ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Tuesday, June 19, 2012

Program သင်မယ် ( ဆောင်းပါး )

     တစ်နေ. မတွေတာ ကြာပြီဖြစ်သော သူငယ်ချင်းတစ်ယောက်ဖြင့် လက်ဖတ်ဆိုင်တွင် ဆုံလေသည်။ ရှေးဖြစ်ဟောင်းတွေ ပြောကြရင်း သူ.တူအကြီးအကောင် ကွန်ပျူတာ သင်တန်းတက်နေသည့် အကြောင်းကို ရောက်သွားသည်။ ဘယ် ဘာသာရပ်လဲဟု မေးကြည့်ရာ Computor Basic ပြီးသွားရု Programming ဆက်တက်နေသည်ဟု သိရသည်။ ကျွန်တော် သူ.စကားများသာ နားထောင်နေသည်။ စိတ်က Programming ဆိကိုပဲရောက်နေသည်။ သူနှင့် လမ်းခွဲပြီး အိမ်ပြန်ရောက်တော့ Programming အတွေးက ဆတ်လက်ပါလာနေသေးသည်။ ဒါနှင့် နောင်တော်တွေ ၀ယ်ထားတော့ Programming အကြောင်းတွေရေးထားသော စာအုပ်များကို မွေနှေက်ရှာပြီး ဖတ်နေမိသည်။
     Program ဆိုတာ ဘာလဲ။ အလွယ်ဆုံးပြောရလျင်တော့ Program ဆိုတာ ကွန်ပျူတာ ဘာသာစကားတစ်ရပ်ပဲ။ ကွန်ပျူတာ နားလည်တဲ့ စကားပေါ့။ ကျွန်တော်တို. လူတွေမယ်လဲ ဘာသာစကား အမျိုးမျိုးရှိသည်။ ဒိလိုပဲ ကွန်ပျူတာမယ်လဲ ဘာသာစကားတွေ အမျိုးမျိုးရှိသည်။ ဗမာစကား၊ ရှမ်၊ ကချင်၊ အင်္ဂလိပ်၊ ပြင်သစ် စသည်ဖြင့် လူသားတွေမယ် အမျိုးမျိုးရှိသလို ကွန်ပျူတာတွင်လဲ C C++ Java Basic HTML စသလို အမျိုးမျိုးရှိသည်။ လူတွေ၏ ဘာသာစကားနှင့် ကွန်ပျူတာ၏ ဘာသာစကား ကွားခြားချက်မှာ လူတွေက ကိုယ်ဘာသာစကားနှင့် သင်ယူထားသော ဘာသာခြားအနည်းအကျဉ်းကလွဲလို. အခြားဘာသာစကားတွေကို နာမလည်ပေ။ ကွန်ပျူတာကတော့ ဒိလိုမဟုတ်။ ကွန်ပျူတာမယ် ရှိသည့် စကားတွေကို သူကနားလည်သည်။
     ကဲ-Program ဆိုတာ ဘာလဲ။ ကျွန်တော်သိပြီ။ ကျွန်တော် ကွန်ပျူတာသမား တစ်ယောက်လို. သက်မှတ်လိုက်ပြီ။ ဒိဘာသာစကားကို တက်ပြီဆိုလျင် ဘာလုပ်လို. ရသနည်းဆိုသည့် မေးခွန်းထက်ရောက်လာသည်။
     Program ကို နားလည်လျင် ဘာလုပ်လို. ရသနည်း၊ (ကွန်ပျူတာ သမားတစ်ယောက်အတွက်) အတိုင်းအဆမရှိ ဥာဏ်ရှိတိုင်း သုံးလို.ရသည်။ ဂိမ်းတွေရေးမယ်။ ရောင်းစားမယ်။ Microsoft လို အသုံးချ ဆော့ဝဲလ်တွေရေးမယ်။ ရောင်းစားမယ်။ အွန်လိုင်းက ဖေ့ဘွတ်လိုမျိုး တစ်ကယ်ကောင်းမွန်တဲ့ Social Site ထောင်မယ်။ ကြော်ငြာရှင်တွေ ဖိတ်ခေါ်ပြီး ငွေတွေသဲ့ယူမယ်။ အမှောင်လုပ်ငန်းဖတ်ကနေပြိး သူများ ဘဏ်အကောင့်တွေ ခိုးဖို. အတွက် ဟတ်ကာလုပ်မယ်။ ဟာ.. Program ကို တစ်ကယ်တက်သိနားလည်တာနှင့် ဒါတွေအကုန် တစ်ကယ်လုပ်လို. ရသလား။ ရတာပေါ့။ သင်သာ တစ်ကယ်တက်ပေ့စေ။ ဒိလိုတွေသာ တစ်ကယ်လုပ်လိုရလျင် Program သင်အုံးမှပဲ။ Program သာတက်ရင် ငါတော့ချမ်းသာပြီ။
