ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Tuesday, June 19, 2012

ချစ်နေဆဲပါ

ချစ်သူ
ငါမင်းကို သတိရတယ်
အကြောင်းပြချက် မပေးဘဲ
မင်းထားသွားတဲ့ အတိတ်က အဖြစ်အပျတ်
ခုချိန်ထိ အိမ်မက်တစ်ခုလိုပဲ ထင်မြင်ဆဲပါ
အချိန်သမားတော်က အသည်းကွဲ ဒဏ်ရာကို ကုသပေးနိုင်တယ်တဲ့
ဟုတ်ရောဟုတ်ရဲ.လား
လွမ်းစရာရှိ နာစရာနှင့် တွေးပါတဲ့
နာစရာတွေပြန်တွေးလေ
မင်းကို ပိုသတိရလေပဲ
ဒိအချိန်မှာ မင်းက ချစ်သူသစ်ရင်ခွင်ထဲမှာ ပျော်မွေ.နေပေမယ့်
ငါ့ရင်ဘတ်ထဲမှာ မင်းကိုသတိရ လွမ်းစိတ်တွေနဲ.
တို.ဘာသာမယ် ရှိတယ်
မေတ္တာပို.ပါတဲ့
ဒါပေမယ့် ငါမပို.ခဲ့ဘူး
ဘာလိုလဲဆိုတော့
မင်းကို မေတ္တာဆူးမှာ စိုးထိန်.လို.
မင်းထားသွားလဲ ငါမင်းကို မေတ္တာမပျတ် ချစ်နေဆဲပါ
မင်းဘ၀ကို မပိုင်ရလဲ ငါမင်းကို ချစ်နေဆဲပါ
အလွမ်းမင်းသားဖြစ်ဖို. အတိတ်ကံပါလာပြီးသားပဲ
ငါအသက်ရှင်နေသမျှ ကာလပတ်လုံး
မင်းမသိတော့ပေမယ့်
ငါ မင်းကို ချစ်နေမှာပါ
ချစ်သူရယ်

ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com