ကျွန်ုပ် ခံစားရပါရဲ.
ကမ္ဘာကြီး ရေလွှမ်းခံရသလို
ကျွန်ုပ်ဘ၀ထဲ ကျိုးပေါက်လာလေရဲ.
ခန္ဓာကိုယ် အနှံ.မှာ ပန်းပွင်များစွာပွင့်နေရဲ.
ရေပြင် မြေပြင် ပေါ်က နုပျိုလန်းဆန်းမှုအားလုံး
ကျွန်ုပ် နှလုံးအိမ်မှာ မွှေးရနံ.တစ်ခုလို သင်းတံဖြာဝေနေပြီ
ကျွန်ုပ်အတွေးများ ပလွေကျူသံအလား မြူးတူးနေပြိ။
တစ်လောကလုံး အိပ်ပျော်သွားချိန်မှာ
သင့် တံခါးဆီ လာခဲ့မည်
ကြယ်ပွင့်များလည်း ငြိမ်သက်သွားမည်
တေးဆိုဖို. ကျွန်ုပ် မရဲတော့ပါ
သင့်ကိုယ်ရိပ်လေး လသာဆောင်မှာ ပျောက်သွားသည်ထိ
ကျွန်ုပ် စောင့်ဆိုင်းမျှော်လင့်နေမည်
သည်တစ်ညအတွက်
ကျေနပ်နှစ်သိမ့်နိုင်သည့် ခံစားချက်နဲ.
ကျွန်ုပ်ပြန်သွားပါမည်။
မနက်လင်းချိန်ခါ
အိမ်ရှေ.လမ်းမှာ ကျွန်ုပ် တေးဆိုနေမည်
စည်းရိုးပန်းလေးများက ပြောပြပါလိမ့်မည်။
လေညင်းလေးက နားဆင်ပါလိမ့်မည်။
လမ်းသွားလမ်းလာများက ကျွန်ုပ်ကို ရပ်ကြည့်ကြမည်။
သူတို.နာမည်ကို ခေါ်သလားလို.။
သင့်ဆန္ဒတွေ ဖြည့်ခိုင်းဖို.
ကျွန်ုပ်ကို သင့်အိမ်တံခါးဝမှာ နေခွင့်ပြုပါ
သင်ခေါ်တဲ့အခါ သင့်ပိုင်နက်ထဲ ၀င်ပါရစေ။
ကျွန်ုပ်ကို
သမုဒ္ဒရာ ရေအနက်ထဲ မနှစ်မြုပ်ပစ်ပါနှင့်
ဒုက္ခဆင်းရဲဖြင့် မချေမွပစ်ပါနှင့်
မြူမှုန်များ ပိတ်ဆီးသလို သံသယဖြင့် မလွမ်းပါနှင့်
ထေပြားပြီး မရေရာသည့်လမ်းမှာ မနေပါရစေနှင့်
ဝန်များစွာ ထမ်းပိုးတင်ပြီး
နှလုံးသားလေးလံအောင် မလုပ်ပါနှင့်
သင့်အစေအပါး အဖြစ်သာ
ခေါင်းမော့ ရင်ကော့ ရဲရဲစွာ နေရခွင့်လေးပေးပါ။
ဘာသာပြန် ကိုရွှေသိမ်းမင်း



Mandalay Time
























No comments:
Post a Comment