ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Friday, May 11, 2012

၉ စစ်ကိုင်း

စစ်ကိုင်း
စစ်ကိုင်းတဲ့........
ဧရာဝတီရဲ့နှလုံးသားသိမ်းထားတဲ့နေရာလေ............
ဧရာဝတီဝတ္ထုရှည်မှာအလှပဆုံးကလိုင်းမိတ်ဒီနေရာလေးမှာပေါ့.............
မြောက်ဖျားဒေသအမြီးနှစ်ခွချန်ထားခဲ့တဲ့
ဧရာဝတီဆိုတဲ့ရေနဂါးအသဲနှလုံးကိုတော့
စစ်ကိုင်းမှာထားခဲ့သတဲ့အဲဒီရေနဂါးပေါ်က
ကင်းခြေမြားကိုတော့စစ်ကိုင်းတံတားတဲ့လေ............
စစ်ကိုင်းတဲ့.........
မယဉ်မရိုင်း
မြို့စစ်ကိုင်းတဲ့
တစိမ်းတွေကပြောကြတယ်
ဟုတ်ကဲ့.........
ရိုးရိုးလေးနဲ့ခမ်းနားလှတဲံ့
မြို့လေးတစ်မြို့ပါပဲ
စစ်ကိုင်းတဲ့........
စစ်ကိုင်းကိုရောက်
စစ်ကိုင်းရေသောက်မိုရင်ဖြင့်
မပြန်ခင်စာဖွဲ့ ကြ
အပြန်တွင်တေးဖွဲ့ ကြနဲ့ 
ရေးခဲ့ကြတဲ့စစ်ကိုင်းအလှတွေ.............
စစ်ကိုင်းတဲ့..........
သမိုင်းမရိုင်းခဲ့တဲ့စစ်ကိုင်း
မြင်း ငါစိုင်းရောက်တော့
စစ်ကိုင်းဆိုရင် ပရိမ္မက
ထီးလှိုင်ရှင် ကျန်စစ်သားရဲ့
မွေးဖွားရာဇာတိခွင်
အပါယ်ခံ အသခ`င်္ယာစောယွန်း
ဘုန်းထွန်းလို့ ဓားထက်
အင်းဝအရင်က နန်းတစ်ဆက်............
ခုနစ်စင်ကြယ်ပြောင် အမြီးထောင်လို့ 
သန်းခေါင်ယံကျော်လို့  သန်းလွဲ
ကြယ်မှုန်တဖွဲဖွဲ
လရောင်မွဲမွဲအောက်မှာ
ဧရာဝတီပေါ်က လှေငယ်တစ်စင်း
အင်းဝဘက် တဖြည်းဖြည်းချဉ်းကပ်
ယင်းရဲ့အငူ
ကျောက်ဆောင်ထိပ်မှာ
ရိပ်ခနဲ ခုန်ပျံသွား
သူခိုးကြီး ငတက်ပြားတဲ့.......
မိုးလင်းမှ စစ်ကိုင်းကပြန်
သူနည်းသူ့ ဟန်နဲ့  ကောင်းကျိုးလုပ်
ဟုတ်ကဲ့.........
ကျွန်ုပ် ဦးညွှတ်လိုက်ပါတယ်
ပစ္စည်းမဲ့ ရွှေတိုက်စိုး...........
စစ်ကိုင်းတဲ့...........
သူတော်စင်တွေနဲ့ အတူ
သတ္တိခဲတွေနေတဲ့မြို့ ပေါ့
တရားလည်းတဖက်
ဓားလည်းထက်တဲ့စစ်ကိုင်း
သူ့ သမိုင်း သူဖြတ်ကျော်
အတိတ်ခေါ်သံ ကြားမိပါရဲ့ ........
စစ်ကိုင်းတဲ့...........
ကဗျာကသိုဏ်း
စာတသိုဏ်းနဲ့ 
ဆရာမှိုင်း တဖွဖွနဲ့ 
ချစ်ခဲ့ရတဲ မြို့ လေးပေါ့...........
စစ်ကိုင်းမှာ ခေါင်းချ
ရှင်မဟာရဌသာရရဲ့ အုတ်ဂူဘေး
ငါ ရပ်ကြည့်ရင်းငေးမောမိ
ဂုဏ်ယူလိုက်ပါဘိ မြို့ စစ်ကိုင်း............
ဘ၀ကိုမကျေနပ်
အနေခက် ခံစားတဲ့အခါ
ထုံးရယ်၊ဗမားဆေးရယ်၊ဒေါသရယ်
သောကနဲ့ အတူ ကွမ်းယာထဲထည့်ဝါး
စစ်ကိုင်းသားတွေ ကွမ်းစားစွဲသွားပေါ့...........
စစ်ကိုင်းတဲ့............
အမြဲတမ်းပြုံးနေတဲ့မြို့ ပါ........
လောကဓံတရား
ခပ်ခါးခါးကြုံလာရင်
မတုန်မလှုပ်
ကွမ်းလေးမြုံ့ ပြီး
ငုံ့ နေတဲ့ခေါင်းလေး ပြန်မော့လာကာ
ကြော့ကြော့လေးပြုံးနေတဲ့ စစ်ကိုင်း..........
သမိုင်းဆရာတွေတောင် မျက်ရည်ဝိုင်းလောက်တယ်.................။

စစ်ကိုင်းသား

No comments:

Post a Comment

Template by : kendhin x-template.blogspot.com