ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Monday, May 14, 2012

၁၄ ရှာင်ဖယ်ပြေးသူ

*ရှောင်ဖယ်ပြေးသူ*
မွေးနေ.နှစ်ခါကြုံသောခါဝယ်
နောက်ကိုငှဲ.ကြည့်နှစ်နှစ်ချိန်ခါ
ကုန်လွန်မြန်ခဲ့
တအူတုံဆင်းသွေးသားရင်းကဲ့
မသိစိတ်ကခွဲခြားစိတ်ဖြာ
ဆုံးဖြတ်သော်လည်း
အသိစိတ်ကအရောင်ခြယ်
အဖြူအနီကာလာလွန်ပွဲ
သရေသာမျှတအဖြေ
သူလဲပေးမည်၊ငါလဲလိုချင်
မေ့ချင်လျှင်အချိန်စောင့်
ကြာရှည်အချိန်တွေ.ဖန်များလျှင်
ပြောင်းပြန်အကျိုးသံယောဇဉ်တိုး။
တစ်ချိန်ကထင် တွေချိန်များလျှင်
ငါသာအရူး၊စိတ်ကိုလှည့်စားချင်။
လက်ရှိအချိန် ရှောင်ဖယ်ကာပြေး
အဝေး...အဝေး...ဝေး...
စိတ်ကူးကြံရွယ်တွေးတောချိန်တောင်
ပြင်ထန်ခံစား ရင်ကမ္ဘာတုန်ဟီးတယ်။
ကြည့်မှန်တစ်ချက်ယောင်ပြန်ဟပ်သည်
ကိုယ်ပြုံးလျှင်သူပြုံး
ကိုယ်မဲ့လျှင်သူမဲ့
နီးယာမမှန်ပေမယ့်ပြဿားကွာသည်။
နယူတန်သဘော သက်ရောက်မှုကြီးလေ
တုန်ပြန်မှုပြင်းလေ။
လက်တွေ.မဟုတ်ငြား
စိတ်တွင်တွေးတောနေစဉ်ခိုက်မှာ
တုန်ပြန်မှုပြင်းထန်လေပြီ။


ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com