ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Wednesday, December 19, 2012

ပုရုတ်လုံးလေးလိုပါပဲလား

     စက်ရုံတစ်ရုံပေါ့..... ထရန်စဖော်မာပေါက်လို.ပဲ ဖြစ်ဖြစ် ၊အခြားအကြောင်းတစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် မီးလောင်ပြီဆိုပါစို.ဗျာ။ မန်နေဂျာ သိုမဟုတ် စက်ရုံမှုးက တာဝန်ယူရတယ်။ အဖမ်းခံရတယ်ပေါ့ဗျာ။ ဟာ... ငါနဲ.မှ မဆိုင်တာ  ထရန်စဖော်မာပေါက်တာပဲ ။ မဟုတ်သေးဘူးလေး ၊ဟိုဟာကြောင့် ၊ဒိဟာကြောင့် ဆင်ခြေပေးလို.မရဘူး။ ငြင်းလို.မရဘူး။ ဘာလိုလဲဆိုတော့ သူက မန်နေဂျာ သို.မဟုတ် စက်ရုံမှုးတာဝန်ယူထားလို.ပဲ။ ရာထူး ၊လုပ်ပိုင်ခွင့်ပိုယူထားတယ်လေ။ ၀င်ငွေပိုယူထားတယ်။ စက်ရုံရဲ. ဆိုးဆိုးကောင်းကောင်း တာဝန်ယူရမှာ သူ.အလုပ်လေ။
     Highway လမ်းတစ်နေရာမှာပေါ့..... ကားတစ်စီး ဘီးပေါက်ပြီး တစ်ဖတ်ယာဉ်ကြောကလာတဲ့ကားတစ်စီးနှင့် မျတ်နှာချင်းဆိုင်တိုက်မိတယ် ဆိုပါစို.ဗျာ။ ဘီးပေါက်တဲ့ ကားဒရိုင်ဘာက ဒိယာဉ်တိုက်မှုပြဿနာကို တာဝန်ယူရတယ်။ မတော်တဆပဲဖြစ်ပေမယ့် ဒရိုင်ဘာဆိုတဲ့ တာဝန်ကိုသူယူထားတာကိုး။
     လက်ပံတောင်းတောင်သပိတ်စခန်းမှာပေါ့..... မျတ်ရည်ယိုဗုံးသုံးတယ်ပဲဆိုဆို ၊မီးခိုးဗုံးသုံးတယ်ပဲပြောပြော ၊မျတ်မြင်ကိုယ်တွေ.မယ်တော့ သံဃာတော်အများစုနှင့် ကျေးရွာသူ ၊ကျေးရွာသား အချို.မီးလောင်ဒဏ်ရာတွေဖြင့်။ မျတ်ရည်ယိုဗုံး ၊မီးခိုးဗုံးကြောင့်တော့ မီးလောင်စရာအကြောင်းလုံးဝမရှီပါဘူး။ သူတိုအဆို ဒိဗုံးတွေသုံးတယ်။ မီးလေင်တယ်။ တစ်ခုခုလွဲချော်နေပြီဆိုတာ အထင်းသားပေါ်လွင်နေပါပြီ။ မီးလောင်ဗုံးသုံးလိုပဲမီးလောင်လောင် ၊လွဲချော်မှုကြောင့်ပဲ မီးလောင်လောင် ၊ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ မီးလောင်လောင် ၊ဘယ်သူမှာမှ တာဝန်မရှိတော့ဘူးလား။  ၀န်ကြီးမှာလား ၊ရဲမင်းကြီးမှာလား ၊လူတစ်ယောက် အဖွဲအစည်းတစ်ခု ( အမိန်းပေးစေခိုင်းသူ ) ၊ပြုလုပ်သူလား။ တစ်ကယ်ရယ်စရာကောင်းတယ်။ ဒိမိုကရေစီနိုင်ငံတော်ဆိသွားနေတာတဲ့။ ဒိလိုတာဝန်ယူမှုမရှိတဲ့ သူတွေက ရာထူးကြီးတွေ ယူထားတော့။ ၀န်ကြီးတစ်ယောက်ရဲ. တာဝန်က ကျောင်းဆောင်သစ်ဖွင့်တာကို ဖဲကြိုးဖြတ်ပေးဖို.လား ၊ဟိုဟာလုပ် ၊ဒိဟာလုပ်လက်ညိုးထိုး ၊လာဘ်ထိုးသမျှယူ ၊ပြည်သူဆန္ဒကို မယူပဲ လုပ်ချင်တာလုပ် ၊ပြဿနာဖြစ်ရင် ရုပ်တည်ကြီးနဲ. ငါနဲ.မဆိုင်ဘူးဆိုတဲ့ တာဝန်ပဲလား။
