မိုးခါးမသောက် အများနဲ.ကွဲ
ငါသာရူးပြီ ဟိုလူမတည့်
ဒိလူမတူ ငါသာဘေးထွက်
လူဘ၀ဘောင် အပြင်ရောက်လို.
ရောက်မှန်းမသိ ဖြစ်နေရပြီ။
မုသားမဆို မာယာမရှိ
တိုထိုးအိုးပေါက် ငါ့နှုတ်စကား
သူတို.သောတ သံရည်ပူဆင်း
ဟိုလူမကြည် ဒိလူရှောင်ဖယ်
အထီးကျန်ဆန် တစ်ယောက်တည်းသာ
နေရတော့မည် သေရတော့မည်။
ပုတ်သင်တစ်ကောင် ရာသီပြောင်းတိုင်းသ
အရောင်ပြောင်းလို. လိုက်လျော့ညီထွေ
ဘ၀လက်ဆောင် ရရှိပါသည်
လူ.ပုတ်သင်လဲ သိုင်းဝိုင်းပြောင်းတိုင်း
မုသားဖြူဖြူ သကာစကား
ပြောနိုင်သူသာ လူရာဝင်သည်။
မိုးခါးရွာစဉ် အများသောက်လျှင်
ငါလဲသောက်သင့် ရိုးသားမာန
ရိုတ်ချိုးခံရ အမှားများလျှင်
အမှန်ဖြစ်တဲ့ ဒိစကားဖြင့်
ခုချိန်ကစ ငါလည်းလိမ်မည်
ငါလည်းညာမည် မုသားဆိုပြီ။
No comments:
Post a Comment