ကျနော် အင်တာနက် စသုံးခဲ့တုန်းက မှတ်ထားဖူးတဲ့ ဆိုက်လေး တစ်ခုပါ။ အင်တာနက်သုံးတယ်ဆိုတာထက် ချက်တင်တက်တာကို ဆိုလိုတာပါ။ အဲမယ် သူငယ်ချင်းတွေနဲ့ ပြောကြဆိုကြနဲ. ခင်မင်လာတော့ ဖုန်းနံပါတ်တွေ အပြန်အလှန်ပေးလို.ပေါ့။ အဲလိုအခြေအနေတွေမှာ ဒိဆိုက်လေးက အသုံးဝင်ခဲ့ပါတယ်။ ဒိဆိုက်လေးက ဖုန်းနံပါတ်သိရုံနဲ. လိပ်စာရှာပေးနိုင်တယ်လေ။ ကိုယ်သိထားတဲ့ သူငယ်ချင်း ဖုန်းနံပါတ်လေးကို ဒိဆိုက်ထဲမယ် ရှာ ရလာတဲ့လိမ်စာလေးကိုကူး သူအိမ်လိမ်စာ ပေးမထားပေမယ့် သူမထင်တဲ့ အချိန်မယ် ရုတ်တရက် သွားလည်ပြီး အံသြစေလို.ရခဲ့တာပေါ့။ ဒိဆိုက်လေးက အားနည်းချက်တော်တော်ပါပါတယ်။ သူ လိမ်စာရှာပေးနိုင်တာက ကြိုးဖုန်းတစ်ခုတည်းကိုပဲ။ ပြီးတော့ သူက ပထမဆုံး အမည်ပေါက်နဲ. ၀ယ်ထားတဲ့ ပိုင်ရှင်ရဲ့ လိပ်စာကိုပဲ သိတယ်။ အဆင့်ဆင့်ပြောင်းသွားတဲ့ လိပ်စာတွေကို update မရှိတာပါပဲ။ ခုလို အချိန်မယ်တော့ ဒိဆိုက်လေးက တော်တော်လေးအားနည်းသွားပါပြီ။ တန်ဖိုးနည်း Mobile တွေပေါ်လာတော့ ကြိုးဖုန်းတွေက လူသုံးနည်းကုန်ပြီလေ။ ဘာပဲဖြစ်ဖြစ်လေ ဒိဆိုက်လေး သင်သိထားရင်လဲ အကျိုးမယုတ်နိုင်ပါဘူး။ တစ်ချိန်ချိန် အသုံးကျလာရင် ကျလာနိုင်တာပဲ။ မဟုတ်ဘူးလား။ ကျနော်ပြောနေတဲ့ ဆိုက်လေးကတော့
ဒိမှာပါ
သင့်အတွက်အသုံးကျတဲ့ဆိုက်လေးဖြစ်ပါစေဗျာ။
သင့်အတွက်အသုံးကျတဲ့ဆိုက်လေးဖြစ်ပါစေဗျာ။
No comments:
Post a Comment