ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Monday, July 23, 2012

ငြီးငွေ.ဖွယ် ဘဝ

ပျင်းရိငြီးငွေ. ၊လူလောကလယ်
အထီးကျန်လို. ၊အဖေါ်အပေါင်း
နတ္ထိဗလာ ၊တစ်ယောက်တည်းဖြင့်
လက်ဖတ်ရည်ဆိုင် ၊အင်တာနက်ဆိုင်
ဘာဘာညာညာ ၊သွားလာလှုပ်ရှား
သေလုအောင်ကို ၊ငြီးငွေ.နေ။
ကုသိုလ်ကောင်းလား ၊မကောင်းတာလား
ဒိအရွယ်ထိ ၊အလုပ်မလုပ်
မိဘဆီလက်ဖြန်. ၊ရတဲ့မုန်.ဖိုး
လက်ဖတ်ရည်သောက် ၊ဂီမ်းဆိုင်ကိုရောက်
ချက်တင်ထိုင်လို. ၊စကားပြောဖေါ်
ရှိလျှင်တော်သေး ၊မရှိသေရော။
ဒိလိုနေ.မျိုး ၊စဉ်ဆတ်မပြတ်
ပြောင်းလဲမလာ ၊မျဉ်းဖြောင့်တစ်ကြောင်း
ပမာတူလို. ၊အနိမ့်မရှိ
အမြင့်မရှိ ၊မိုးလင်းမနက်
အိပ်ယာထလာ ၊ရရှိမုန်.ဖိုး
အိပ်ထဲထည့်ကာ ၊အပြင်ထွက်ပြီ။
တစ်နေကုန်လို. နေမင်းပျောက်ကွယ်
အမှောင်ဝင်ချိန် ၊ခတ္တခဏ
အိမ်ကိုရောက်သည် ၊စားသောက်ပြီးလျှင်
အပြင်ပြန်ထွက် ၊ဂိမ်းဆိုင်ကိုရောက်
အိမ်စောင့်နတ်က ၊နှင်သရောလား
ငါ့အိမ်ကပဲ ၊နေမပျော်လား။

ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com