အာရုံတော်တစ်စု
တရွေ.ရွေ. ၊တအိအိဖြင့်
ရာဇမဏိစူဋာ ကောင်းမှုတော်စေတီသို.
ဗျောသံကြမ်းကြမ်း
နှဲသံမွမွ
ဆိုင်းသံတုံတုံ
မြည်သံစွဲလင်္ကာစုံဖြင့်
နဗ္ဗာန်သို. ပျော်ပွဲထွက်သလို
လမ်းဘေးဝဲယာ
မျှဝေကုသုလ်ယူသည်
ရေပူ ရေချမ်းကမ်းလှမ်းတဲ့
ပရိသတ်
နတ်လူသာဓုခေါ်ချင်ဖွယ်
နဗ္ဗာန်သို. ခြေတစ်လှမ်း
စလှမ်းတဲံ သူတို.အသွင်
သောကပူပင် မြူမှုံတစ်ခြမ်းပင်မမြင်
အေးချမ်းစိတ်အစဉ်ဖြင့်
ပြုံးပျော်ရ့င်မြူးလို.
မြင်မိသူတောင်ကူးစက်လို.နေ
တစဖတ်လမ်းက
ဘုရားဖူးပြန်
ဧည့်ပရိတ်သတ်
သာသနအလံကိုယ့်ဆီကိုင်လို.
ဝှေ.ယမ်းကာ
ပျော်ရွှင်နေသူတို.၏
" ဟေး " ကနည်းအသံ
ဘ၀ဂ်တိုင်ညံညံစီပြီ။
ညချမ်းအခါ
ပူဇော်ကြဆီမီး
တစ်ထောင်
တစ်သောင်း
တစ်သိန်း
လောကကြီးတောင် လင်းထိန်လို.
စန္ဒာလမင်း
အားဖြည့်လို.ကူညီ
အမှောင်ကို ခွင်းလို.
အလင်းကိုဆောင်
ငရဲတံခါးပိတ်လို.
နဗ္ဗာန်တံခါးကို
စုပေါင်းဖွင့်ပြီ
မီးရောင်စုံ
သီတင်းကျွတ်မှာ
ဖေါက်ကြစို.
ကုသိုလ်လမ်း



Mandalay Time
























No comments:
Post a Comment