ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Monday, July 23, 2012

ကွန်ပျူတာ သင်တန်းတက်ချင်တယ်

ကွန်ပျူတာ သင်တန်းတက်ချင်တယ်
DTP
Desgin
Auto Cad
Vedio Edition
Program
     ဟိုဘာသာလဲ တက်ချင်တယ် ၊ဒိဘာသာလဲတက်ချင်တယ်။ အချိန်ကလဲ နည်းနည်းပဲရှီတယ်။ ငွေကလဲ တစ်ဘာသာဖိုးလောက်ပဲ ရှီတယ်။ ကဲ ဒိတော့ တစ်ခုပဲ ရွေး။ ဒါဆိုရင်တော့ အမြင့်ဆုံဘာသာ ဖြစ်တဲ့ Program တက်မယ်ကွာ။ ကောင်းတာပေါ့ တက်တက်။
     ကျွန်တော် ၀တ္ထု ရေးနည်း သင်တန်း တက်ခဲ့ဖူးတယ်။ နီဒါန်းလေးကို ဘယ်လိုပျိုး ၊ ညှင်ညှင်သာသာလေးနဲ. မလေးစေရဘူး... ဘာဘူး...ညာဘူးနဲ.ပျိုး။ စာကိုယ်မယ် ကိုယ်အယူအဆတွေ နည်းနည်းလေးပွား နောက်ဝတ္ထုရဲ. ဇာတ်ကွက်ကို ဟိုလှည့်  အကောင်းဆုံးပရိတ်သတ် စိတ်ဝင်စားအောင် ဒိလှည့်နဲ. ဇာတ်ရှိန်ကို မြှင့်ပါစေ၊ ဘာစေ ၊ညာစေနဲ.ပေါ့။ နောက်နိဂုံးမယ် အလှည့်အပတ်တွေဖြေ စာဖတ်ပရိတ်သတ်တွေ မထင်မှတ်နိုင်တဲ့ဖတ်က ဖြေနိုင်ရင် အကောင်းဆုံးပေါ့၊ ဘာပေါ့ ၊ညာပေါ၊ ဆိုပိး သင်ဖူးတယ်။ သင်တန်းလဲ ဆင်းရော ကျွန်တော် ၀တ္ထုတစ်ပုဒ်ကို ဘယ်လိုရေးရမယ်ဆိုတာ တက်သွားပြီ။ ဟဲဟဲ သင်တန်းဆင်းလာတာ နှစ်တွေသာ ကြာလာတယ် ။ဝတ္ထုတစ်ပုဒ်မှမရေးဖြစ်ခဲ့ဘူး။ ဇာတ်လမ်း ဇာတ်ကွက်အတွက် စိတ်ကူးဖို. ဦးနှောက်မယ ၀မ်းစာမှမရှိတာကိုး။
     ကျွန်တော် program သင်တန်းက ဆင်းလာပိး။ Exercise ထဲက Program တွေ ကွန်ပျူတာထဲ ရိုတ်ထည့် Run ကြည့်။ ဟာ... ရတယ်ဟ။ ဟုတ်တယ်ဟ။ ဟဟ..ဟဟ.. ငါဝတ္ထုမရေးတက်ပေမယ့် ငါ programer တစ်ယောက်ဖြစ်ပိးကွလို. သွေးနထင်ရောက်ခဲ့ပါ သရောလား။ ကဲ... ငါ Exercise ထဲက Program တွေကို Copy ကူး Run မကြည့်တော့ဘူး။ အသုံးကျမယ့် Program လေးတစ်ခုလောက်ရေးကြည့်အုံးမယ်။ ကျွန်တော် သင်တန်းဆင်းလာတာ နှစ်တွေသာကြာလာပြီ။ ခုထိ ကိုယ်ပိုင် Program တစ်ခုမှ မရေးဖြစ်ခဲ့ဖူးဘူး။ Program တစ်ခုဖြစ်ဖို. နယ်ပယ်စုံက ပညာမှ မပြည့်တာကိုး..။
     ခုတော့ ကျွန်တော် ဆရာကြီးဖြစ်နေပြီ။ Copy ကူးတဲ့ နေရာမယ်လေ။ ဟဲဟဲ

No comments:

Post a Comment

Template by : kendhin x-template.blogspot.com