ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Thursday, May 10, 2012

ကျွန်တော်ရေးသောစစ်ကိုင်းသားအကြောင်း


ကျွန်တော်ရေးသောစစ်ကိုင်းသားအကြောင်း

ပေရွတ်ဇာတာ၊ ကညှစ်တင်မယ်မှ

မည်သညှာ၊ အောင်ကိုဟုသမုတ်ပါလို့ 
အမယ်မင်း.....
အသက်လေးရယ်တဲ့တစ်ရာနှစ်ဆယ်။
ဆွေသဟာအလယ်၊ ချစ်စနိုးလေးနဲ့ 
ကွယ်ရာမယ်၊ အခေါ်ယဉ်ပုံက
အမယ်မင်း.....
အရူးလေးရယ်တဲ့ကိုအောင်ကို။
တော်ဂေါ်လီသကဲ့၊ စတိုင်ထုတ်ချင်
လည်ပုံလည်ပန်းနဲ့ ၊ ချာတူးလန်ပုံက
အမယ်မင်း.....
ထုံလိုက်တာဖြစ်လူတိုင်းသိ၏။
ကဗျာစာပေ၊ ပန်ချီဆွဲချင်ရဲ့ 
ရစ်မူးထွေ၊ ကိုင်စွဲပုံက
အမယ်မင်း.....
ကိုကလောင်စစ်ကိုင်းသားရဲ့။
မလေးပြန်၊ ကိုရွှေကိုင်းသား
မာနထန်၊ ဂိုဏ်ဝံ့ပုံက
အမယ်မင်း.....
နဘန်အုပ်ချင်စရာကောင်းပါရဲ့ ။
ဟန်းဖုန်းလေး၊ ခါးတော်ချိတ်လို့ 
ပေါင်ခြံမယ်ပွေးတွေနဲ့ ၊ မာန်ပါပါလျောက်လှမ်းပုံက
အမယ်မင်း.....
အမြင်ကပ်စရာကောင်းပါလို့ ခွေးတွေကဆွဲ။
မွန်းလိုက်တဲ့၊ ရွှေးကိုင်းသာ
တင်ပေးတဲ့ ကျွန်တော်တောင်မှ
အမယ်မင်း.....
မုန်းမိပါရဲ့ ။
ငါးရှစ်အရပ်၊ ခေါင်းမဆန့် တော့
သေရင်ဖျာလိပ်၊ စည်ကားပါရဲ့ 
အမယ်မင်း.....
ကိုရွှေကိုင်းသားသွားပါပကော။


ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com