ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Thursday, June 7, 2012

၂၈ အောင်နိုင်သူ

အောင်နိုင်သူ
ပုထုဇဉ်လူ.အသွင်မှာ
စိတ်စေရာလှုပ်ရှား
သူသူ ကိုယ်ကိုယ်
စိတ်၏ကျေးကျွန်
စေလိုစေ ခိုင်းလိုခိုင်း
သူသာသခင်
ရှင်ဘုရင်ဖြစ်၏။
ဒိနေ.ဒိရက်
" ငါဟဲ့ " ကြုံးဝါး
ဘ၀ဂ်တိုင်အောင်
အသံလှိုင်းရိုတ်ခတ်
မျတ်နှာမာန်ချီ
ခေါင်းမော့ရင်ကော့
အောင်နိုင်စစ်သူဖြစ်ပြီ။
သောက်ချင်ဆေးလိပ်
စက္ကုနှစ်ကွင်း ဟိုဒိကြည့်မိ
လက်တစ်ကမ်းမယ်
ဟိုဒိပြန်.ကျဲ တိုတိုရှည်ရှည်
အနု ၊အကြမ်း လာပါကမ်းလင့်
ခံတွင်းချဉ်ပြေအောင်
လက်ယက်လို.ခေါ်နေအသွင်။
မသိလိုက်ခင် လက်ကမ်းလိုက်မိ
လမ်းတင်ရပ်တန့် ချုပ်တီးတော်လှန်
စိတ်ဘုရင်စေရာ ငါမလိုက်နာ
ငါ့လက်ကိုငါပြန်ခေါ်
ဆေးလိပ်များနဲ.ဝေးရာ
သောက်ချင်ဆေးလိပ် ဒိစိတ်အစဉ်ကို
ငါအောင်နိုင်စဉ်တွင်
ခံတွင်းချဉ်မှု အလိုလိုပျောက်သည်။


ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com