ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Friday, June 22, 2012

သန်ခေါင်ယံလွန်ည

သန်ခေါင်ယံလွန်ည
ဒိညလဲ အိပ်မပျော်ပြန်ပြီ
ငါ့ရင်ထဲ မသိစိတ်
ညရောက်မှာကို ကြောက်ရွံနေပြီ
ဒိညကတော့ အတိုင်းအတာ တစ်ခုထိ တိတ်ဆိတ်လို.
စန္ဒာအလင်း ဖျော့ဖျော့
တစ်ရံတစ်ခါ ပြေလွှားဆော့ကစားနေတဲ့
တိမ်ညှိတွေဖုံးအုပ်
လေညှင်းလေးက တသွင်သွင်
တစ်ချက်တစ်ချက် တစီစီဖြင့်
ညဉ်းပိုးကောင်လေးတွေ အသံ
တဂီး ဂီးဖြင့် ချစ်ရည်လူးနေတဲ့
လင်ကောင်ပိုးမောင်နှံ
တဂိုး ကဗျာစုထဲက " ခွင့်ပြုပါ " ကဗျာတစ်ပုဒ်
ငါကလဲအိပ်မပျော်
ညကလဲ သူတာဝန် သူပြည့်စုံလို.
ငါကသာ တာဝန်မဲ့စွာ
ငါ့ ခန္ဓာကို ပန်းစေသူ
စိတ်ဓါတ်ကို နွမ်းစေသူ
ပိတ်ကျပါတော့ မျတ်ခွံတစ်စုံ
အိပ်လှည့်ပါတော့ စိတ်အစဉ်ရယ်။

ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com