ပတ္တမြားသွေး
တိုင်းဇေယျာတခွင်
အစိမ်းပေါ်အဖြူတင်
အလယ်တွင် ဗမာဆေး........
ပဇောင်လေး ကယ်ကယ်နဲ့ 
ဘော်ငွေရောင် သွားဖြူဖွေးမှာ
မည်းညစ်လို့ လေး...........
ပါးစပ်ကယ်တဲ့နီစွေးရောင်
ဒရက်ကူလာကတောင် အရှုံးပေး........
လူတိုင်းလိုလို ကြိုက်ပါတဲ့
သြော်........
ဒီမြစိမ်းရောင်ကွမ်းကိုမှဖြင့်
ပျိုမေတောင် တားမရ၊
လက်လျှော့လိုက်ရတဲ့ ဒီဘ၀မယ်
အိုဗျာ.........
ကျွန်တော်(.................)
ဇေယျာမောင် အညာသားမှာဖြင့်
နုဝါကွမ်းရွက် တံတားဦးဖက်က
ငမြာဆေးထည့် ရှားပြည်စွက်လို့ 
ထုံးဖြူကောင်းကောင်း စစ်ကိုင်းကတောင်း၍
ဝါးမိတိုင်းထွေး
ပတ္တမြားသွေး...............။
No comments:
Post a Comment