သက်ဆုံးတိုင်
နွယ်ရေ.........
နွယ့်အပြုံး နွယ့်နှလုံးကို
တစ်ဦးတည်းမူပိုင်
အကိုလိုချင်။
ချစ်လွန်းတဲ့စိတ်
သူစေခိုင်းရာကြောင့်
သ၀န်တိုမိတာ အပြစသ်မမြင်စေချင်။
" အရမ်းချစ်တာပဲ ကိုယ်ရယ် " ဆိုတဲ့
နွယ်နှုတ်ထွက်စကား
အကို ချိုမြိန်စွာသောက်ခဲ့မိ။
နောင်တစ်ချိန်
အချစ်တွေကွာကျ
အမုန်းခါးခါးတွေ ပေါ်လာမှာ စိုးထိန့် နေမိတယ်။
အချစ်နွယ်တွေရစ်ပတ်
အလွမ်းအထပ်ထပ်နဲ့  ဒိရင်ခွင်ကြိးကို
နွယ်မြင်လည့်စမ်းစေချင်။
အချစ် တစ်ခိုင်
အနမ်းတစ်ပွင့်ကို
အကို ကျေနပ်စွာလက်ခံယူမယ်။
မလာနိုင်မှန်းသိတဲ့
အမုန်းတစ်ဖူးကိုတော့
ကြောက်ရွံ့ နေမိတာတော့ အမှန်ကွယ်။
အမုန်းဆိုတဲ့စကားသံ
တွေးကြည့်ရုံနဲ့ 
ထလျပ်လျပ်ခုန် နှလုံးသွေးရပ်တန့် မတန့်  ခံစားရတယ်။
ဒါပေမယ်.........
အကိုကတော့
နွယ်ကို တစ်သက်မှာ တစ်ကြိမ်
တစ်ကြိမ်မှာ တစ်ယောက်တည်းချစ်တဲ့ အချစ်မျိုးနဲ့ 
သက်ဆုံးတိုင် ထာဝရချစ်နေမယ်။
No comments:
Post a Comment