အစေအပါးတို.က ဘုရင်ကြိးကို လျှောက်တင်လေ၏
သူတော်စင် နာရတန်းကား
အရှင်၏ဘုရားကျောင်းသို.မ၀င်
လျစ်လျူပြုထား၏
လမ်းမတကာ၏ သစ်ပင်ရိပ်မှာသာ
ဘုရားရှင်၏ ဂုဏ်တော်ဘွဲ.ကို သီကျူးရင်းနေပါတော့သည်
ထိုကြောင့်ဘုရားကျောင်းအတွင်းတွင်
ဝတ်ပြုပူဇော်မည့်လူသူ ကင်းမဲ့နေပါပြီ
ကြာဖြူပန်းပွင်တွင် ပျားကောင်တို. ပျံဝဲနေသကဲ့သို.သာ
လူပရိသတ်မှာလည်း သူ.ထံပါးတွင် ၀ိုင်းအုံနေခဲ့ကြပါသည်
ပျားရည်ထည့်သည့်ရွှေကရားကိုကား
ဂရုမစိုတ်ဘဲပစ်ထားသည့်
နှယ်ဖြစ်နေပါသည်
ဘုရင်ကြီးလည်း နှလုံးမသာယာတော့ပါ
မြက်ခင်းပေါ်တွင် ထိုင်နေသော
နာရတန်းရှိရာသို. သွားရောက်လေ၏
အိုအဖ...ကျွန်ုပ်၏ ရွှေကျောင်းတော်ကို
အဘယ်ကြောင့် စွန်.ခွာထွက်သွားရပါလိမ့်
ဘုရားရှင်၏ မေတ္တာတရားကို
ဖုန်တောထဲထိုင်ပြီး အဘယ်ကြောင့်ဟောကြားနေပါလိမ့်
ဘုရင်ကြီးက မေးလိုက်လေသည်
သင် ဘုရင်မင်းမြတ်၏ ရွှေကျောင်းတော်တွင်
ဘုရားရှင်ကမနေသောကြောင့် ဖြစ်ပါသည်
နရတန်းကပြောလိုက်၏
ဘုရင်လည်း မျက်မှောင်ကုတ်ပြီး
သင်မသိလေရော့သလား
ရွှေဒင်္ဂါးသန်းနှစ်ဆယ်အကုန်ခံပြီး
ကျောက်ဖြူသား အနုလက်ရာဖြင့်
တည်ဆောက်ထားရသည် မဟုတ်ပါလား
ဘုရားရှင်အတွက် ငွေအမြောက်အမြားအကုန်ခံပြီး
ကြီးကျယ်ခမ်းနားစွာ အထွက်အမြတ်ပြု
တည်ထားခဲ့ရသည် မဟုတ်ပါလား
မှန်ပါသည်... ယင်းကိုငါသိပါသည်
နာရတန်းက ဖြေလိုက်၏
ထိုနှစ်က
သင်၏ တိုင်းသူပြည်သား ထောင်ပေါင်းများစွာသည်
သူတို၏ အိမ်ရာများ မီးလောင်ပျတ်စီး ဆုံးရှူံးခဲ့သည်
သင့်နန်းတော်တံခါးဝတွင်
လာရောက်အကူအညီတောင်းခဲ့သော်လည်း အချည်းအနှီးပင်
ဘုရားရှင်က ကျုသို.မိန်.ခဲ့၏
ဆင်းရဲသည့် သတ္တ၀ါ အကာအကွယ်မဲ့သူတို.ကို
သူတို၏ ညီနောင်တိုက ကူညီမှု ပေးရပေမည်
ငါ၏ နေရာကို ထိုသူတို. ဆောက်လိမ့်မည်
ပြီးတော့ လမ်းဘေးသစ်ပင်ရိပ်များအောက်တွင်
သူတို.နေရာကို သူတို.လုပ်ကြပေလိမ့်မည်တဲ့
ပြီးတော့ မာန်မာန အပူငွေ.တိုပေါ်တွင်
ရွှေရောင် ရေမြုပ်ရေပွတ်တို. ပြည့်နေတက်ပေသည်
ဘုရင်းလည်း ဒေါသကြီးစွာ အော်ဟစ်တော့၏
ကျွန်ုပ်ပိုင်နက်က ထွက်သွားလော့
သူတော်စင် နာတရန်းကား ငြိမ်အေးစွာပင်
ကောင်းပါပြီ ဘုရင်မင်းမြတ်
အသင်ကား ငါ့ကို နှင်ခြံပြီ
ငါ၏ ဘုရားရှင်ကိုလည်း က်ျုနေရာမှ
သင်နှင်ခြင်းပင် ဖြစ်တော့သည်
ဘာသာပြန်ကိုရွှေသိမ်းမင်း
No comments:
Post a Comment