ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Thursday, May 10, 2012

ဇေယျာစစ်ကိုင်းရဲ့ဖိတ်ခေါ်သံ


ဇေယျာစစ်ကိုင်းရဲ့ဖိတ်ခေါ်သံ
ဧရာရစ်ဝိုင်း အနောက်ဘက်ကမ်းဆီက
မြို့ ပြငယ်လေး ဇေယျာစစ်ကိုင်း.........
လူတိုင်းရင်မှာ ချမ်းမြေ့
စိတ်ကြည်ျနူးမွေ့ အောင် ကြိုဆိုလို့ 
လှမ်းလင့်ကာဖိတ်ခေါ်
အတူတူလည်ကာဖူးကြမယ် တစ်မြို့ လုံး...........
ထုံးဖြူဖွေးဖွေး စေတီလေးတွေနဲ့ ပြည့်နှက်
သာသနာ့မြေရယ်လို့  မော်ကွန်းတင်
သမိုင်းရာဇ၀င် အထင်အရှားရှိခဲ့.........
တောင်ပေါ်ဆွမ်းဦး၊ကောင်းမှုတော်ပါမကျန်
ကံတလူဘုရား၊ဆင်များရှင်ဘုရား၊ငါးထပ်ကြီးဘုရားများလည်း ဖူးနိုင်တယ်.........
အစေခံခံတပ် ၀ါညက်ညက်ကလည်း
ဇာတိမာန်သွေး ပြန်ပြောင်းတွေးမိမှာပါ........
မြစ်ဧရာရဲ့အလှ ကမ်းစပ်တောင်ပေါ်နားဆီမှ
ရွှေတောင်ဦးမော် စေတီဘုရားကနေ
ရှု့ ခင်းခံစား တောင်းဆုပြုကြရအောင်လား..........
“ရွှေတောင်ဦးမော် ရှု့ မျော်ခင်းတွေ
မြစ်ပြင်းသာယာပေ ”ဆိုတဲ့
သီချင်းလေးကိုလည်း ခံစားနားဆင်ဖူးမှာပါ
ဘုရားပေါ်မှအဆင်း မြန်မာတို့ ရဲ့ရင်တွင်းမှာ
သမိုင်းတစ်ကွေ့  လူတိုင်းမမေ့ဖို့ အတွက်
ကနောင်မင်းရဲ့ လက်နက်စက်ရုံကလည်း အမှတ်တရပေါ့.........
ဘုရားတွေကုန်ပြီဆိုပြီး
ထူပါရုံနဲ့ အောင်မြေလောကကို မချန်လိုက်နဲ့ ဦး.........
စစ်ကိုင်းတောင်ခြေ သီတဂူမြေမှာလည်း
ဆရာတော်ဘုရားကြီးရဲ့ ကုသိုလ်တွေကို မုဒိတာပွားနိုင်တယ်
စစ်ကိုင်းမြောက်ယွန်း ဘိုးတော်မင်းကွန်းလည်း ကြိုဆိုလျက်ပါ
အသင်မိတ်ဆွေ........
လာချင်ရင်တဆိတ် ဖုန်းလေးနှိပ်ပြီး ခေါ်လိုက်ပါ
အသင်လာရာမှန်းမျှော် စောင့်ကြိုနေမှာနော်
စစ်ကိုင်းတံတားက လာမှာလား........?
ရတနာပုံတံတားက လာမှာလား........?


စစ်ကိုင်းသား

No comments:

Post a Comment

Template by : kendhin x-template.blogspot.com