အိမ်ဝေးငှက်သို့
ဘာသာတရား ဌာပနာထားတဲ့ မြိတ်ကြေးမုံ
ရွှေရောင်လွမ်း စေတီတန်ဆောင်းတွေနဲ့
ရောင်ခြည်ဦးမှာ သဒ္ဒါတရားကြွယ်တဲ့မြေ
ရတနာသုံးတန်နဲ့ အဖိုးတန်
တရားဒေသနာသံတွေကတလွင်လွင်
လှိုင်းကယက်ထင် အလင်းသစ်ဆောင်လို့
တောင်မြေတင့် ဘုရားစေတီထွေလှ
သာသနာအရောင် ရာစုသစ်သို့
ထွန်းလင်းသမို့...
ဝတိံမျိုးမှ ဆင်းသက်လာတဲ့မြေလားထင်
တုနှိုင်းမရသာလွန်းလှတဲ့ မြိတ်ဌာနေ
သွာစွဌာနေ သောင်မြေစိမ်းနုကျွန်းစုစုနှင့်
စက္ခုပသာဒ ကြည်လင်လှတယ်
ကြည်လင်ဒေသရပ်ဌာနက
ကဗ္မလာမြသားဖြန့်ခင်းထားသလို
စိမ်းစိုအုံ့မှိုင်း ဥယျာဉ်ခြံမြေ၀ိုင်းတွေနဲ့
ရေသိုင်းကွက်ဆင် တသွင်သွင်စီးဆင်း
ပင်လယ်ပြာတွင်းသို့ တေးချင်းသီခြွေ
ဂီတသံပေ..........
မိုးရေကစံပြရွာနေတော့တယ်
ဆောင်းနှင်းဖွေးဖွေးမအေးတအေးကျတဲ့
ရာသီဆောင်းရက်ငွေနှင်းစက်တို့
ကြွေသက်မြေခ အေးချမ်းလွန်းလှ
လှပဝေဆာ ရှုဖွယ်သာတဲ့မြိတ်ကြေးမုံ
နွေးဦးပေါက်တော့ လူတွေစုံစုံညီပေါလို့
ကမ်းခြေအလှပတွေနဲ့ပျော်
မြိတ်မဟေသီ အရောင်တဖျက်ဖျက်လွင့်တော့
တေးသီခတ် ညည်းဆိုမေားရမယ်
ပရိယာယ်မဆင် လှိုင်းဂယက်ထင်မညိုး
တို့မြန်မာပြည် တောင်ဘက်စွန်းစီက
တို့ဒေသိယ စကားတွေနဲ့
ရောင်းရင်းမိတ်ဆွေ သူငယ်ချင်းများကို
မေတ္တာစေတနာ တဖွားဖွားနဲ့
လာလှည့်ပါ သင့်လှည့်ပါလို့
ဖိတ်ကြားလိုက်ပါရဲ့.............................
အိမ်ဝေးငှက်သို့
ဘာသာတရား
ဌာပနာထားတဲ့ မြိတ်ကြေးမုံ
ရွှေရောင်လွမ်း စေတီတန်ဆောင်းတွေနဲ့
ရောင်ခြည်ဦးမှာ သဒ္ဒါတရားကြွယ်တဲ့မြေ
ရတနာသုံးတန်နဲ့ အဖိုးတန်တရားဒေသနာသံတွေကတလွင်လွင်
လှိုင်းကယက်ထင် အလင်းသစ်ဆောင်လို့
တောင်မြေတင့် ဘုရားစေတီထွေလှ
သာသနာအရောင် ရာစုသစ်သို့
ထွန်းလင်းသမို့...
ဝတိံမျိုးမှ ဆင်းသက်လာတဲ့မြေလားထင်
တုနှိုင်းမရသာလွန်းလှတဲ့ မြိတ်ဌာနေ
သွာစွဌာနေ သောင်မြေစိမ်းနုကျွန်းစုစုနှင့်
စက္ခုပသာဒ ကြည်လင်လှတယ်
ကြည်လင်ဒေသရပ်ဌာနက ကဗ္မလာမြသားဖြန့်ခင်းထားသလို
စိမ်းစိုအုံ့မှိုင်း ဥယျာဉ်ခြံမြေ၀ိုင်းတွေနဲ့
ရေသိုင်းကွက်ဆင်
တသွင်သွင်စီးဆင်း
ပင်လယ်ပြာတွင်းသို့
တေးချင်းသီခြွေ
ဂီတသံပေ..........
မိုးရေကစံပြရွာနေတော့တယ်
ဆောင်းနှင်းဖွေးဖွေးမအေးတအေးကျတဲ့
ရာသီဆောင်းရက်ငွေနှင်းစက်တို့
ကြွေသက်မြေခ
အေးချမ်းလွန်းလှ
လှပဝေဆာ ရှုဖွယ်သာတဲ့မြိတ်ကြေးမုံ
နွေးဦးပေါက်တော့ လူတွေစုံစုံညီပေါလို့
ကမ်းခြေအလှပတွေနဲ့ပျော်
မြိတ်မဟေသီ
အရောင်တဖျက်ဖျက်လွင့်တော့
တေးသီခတ်
ညည်းဆိုမေားရမယ်
ပရိယာယ်မဆင်
လှိုင်းဂယက်ထင်မညိုး
တို့မြန်မာပြည် တောင်ဘက်စွန်းစီက
တို့ဒေသိယ စကားတွေနဲ့
ရောင်းရင်းမိတ်ဆွေ သူငယ်ချင်းများကို
မေတ္တာစေတနာ တဖွားဖွားနဲ့
လာလှည့်ပါ သင့်လှည့်ပါလို့
ဖိတ်ကြားလိုက်ပါရဲ့.............................



Mandalay Time
























No comments:
Post a Comment