     စက်ရုံတစ်ရုံမှာပေါ့.....
     ဟိုက်ဝေးလမ်းတစ်နေရာမှာပေါ့.....
     သပိတ်စခန်းမှာပေါ့.....
     နောက်တစ်ခုက ရင်းနှီးမြုပ်နှံမှုတွေ မလာမှာဆိုးရတယ်ဆိုတဲ့စကား။ အောင်းမလေးဗျာ။ ကြောက်လှပါပြီ။ ဒိလိုမျိုး မတရားဂုတ်သွေးစုပ် ၊ နိုင်ငံတော်အတွက်လဲ ပြောပလောက်တဲ့ အကျိုးအမြတ်မရှီ ၊ရင်းနှီးမြုပ်နှံမှု စီမံကိန်းနယ်မြေပတ်ဝန်းကျင်အတွက်လဲ ထိခိုက် ပျတ်ဆီးများ ၊ နယ်မြေလူထုအတွက်လဲ အကျိုးမရှီဘဲ ၊ဒိလိုအကျိုးယုတ် ၊နယ်မြေ ၊ယာမြေပျောက်ရတဲ့ ရင်းနှီးမြုပ်နှံမှုတွေ မလာလေကောင်းလေပါပဲဗျာ။ မှန်မှန်ကန်ကန် ရင်းနှီးမြုပ်နှံမယ့်သူတွေက ထိမိတိကျတဲ့ ရင်းနှီးမြုပ်နှံမှုဥပဒေကိုပဲ ကြည့်မှာပါ။ နိုင်ငံတိုင်းမှာလဲ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးပါ။ နိုင်ငံတော်ရော ၊ပြည်သူရောအကျိုးရှိလို. ဘာသံမှမထွက်တာတွေအများကြိးပါ။ မတရားသဖြင့် ဂုတ်သွေစုပ် ၊အာဏာရှင်အစိုးရနဲ. လက်ဝါးရိုတ် ၊မတော်လောဘအသောမသတ်နိုင်တဲ့ ရင်းနှီးမြုပ်နှ့မှုတွေမှသာ အသံထွက်ပြဿနာဖြစ်တာပါ။
     နောက် ဆတ်သွယ်ရေး။ ယခင်းဆယ့်ငါးသိန်းကနေ ငါးသိန်း ၊နှစ်သိန်း ဟော တစ်သိန်းခွဲလို. ကြားနေရတယ်။ ဈေးနှုန်းတွေလျော့ချပေးနေတယ်။ နိုင်ငံတကာနဲ.ယှဉ်ရင် ဈေးနှုန်းက အဆမတန်များနေသေးတယ်။ ဆက်သွယ်ရေးက တာဝန်ရှိသူတွေရဲ အပြောအဆို ၊အလုပ်အကိုင်တွေကလဲ သဘောကျစရာ တစ်ကွက်မှကိုမရှီဘူး။ တစ်လောကကလဲ အင်တာနက်အသုံးပြုခတဲ့။ နိုင်ငံတကာစံနှုန်းပါတဲ့။ sim card ကိုတော့ ဘာလိုနိုင်ငံမတကာရတာလဲ။ အင်တာနက်အသုံးပြုခကလဲ နိုင်ငံတကာစံနှုန်းထက်ပိုးယူထားသေးတယ်။ အင်တာနက်မပိတ်မိရင် ငွေမကုန်ပါဘူးဆိုပြီးပြောလိုပြော။ အဲဒိလိုပြောတဲ့သူက မူကြိုကနေ လက်ရှိရာထူးထိ ရလာအောင် ငွေနဲ.များလျောက်လာသလား မသိဘူး။ ဒိလောက်အရူးဆန်လွန်းတဲ့ စကားပြောတယ်။ ဆင်ခြေပေးရင်လဲ ယုတ္တိရှိတဲ့ဆင်ခြေမပေးဘူး။ ဆတ်မရေးတော့ပါဘူးဗျာ။ အိမ်တွင်းလူအကုန် တစ်ယောက်ဖုန်းတစ်လုံးစိကိုင်နိုင်ခဲ့လျှင် ပြည်သူတွေကျေးရွာ ၊လူထုပါမကျန် အသိဥာဏ်ဖွံ.ဖြိုးလာဖို.