ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Friday, July 13, 2012

သားမောင်ချစ်တယ်

ကိုးလကိုလွယ် ၊ဆယ်လမှာဖွား
ပုခုံးတစ်ဝါး ၊ဖ၀ါးနှစ်တစ်
သားမောင်လေးကို ၊လူလောကသို.
ခေါ်သွင်းလာသူ။
အနန္တဂုဏ် ၊ဘုရားနှင့်တူ
ရှစ်ခိုးဦးချ ၊ကန်တော့ခံရ
မွေးမိခင်သူ ၊ကျွေးမိခင်သူ
တာဝန်ကုန်ယူ။
သားတို.တတွေ ၊ပညာတွေတက်
ဥာဏ်ရည်ဖွံ.ဖြိုး ၊လောကအလယ်
ဂိုဏ်မငယ်ရအောင် ၊ကြိုးစားရုန်းကန်
ကျွေးမွေးခဲ့သူ။
မေမေနေကောင်း ၊သားမောင်ဆုတောင်း
ပူပင်ကင်းဝေး ၊စိတ် / ကိုယ် ကျန်းမာ
သာယာစေကြောင်း ၊ဘုရားရှင်မယ်
ဆုတောင်းမိသူ
တာဝန်တွေကျေ ၊ပိုလျှံလိုနေ
မေမေကိုလေ ၊တစ်ကမ္ဘာမှတ်
တစ်ဘ၀လုံး ၊သံသရာလုံး
သားမောင်ချစ်တယ်။

ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com