ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Thursday, June 7, 2012

မလိုချင်သောစိတ်

မလိုချင်သောစိတ်
အငိုနဲ.စ အငိုနဲ.ဆုံး
သတ္တလောက တစ်တည်းလာ
တစ်ယောက်တည်းသွား နီးယာမတရား
မိသားစုအလယ် မျတ်နှာငယ်
ထောက်ပံ့မှုမရ နှိမ့်ချရ
တစ်ယောက်တည်းအထီးကျန်ခြင်းနှင့်လား။
ဘာသာရေးမယ် ရေးမှတ်ခဲ့တယ်
အတိတ်ဘ၀ကံ မည်သူပြုသည်
ငါမသိလည်း ပစ္စပ္ပုန်မယ်
သင်သာခံတော့ သက်မှတ်လေသရောလား။
ဘယ်သူမပြု မိမိမှုဟု.
အတိတ်ဘ၀ ကိုယ်သာပြု၏
လွဲမှားသည်ထင် အတိတ်စိတ်တစ်ခု
လက်ရှိစိတ်ဖြင့် ၀ဋ်ခံပေရော.လား။
ငွေတွေမလိုချင်၊
ဂုဏ်တွေမလိုချင်၊
ကျန်းမာခြင်းတွေ၊ မချမ်းသာခြင်းတွေငါမလို၊
ကောင်းခြင်းဆယ်ဖြာစုပြုံလာလဲငါဂရုမစိုတ်ချင်။
ငါဘ၀ကိုငါသာပိုင်ချင်၊
ငါစိတ်ကိုငါနိုင်ချင်တယ်။
ကလေးတစ်ယောက်လို အော်ဟစ်ငိုယို
ဖိုးရွှေလမင်း ထမင်းဆီဆမ်းရွှေလင်ပန်းတော့မဟုတ်
လောကကြီးရေ ငါငိုယိုတောင်းမိ
ကြံခိုင်တဲ့စိတ်ပဲ ငါလိုချင်တယ်
ပျော့ညံစိတ်ထား သိမ်ငယ်စိတ်ကို
ငါကိုယ်ထဲမည်သူထည့်ပေးသနည်း???
အဘယ်အတွက်ထည့်ပေးသနည်း???


ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com