အတိတ်ချိန်က သားသမီးစု
ဟီးဟီးဟားဟား ပြေးလွှားဆော့ကာ
အိမ်၏ဆည်းလည်း ကျွန်တော်တို.တွေ
အမေ့အပါး တိုးဝှေ.ကပ်လို.
ချွဲနွဲ.ကာနေ ဆီုးနွဲ.ခဲ့မိ
စည်စည်ကားကား ပျော်ရွှင်ခဲ့ပေါ့။
ခုချိန်ခါတွင် ခြောက်ကပ်တိတ်ဆိတ်
အိမ်ထောင်ခွဲသူ အဝေးရောက်သူ
ဘ၀ပင်လယ် ရုန်ကန်းရွတ်လွင့်
ညီအကိုတွေ ခွဲခွာလိုနေ
မေနှင့်ကျွန်တော် နှစ်ယောက်တည်းသာ
အိမ်မယ်ကျန်တယ် ငြိမ်သက်လိုနေ။
အမေကလဲ စကားနည်း
ကျွန်တော်ကလဲ မချွဲနွဲ.တော့
အမေ့အိမ်လေး အသံဆိုတာ
နတ္ထိဗလာ ရွှေထက်ကြီးတဲ့
အဖိုးနဂ္ဂ ကြီးမားလို.သာ
ဖြစ်လို.နေပြီ မှတ်လိုထင်ပြီ။
မေမေနေကောင်း သားကြီးအသံ
ကျန်းမာစေကြောင်း သားလတ်အသံ
မေ့မြေးကြီးလေ သမီးငယ်သံ
မေရေချိုးမယ် ကျွန်တော်အသံ
သားပြန်လာပြီ သားထွေးအသံ
အမေမျတ်နှာ အပြုံးတွေဝေ
ပိတိတွေကြွေ စဉ်ထာဝရ
မေမေပြုံးပျော် ဒိနေ.လိုသာ
သားမောင်ကျွန်တော် မြင်ချင်မိတယ်။
No comments:
Post a Comment