အထောက်အကူ အများကြီးရနိုင်တယ်။ ပညာရေးပြုပြင်ပြောင်းလဲရမှာ ဟုတ်တယ်။ ဒါကအချိန်ယူရအုံးမှာ။ ချက်ချင်းဝုန်းကနည်း မဖြစ်သေးဘူး။ လူတိုင်းဖုန်းကိုင်နိုင်ရင်ဆန်ဈေးနှုန်း ၊ရာသိဥတု ၊သတင်းအချက်အလက် Info ၊အလိမ်ခံရမှုအချို. ပပျောက်မယ် ၊လူမှောင်ခိုမှုအချို.ပပျောက်မယ် အများကြီးပါပဲဗျာ အကျိုးရှိမှာကတော့။ ခုတော့..... ခုတော့လဲဗျာ.....
     ၂၀၁၀ ကစပြီး လက်ရှိအချိန်ထိ ပြုပြင်ပြောင်းလဲမှုတွေ ဆတ်တိုက်လုပ်နေတဲ့ သမ္မတကြီးကိုလေးစားအားကျအထင်ကြီးခဲ့မိပါတယ်။ ထင်သာမြင်သာပြောင်လဲတာတွေမတွေသေးပေမယ့် လေစားခဲ့မိပါတယ်။ သိုပေမယ့်လဲ သမ္မတကြီးရဲ. အမေရိကန်ခရီးစဉ်မှာတော့ မသိနားမလည်တဲ့ပြည်သူတွေဆိက ကရုဏာလိုချင်လိုလားတော့ မသိပါဘူး ၂၀၀၈ အခြေခံဥပဒေမှုကြမ်းကို သိသိကြီးနဲ့ သဘောထားကြီးသယောင်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် အထင်ကြီးစိတ်ကလေးကတော့ ပြုပ်ကျသွားခဲ့ပြီ။ လက်ပံတောင်းတောင်ကိစ္စမှာ ယခင်အစိုးရပုံစံအတိုင်းပြုလုပ်ပုံတွေ ၊တာဝန်ရှီသူတွေကို ရာထားအပြောင်းအလဲမလုပ်သေးတာကိုကြည့်ပြီး အားမလိုအားမရဖြစ်ရကာ အားကျစိတ်ကလေးလဲ လျော့သွားပြီ။ နောက်ဆုံး သပိတ်စခန်းက သံဃာတော်တွေကို ၀ိနည်းနဲ. မညီဘူးပြောလိုက်တော့။ ကိုလိုနီခေတ်ကတည်းက ရဟန်းရှင်လူပြည်သူလူထုတဲ့။ စစ်တပ်ဆိုတာ နိုင်ငံတော် ကာကွယ်ဖို. အတွက်ပဲ။ အုပ်ချုပ်ရေးအတွက် မဟုတ်ပါဘူး။ အင်းအားအကြီးဆုံးလို. ပြောလိုရတဲ့ အမေရိကန်စစ်တပ်တောင် အုပ်ချုပ်ရေးထဲ မပါပါဘူး။ လွတ်တော်ထဲက နှစ်ဆယ့်ငါးရာနှုန်းကတော့ ၀ိနည်းနဲ့ညီတယ်ဆိုသလိုပဲလား။ နောက်ဆုံးတော့လဲ လေးစားအားကျအထင်ကြီးခဲ့တဲ့ စိတ်ကလေးက ပုရုတ်လုံးလေးလိုပဲ တဖြည်းဖြည်းနဲ. တဖြည်းဖြည်း တဖြည်းဖြည်းနဲ့


Little Brain
from fw mail

3 comments:

  1. အစ်ကိုအခုသုံးနေတဲ့ကုတ်လေးပေးပါလားပေးမယ်ဆိုရင်koartga@gmail.comကိုပေးပေးပါ

    ReplyDelete
    Replies
    1. ကုတ်ဆိုတာက Templete Code ကိုပြောတာလား Widget Code တွေကိုပြောတာလား

      Delete
    2. နည်းပညာ Lebels ထဲမယ်တော့ ဒိ Blog ထဲက Code တွေ အကုန်ကူးတင်ထားပါတယ်

      Delete

Template by : kendhin x-template.blogspot.com