ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Sunday, August 19, 2012

အစွန်းမရောက်ဖို.

ရွှေပင်နားတော့ ရွှေကျေး
ငွေပင်နားတော့ ငွေကျေး
တံငါနားနီးတံငါ
မုဆိုးနားနီးမုဆိုး
ပတ်ဝန်ကျင်ဆိုင်ရာ စကာပုံတွေ
ဂျိုကုတ်ရှိရာ ဂျိုကုတ်လာ
ချိတ်ချိတ်ခြင်းချိတ်
ပုလင်းတူဗူးစို.
ဖွတ်ဖွတ်ချင်းအမြီးလိမ်
တူညီရာစုတဲ့ ဗန်းစကားတွေ
ရွှေပင်နားလို. ရွှေကျေးဖြစ်တာလား
ရွှေကျေးဖြစ်လို. ရွှေပင်မှာနားတာလား
ဂျိုကုတ်ရှိလို. ဂျိုကုတ်လာတာလား
ဂျိုကုတ်ဖြစ်လို. ဂျိုကုတ်ရှိရာသွားတာလား
ဘယ်သူမှားပြီး ဘယ်သူမှန်လဲ
တစ်ရွာမပြောင်း သူကောင်းမဖြစ်
သေခြင်တဲ့ကျားတောပြောင်း
ဆန်.ကျင်ဖတ်စကာပုံနှစ်ခု
သူကောင်းဖြစ်ဖို. တစ်ရွာပြောင်းတာလား
သေချင်လို. တောပြောင်းတာလား။
ဘယ်သူမှားပြီး ဘယ်သူမှန်လဲ
ဘယ်သူမှ မမှားသလို
ဘယ်သူမှမမှန်
အစွန်းမရောက်ရန်
အပြန်အလှန်ထိန်းကြောင်းဖို. ဆန်ကျင်ဖတ်တွေရှီနေတာ


ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com