အလွမ်းတွေနဲ့တိုင်တည်ခြင်း
နွယ်ရေ.........
အခါခါလွမ်းမိတဲ့
ဒိရင်တွင်းကခံစားချက်
ငြိမ်းအေးဖို့ အရေး ဘယ်လိုဖြေတွေးရမလဲ။
အနေဝေးပေမယ်
နီးစပ်လွန်းတဲ့နှလုံးသားတွေကြောင့်
လွမ်းရက်ရှည် ကြာညှောင်းလွန်းတယ် နွယ်။
နွယ်ရေ.........
လွမ်းပွင့်၊လွမ်းဖူးလေးတွေဝေနေတဲ့
ကိုယ်နှလုံးသားလေးမယ်
တစ်ဆစ်ဆစ်ကိုက်ခဲနာကျင်နေပြီ။
အလွမ်းတွေနဲ့ တည်ဆောင်ထားတဲ့
ကိုယ်တို့ နှစ်ဦးရဲ့ အချစ်အိမ်လေး
မမြင်ရတဲ့ အနာဂါတ်ကြံမ္မာမုန်းတိုင်းကြီးကြောင့်
ပျတ်သုန်းသွားမှာ စိုးရိမ်မိတယ်နွယ်ရယ်
နွယ်ရေ.........
အရမ်းချစ်မိတော့ အရမ်းလွမ်းနေရတဲ့
တန်ပြန်သက်ရောက်မှုကိုခံစားနေရတယ်။
အလွမ်းတွေနဲ့ ပြည်ကျပ်နေတဲ့ အကိုရဲ့ စိတ်
မဝေးတဲ့အနာဂါတ်မယ် အတူနေရတော့မယ်ဆိုတဲ့စိတ်နဲ့ 
လိမ်ညာထားရတယ် နွယ်ရယ်။
နွယ်ရေ........
အလွမ်းတွေကုန်ဆုံးလို့ 
အတူနေရမယ့်နေ့ ကို မျှော်လင့်နေမိပြီ။
ဘုရားရှင်မယ် အကြိမ်ကြိမ်ဆုတောင်းမိတဲ့
ရက်တွေလဲများနေပြီ နွယ်ရယ်



Mandalay Time
























No comments:
Post a Comment