ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Monday, July 23, 2012

Blog ခေါင်းစဉ်ရွေးပိ

     Blog ခေါင်းစဉ် ရွေးမယ်တွေးတိုင်း ဘာခေါင်းစဉ်ရွေး ရမှန်းကို မဆုံးဖြတ်နိုင်သေးဘူး။ ကိုယ်ဘယ်လမ်းသွားမှာလဲ။ နိုင်ငံရေး လမ်းလား။ ဒိလမ်းသွားရအောင်လဲ ကိုယ်က နိုင်ငံရေးကို ဘာမှမသိ။ သတင်း လမ်းလား။ ဒိလမ်းသွားရင်တော့ ရေးစရာတွေ များကြီးပဲ။ ဒါပေမယ့် ဒီလမ်းသွားရင် ၀န်ကြီးတယ်။ သတင်းလိုက်ရမယ်။ စုံစမ်းရမယ်။ ခိုင်လုံကြောင်း သက်သေအထောက်အထား ရှိရမယ်။ ကိုယ်ရေးလိုက်တဲ့ သတင်း မှန်ကန်ကြောင်း ကိုယ်တိုင် တာဝန်ယူရမယ်။ ဇွဲ၊ လုံလ၊ ၀ရိယ၊ ခွန်အား၊ ဥာဏ အကုန်စိုတ် ထုတ်ရအုံးမယ်။ ဟူးးးးး...။ မလွယ်ပါလား။ ကိုယ်က ပါမွှားတစ်ယောက်ရယ်။ ဒိလမ်းက ဆရာ့ဆရာကြီးတွေ သွားရမယ့်လမ်း။ သူတို.ပဲ သွားပါစေ။ ကဲ.. ဒါဆိုဘယ်လမ်းသွားမယ်လဲ။ နည်းပညာပိုင်း။ နည်းနည်းတွေးကြည့်မယ်။ ကိုယ်ဘယ်နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်သလဲ။ ငါ့အတွက် အဖြေမရှိတဲ့ မေးခွန်းပါလား ဟရို.။ ခုမှ သေချာပြန်စဉ်းစားဖူးတယ်။ ကျွမ်းကျင် ပိုင်နိုင်တဲ့ စကားဆိုတာ ကိုယ့် အတွက်မှ မဟုတ်ပါလားဟ။ ဟိုနား နည်းနည်း သိတယ်။ ဒိနား နည်းနည်း သိတယ်။ သေချာသိလားဆို နီုးးးး။ သေချာနာလည်လားဆို Not Sure။ ဟား.. ဟား.. ဟုတ်တော့ ဟုတ်နေပြီ။ ကဲကွာ သိသလောက် မှတ်သလောက်လေး ကွန်ပျူတာအကြောင်း ရေးမယ်။ Network အကြောင်း ရေးမယ်။ ဟ.. ဟ.. ကိုယ်သိတာက သူငယ်တန်း အဆင့်။ လူတိုင်းသိနေတဲ့ အကြောင်းအရာစုတွေ။ အဆင်မပြေ ပြန်ဘူး။ ဒါဆိုလဲ ဟိုဆိုက်ထဲကဟာ ဒိတင်၊ ဒိဆိုက်ထဲကဟာ ဟိုတင်ဆိုရင်ရော။ အား.. လား.. လား.. Blogger ကြီးတော့ ဖြစ်လာမှာ မဟုတ်ဘူး။ Coppier ကြီးပဲ ဖြစ်လာမှာ။ ဒိလမ်းလဲ မဖြစ်ချေဘူး။ Programing သင်တန်း ဆင်း၊ Exercise Program တွေကို ကွန်ပျူတာထဲကူးချ Run ကြည့်.. ဟ.. ဟုတ်တယ်ဟ.. ရတယ်ဟ.. ဆိုပြီး ကိုယ်ကိုကိုယ် Programer ကြီးတစ်ယောက်ဆိုပြီး သွေးနထင်ရောက်ခဲ့ဖူးပါတယ်။ တစ်ကယ့် ဆရာကြီးတွေက နောက်ကွယ်ကနေ ဒိကောင် Program Coppier က ဘာဘ၀င်မြင့်နေတာလဲ ဆိုးပြီး ဟားတိုက်ခံ ရဖူးသလို အဖြစ် Blog Coppier ဆိုပြီး ထက်ဖြစ်နေအုံးမှာပါပဲ။ ဘာသာရေးဆိုရင်ရော။ အောင်းမလေး သွားမလုပ်လိုက်ပါနဲ. ကိုယ်လူရယ်။ ငရဲ၊ ငအုံတွေ ကြီးကုန်ပါအုံးမယ်။ ကိုယ်က ငါးပါးသီလတောင် ဖြောင်အောင်ရွတ်နိုင်တာ မဟုတ်ဘူး။ ဒိလမ်းလဲ မကောင်းဘူး။ ရော် တော်တော် ခတ်တဲ့ ငါပါလား။ ဟရို.။ ကျွမ်းကျင် ပိုင်နိုင်တယ်ဆိုတဲ့စကား ငါနဲ. မဆိုင်ပေမယ့် ဟိုစပ်စပ် ဒိစပ်စပ် သမား ဆယ်နှမျိုး ဟင်းချိုလို လူအတွက် အများကြီး လျောက်စဉ်းစားနေတယ်။ ငါ့ဘလော့ကို ဒိလိုလေး ခေါင်းစဉ် တက်လိုက်ရင်ပြီးနေတာပဲ။ ကိုယ်တင်ထားတာတွေနဲ. ကိုက်သေးတယ်။ ခေါင်းစဉ်လေးက ဘယ်လိုပါလိမ့်။ ဒိလိုလေးလေ စုံစီနဖာ ဘလော့ဆိုပြီး ခေါင်းစဉ်တပ် ကင်မွန်းတပ်လိုက်ပါပြီဗျာ။

No comments:

Post a Comment

Template by : kendhin x-template.blogspot.com