ကြယ်ရောင်တွေလဲ မလင်းနိုင်ပြီ
လမင်းကြီးလဲကွယ်ပျောက်နေပြီ
တစ်စီစီမြည်တက်တဲ့ ပိုးကောင်းတွေလဲ
တိတ်ဆိတ်ငြိမ်သက်လို.
တစ်လောကလုံးလဲ
ခြောက်ခြားဖွယ် ငြိမ်သက်နေ
မုန်းတိုင်းလာတော့မှာလား
လေပြေလေးလာတော့မှာလား
မနက်ဖြန်ဆိုတာမတွေးချင်
ငါအတွေးကို ငါမပိုင်တော့
ဒီအကြောင်းက ငါ့ဥိးနှောက်ကို စိုးမိုးချုပ်ကိုင
ပူပင်သောကစိတ်က မောင်းထုတ်သော်လည်း
တစ်ခဏသာ
မနက်မှာ ဆုံမယ့်
ဒီအကြွေးရှင်ကို
ငါဘယ်လိုရင်ဆိုင်ရမလဲ
No comments:
Post a Comment