     ဒီမှာ စပြီးရှော့ ရှိလာတာပဲ။ ငွေရှိလိုပဲဖြစ်ဖြစ်၊ အဆင်မြင့် ကွန်ပျူတာဘာသာရပ်ဖြစ်လို. ဂိုဏ်ရှိအောင်ပဲဖြစ်ဖြစ်၊ အပေါ်မယ်ပြောခဲ့တာတွေကို အားကျလို.ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် မညာတန်း ၀န်ခံဆုံးဖြတ်ပြိးမှ သင်ယူလေ့လာစေချင်သည်။ သင်တန်းတွေ၊ Program စာအုပ်တွေ၊ Websiteတွေက သင်ကို သင်ပေးမှာက Program ရေးသားနည်းပဲ သင်ပေးနိုင်သည်။ လူသား ဘာသာစကားတွင် ဗျည်းတွေ၊ သရတွေရှိသလို Program တွင်လဲ အလားတူ Code များရှိသည်။ သင်တန်းတွေ၊ စာအုပ်တွေက သင်ကို ဗျည်းတွေ၊ သရတွေ၊ စကာလုံးတွေကိုပဲ သင်ပေးနိုင်သည်။ ဒါပေမယ့် သင့်ကို ဇာတ်လမ်းရှာမပေးနိုင်ပေ။ ဥပမာ Program တစ်ပုဒ်ဆိုသည်မှာ ၀တ္ထုတစ်ပုဒ်နှင့် တူသည်။ သင်တန်းတွေ၊ စာအုပ်တွေက သင့်ကို Program ရေးနည်းသင်ပေးသည်။ ၀တ္ထုရေးနည်း သင်တန်းတွေက သင့်ကို ၀တ္ထုတစ်ပုဒ် ဘယ်လိုရေးရမည်ကို သင်ပေးမည်။ ဒါပေမယ့် ဇာတ်လမ်း၊ ဇာတ်ကွက်ကိုတော့ ကိုယ်တိုင် ဥာဏ်ကွန်.မြူး ဖန်တီးယူမှ ၀တ္ထုကောင်းတစ်ပုဒ် ရေးလို.ရမည်။ အလားတူ Program တွင်လဲ ထိုကဲ့သို.ပင်။ Program တစ်ပုဒ်ရေးဖို. ဇာတ်လမ်း၊ ဇာတ်ကွက်မရှီလျှင် စာတက်ပြီး ၀တ္ထုတစ်ပုဒ်ဖြစ်မလာနိုင်ပေ။ အသုံးချ ဆော့ဝဲလ် တစ်ပုဒ် ဖြစ်မလာနိုင်ပေ။ ကိုယ်တွင် ဒိလို ဇာတ်လမ်း၊ ဇာတ်ကွက် ရှာဖို.၊ စိတ်ကူးရန် အတွေးမရှိလျှင် အချိန်တစ်ခုရောက်သောအခါ ထိုဘာသာစကားသည် အလိုလို မေ့လျော့သွားပေလိမ့်မည်။ Program တစ်ပုဒ်ရေးဖို.ဆိုသည်မှာ ဘာသာစကား(Program Code)၊ သချာင်္၊ အမျိုးမျိုးသော အထွေထွေ ဗဟုသုတရှိမှ ရေးလိုရနိုင်မည်။ သို.မဟုတ်ပါက ၁+၁=ဘာထွက်မည် ဆိုသော အသေးအမွှားလေးတွေလောက်နှင့်တင် ပြီးသွားလိမ့်မည်။ ကျွန်တော်တို. (ကိုယ့်ကိုကိုယ် မညာစတမ်းဝန်ခံပြီး) ဒိလိုစိတ်ကူးနိုင်လား၊ ဇာတ်လမ်းရှာနိုင်လား၊ ကိုယ်နဲ.ကိုက်ညီမှုရှိလား၊ မရှိလားဆိုပြီး သင်ယူ၊ မယူဆုံးဖြတ်ကြပါစို.
     ဒိလိုပဲ ပန်ချိဒိဇိုင်းအမြင်မရှိဘဲ graphic Desgin သင်မယ်။ Phisics ၊သချာင်္၊ Machanic ၊မကျွမ်းပဲ Auto Cad သင်မယ်။ အမျိုးမျိုးသော ဘာသာရပ်တွေကို အရွေးမမှားဘဲ တန်ဖိုးရှိသော အချိန်များကို ကိုယ်နှင့်ကိုက်ညီသော ဘာသာရပ်ကို ရွေးချယ်သင်ယူနိုင်ကြပါစေ။
     လူသားတိုင်းသည် မွေးကတည်းက မည်သည် ပညာမှတက်မလာပါ။ လေ့လာသင်ယူ နိုင်စွမ်းရှီသူများသာ ဖြစ်ပါသည်။ သိုသော အကန့်အသန်.ရှိသေးသည်။

No comments:

Post a Comment

Template by : kendhin x-template.blogspot.com