လေပြင်းတွေ တဝေါဝေါ မြည်သံပေးလို.လာနေပြီ
တောင်ဖတ်ခြမ်းက ပတ္တာပြုတ်တံခါ
ဝုန်းဒိုင်းကြဲလို. ဖွင့်ချည်ပိတ်ချည်
အိမ်နောက်ဖေးက အုန်းတစ်ပင်
တရှဲရှဲဖြင့် စည်းချက်လိုက်လို.ကခုန်နေ
လျှပ်ပန်းတစ်ချက် လင်းကနည်းလက်ချိန်
တစ္ဆေတစ်ကောင် လက်လျက်လို.ခေါ်နေသလိုပင်
မိုးသီးမိုးပေါက် အမိုးပေါ်သို.ဆင်း
အပေါက်များမှ အိမ်ထဲကိုဝင်
မဖိတ်သောဧည် နှင်ပါသော်လဲ ဇွတ်အတင်းဝင်
ငါ့ အိပ်ယာတစ်ခြမ်း ရေနစ်လို.ရွဲရပြီ
ဒါလား လောကဓံ ရင်ဖွင့်လို.ရင်ဆိုင်မည်
ရင်ဖွင့်လိုက်စဉ် အသံမြည်
ဖားအော်သံအလား အသံကြား
ငါ့ဝမ်းဗိုက်ကပဲဖြစ်ရမည်
လောကကိုရင်ဆိုင်ကာမှ
ကြုံရတဲ့ ဒိဒုက္ခ
မာန်ကြီးတဲ့ ခါချဉ်
တောင်မဖြိုခင် ခါးကမသန်ပြီ
အစာအိမ်ထဲက အာလူးပြုပ် ငါးလုံး ဘယ်ရောက်သွားသလဲ။



Mandalay Time
























No comments:
Post a Comment