အသည်းကွဲပြီဆိုရင်
ပုရွတ်ဆိတ်ကိုက်သလိုတော့
မဟုတ်ဘူး
ကြပ်ပူထိုးလို့လည်း
မရဘူး
သွေးစုပ်ဖုတ်ကောင်ကိုက်ခံရတာထက်
ဆိုးသေးတယ်
ဒါပေမယ့်မပူပါနဲ.
အသည်းဆတ်ဆေးရည်ပေါ်နေတာ
နှစ်ပေါင်းများစွာကြာပါပြီ
ခါးတယ် ပြင်းရှရှနဲ. မူးတယ်
နည်းနည်းသောက်ရင်
အသည်းခဏလောက်ဆက်မယ်
အမြဲတမ်းသုံးရင်
အကောင်းအတိုင်းဘဲ
သုံးရတာလည်းလွယ်တယ်
နေရာတိုင်းလည်းရနိုင်တယ်
No comments:
Post a Comment