တစ်နေ.တစ်တွင် ကျွန်ုပ်ဘလော့ထဲတွင် ၀င်ဆော့နေစဉ် သူငယ်ချင်းတစ်ယောက်က မေးလေ၏။ ဒါတွေ လုပ်နေတော့ မင်းအတွက် ဘာအကျိုးရှိသနည်းဟု။ ဟုတ်ကဲ့။ ဘာအကျိုးမှ မရှိပါဘူး။ ဒါဆို ဘာလို. ဒါတွေ လုပ်နေသနည်းဟု. ပြစ်တင်ဝေဖန်လေ၏။ ဟုတ်ကဲ့။ သူအပြစ်တင်လျင်လဲ ကျွန်ုပ်ခံရမှာပါပဲ။ ကျွန်ုပ်က အလုပ်မရှိသူ တစ်ယောက်ဖြစ်၏။ ထိုကြောင့် တစ်နေကုန် အားယားနေ၏။ ထို.အတွက်ကြောင့် ကျွန်ုပ် အွန်လိုင်းတွင် အချိန်ဖြုန်းနေရ၏။ ချက်တင်မယ် ချက်ဖေါ်ချက်ဖတ် မိတ်ဆွေ၊ သူငယ်ချင်းတွေ ရှိလျှင်တော်သေး၏။ မရှိသည့် အချိန်များတွင် ကျွန်ုပ်ပျင်း၏။ ဒါကြောင့်ပဲ ကျွန်ုပ်ဘလော့ထဲတွင် ပျော်နေရ၏။ ကျွန်ုပ်ဘလော့ထဲတွင် စိတ်ဝင်စားစရာ သတင်းများ တင်မထားပါ။ ဇာတ်ကားများ တင်မထားပါ။ ထို.ကြောင့် လာရောက် လည်ပတ် ဖတ်ရှုသူ နည်းပါးပါ၏။ ဒါပေမယ့် ကျွန်ုပ် ကဗျာတွေတင်နေအုံးမည်။ ဆောင်းပါးတွေ၊ အက်ဆေးတွေ၊ တင်နေအုံးမယ်။ ဖတ်ရှုသူနည်းတာ သိလျက်နှင့် ဘာလိုတင်နေသနည်း။ ဟုတ်ကဲ့။ ဒိလိုတွေတင်။ ကိုယ်ဘာသာကိုယ် ပြန်ဖတ်နေရတာကို ပျော်နေလို.ပါ။ အကယ်လို. တစ်ယောက်ယောက်ကများ ကျွန်ုပ်တင်ထားသော ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ကူးယူဖေါ်ပြထားသော ဟာသများကို မျတ်စေ့လည်လမ်းမှားကာ ဖတ်ရှုပြီး စိတ်ကျေနပ်မှုရသွာပါက ကျွန်ုပ်တင်ရ ကျိုးနပ်လေ၏။ ကျွန်ုပ် ကူးယူထားသော Websites များ ဖတ်ရှုသူတစ်ယောက်အတွက် အကျိုးရှိသွားလျှင် ကျွန်ုပ်တင်ရကျိုးနပ်လေ၏။
လူလောကကြီးက ပျင်းရိငြီးငွေဖွယ်ကောင်းလှ၏။ လူသားတိုင်း ကြံဖန်ပြီး ပျော်ရွင်မှုကို ရှာဖွေနေရ၏။ မကောင်းတဲ့ဖတ် စိတ်ယိုင်ပြီး ပျော်ရွင်မှုဆိ ရောက်သွားမယ့်အစား ကျွန်ုပ်လို ဘလော့လေးထဲတွင် ပျော်နေမိတာ တရာသဘောနဲ. ကြည့်ရင် ကုသိုလ်မရပေမယ့် အကုသိုလ်တော့ မဖြစ်ဘူပေါ့။ ကျွန်ုပ် ဘလော့ထဲဝင်ဆော့နေလျှင် ကျွန်ုပ်သည် လောဘ၊ ဒေါသ၊ မောဟတွေ ချုပ်ငြိမ်းနေ၏။ ကျွန်ုပ်ကို စိတ်ပျော်ရွင် ချမ်းသာမှုကို ပေးလေ၏။ ဘာသာတရာဖတ်က ကြည့်လျှင် ကျွန်ုပ်၏ ကျွန်ုပ်၏ ဘလော့ကို ဆော့နေရုံဖြင့် တန်ဖိုးမဖြတ်နိုင်သော အကျိုးအမြတ်ကို ရရှိလေ၏။ ငွေးကြေးအထိုက်အလျောက် ကုန်ပြီး၊ ရုပ်ဝတ္ထု အကျိုးအမြတ်မရပေမယ့် ငြိမ်းချမ်းတဲ့ စိတ်ခံစားမှုကို ရရှိလေ၏။
လူလောကကြိးသည် အကောင်းဖတ်က လှည့်တွေးလျှင် အရာရာသည် ကိုယ့်ကို စိတ်အေးငြိမ်းချမ်းမှုကို ရရှိနိုင်၏။ လူသားတိုင်း လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ ချုပ်ငြိမ်း အေးချမ်းပါစေ။ မကောင်းတဲ့ဖတ် စိတ်ယိုင်ပြီး စိတ်ချမ်းသာမှုများကို မရှာဖွေပဲ ကိုယ့်စိတ်ဝင်စားရာ တစ်ခုခုတွင် ပျော်ရွင်ချမ်းမြေ့နေပါစေ။

No comments:
Post a Comment