည့်စဉ်
အပြင်လောကက မိုးစင်စင်လင်းလိုနေပြီ။
No comments:
Post a Comment