ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Tuesday, June 19, 2012

အက်ဆေး

      ကျနော် ဘလော့လေးတစ်ခု ထောင်ထားတာ မကြာသေးပါဘူး။ ဘလော့ decorationက စိတ်တိုင်းကျ မဖြစ်သေးပေမယ့် အတော်အသင့်တော့ ကြည့်ပျော်ရှုပျော်လေး ဖြစ်လာပြီလို.တော့ ယူဆတာပဲ။ ဒိအချိန်လောက် ရောက်လာတော့ ဘလော့တင်ရတော့မယ်။ အဲမယ်ပဲ မေးခွန်းတစ်ခုက ကိုယ်ကိုယ့် မေးခွန်းထုတ်လာပါတယ်။
      ရည်ရွယ်ချက်က ဘာလဲ။ ကိုယ်ကိုကိုယ့်မေးမိတယ်။ ကျန်တော်ဆိမယ် ဘလော့ထောင်ရတဲ့ မယ်မယ်ရရ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ သူငယ်ချင်းတစ်ယောက်က သူ.ဘလော့လေးကို ၀င်ကြည်ခိုင်းရင်းနဲ. အားကျစိတ်တစ်ခုတည်းနှင့်တင် စမ်းပြီး ဘလော့လေးတစ်ခု ထောင်ဖြစ်ခဲ့မိတာပါ။ ကိုယ်ပိုင် ဘလော့ရလို. ဒိထဲမယ် drcorationတွေ ဟိုပြင်၊ ဒိဆော့ဖြင့် ကိုယ်ဘလော့လေးနှင့်ကိုယ် ပျော်မွေ.နေပါပြီ။ အရုပ်အသစ်ရတဲ့ ကလေးတစ်ယောက်နဲ. ပုံစံလာတူနေပါတယ်။ ဒိလို drcorationတွေ ပြင်လိုက်၊ နောက်နေ.မကြိုက်တော့လို. ပြန်ဖျတ်လိုက်၊ သူများဘလော့တွေ ၀င်ကြည်လိုက်ဖြင့် အတွေးတစ်ခု မေးခွန်းတစ်ခု ထက်ထွက်လာပါလေရောဗျာ။
      အဲ အတွေးနှင့် မေးခွန်းတစ်ခုက ဘာလဲဆိုတော့ ကိုယ့်ဘလော့အမျိုးအစားက ဘာလဲဆိုတာနှင့် ကိုယ့်ဘလော့မယ် တင်ထားသည့် အကြောင်းအရာတွေကို တာဝန်ယူနိုင်မလား ဆိုသည့်အတွေးပါပဲ။ စလုပ်ကတည်းက ရည်ရွယ်ချက် ကြီးကြီးမားမား မရှိခဲ့တော့ ဘလော့အမျိုးအစားကိုလဲ ခေါင်းစဉ်မတက်နိုင်ပြန်ပါဘူး။ သတင်းလား၊ စာပေလား၊ နည်းပညာလား၊ သီချင်းဘလော့လား၊ ဘာလား၊ ညာလားပေါ့။ ဒိလိုမျိုး ဘလော့ခေါင်းစဉ်တပ်(ကိုယ့်ကိုကိုယ်ပေါ့)ပြီး ရေးရအောင်ကလဲ ဘယ်ဘာသာရပ်မှ ထဲထဲဝင်ဝင် နာလည်တာမဟုတ်။ ဒိလိုနဲ. ကိုယ်ရေးထားတဲ့ မူကြိုအဆင့်ကလေးကဗျာလေးများကို တင်လိုက်၊ ဖတ်ဖူး မှတ်ဖူးတဲ့ Website တွေညွန်းလိုက် (အများသိပြီးသားတွေ)၊ ဟိုဘလော့ ၊ဒိဆိုက်ထဲက ကြိုက်တာလေးတွေကူး from ဘယ်ဘလော့၊ ဘယ်ဆိုက်ကဆိုပြီး တင်လိုက်ဖြင့် ကိုယ့်အချိန်တွေ ဒိထဲမှာတင် ဖြုန်းမှန်းမသိ ဖြုန်းမိနေပြီ။
     ဒါပေမယ် ကျနော် ကျေနပ်ပါတယ်။ အကောင်းဖတ်ကတွေးပါတယ်။ ဖြုန်းမိသလိုဖြစ်ခဲ့တဲ့ အချိန်တွေမယ် ကိုယ်ဘာရခဲ့သလည်းပေါ့။ ဟုတ်ကဲ။ ကျတော် HTML Code ဆိုတဲ့ Website ဘာသာစကားကို နည်းနည်းလေးသိခဲ့တာပါပဲ။ အင်တာနက်ကို သာမန်သိခဲ့တယ်။ ကွန်ပျူတာကို အနည်းအကျဉ်း အသုံချ(အသုံးချဆော့ဝဲလ်ပိုင်းကို မဆိုလို)တက်တယ်။ ဒါပေမယ့် ကျနော် ဘလော့လေး တစ်ခု ကြည့်ပျော်ရှုပျော်ဖြစ်အောင် လုပ်နိုင်ခဲ့ပြီ။ ကိုယ်နားမလည်ခဲ့တဲ့ အပိုင်းကို ဆရာမရှိ၊ လမ်းညွန်သူမရှိ ယောင်ဝါးဝါးဖြင့်စမ်းရင်း ရရှိလာတဲ့ အောင်မြင်မှု ကျနော်ဘ၀မယ် တစ်ယောက်တည်း ရရှိခဲ့ဖူးပြီ။
     သင်လဲ ရေးစရာ တင်စရာရှိလျင် ဘလော့လေးတစ်ခု လောက်စမ်းလုပ်ကြည့်ပါရန် ဖိတ်ခေါ်ပါတယ်။ အနည်းဆုံးတော့ ကိုယ်ရေးထားတဲ့ ကဗျာလေးတွေ၊ စာတို ပေစလေးတွေ၊ မကျေနပ်ချက်လေးတွေ၊ ပျော်ရွင်စရာလေးတွေကို အွန်လိုင်းပေါ်က မိတ်ဆွေတွေကို မျှဝေခံစား လိုက်ပါ့လား။ ကျနော်လို ငအူ၊ ငအတစ်ယောက်တောင် ဘလော့လေးတစ်ခု ထောင်နိုင်ခဲ့သေးတာ။ သင်တိုသာ ဘလော့ထောင်လိုက်ရင် decoration အပျံစား၊ ရေးသားသော အကြောင်းအရာ စိတ်ဝင်စားစရာဖြစ် လိမ်မယ်လို. ယုံကြည့်ပါတယ်။ တကူးတကလုပ်စရာ မလိုပါဘူး။ ကိုယ်ချက်တင်ထိုင်တဲ့ အချိန်လေးမယ်တင် စကားပြောဖေါ်မရှိတဲ့ အချိန်၊ ကိုယ်ပြောရမယ်သူ မလာသေးတဲ့အချိန်လေး မယ်တင်ကို စမ်းလုပ်ကြည့်ရင်းဖြင့်တင် HTML Code ဆိုတဲ့ Program တစ်မျိုးတက်သွားလျင် သင်တိုအတွက် အချိန်တကူးတကမကုန်ဘဲ ပညာတစ်ခုရသွားနိုင်ပါတယ်။

No comments:

Post a Comment

Template by : kendhin x-template.blogspot.com