ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Monday, May 14, 2012

၁၃ သံယောဇဉ်

*သံယောဇဉ်*
၂၀၁၀ နှစ်ဦးခါ လူတစ်ယောက်အွန်လိုင်းပေါ်ရောက်
အထီးကျန်ဘ၀ ကုစားမယ်ကွဟု တွေးတောအမြင်ဖြင့်ပေါ့။
MTRC မယ်လာဟိုင်းပါသည် မည်သူမှန်းမသိခဲ့
အကောင့်တောင်းပြီး ပြောကြာဆိုကြ သိရှိပါပြီ မားထန်မည်၏။
ဆောင်းဦးနှစ်ခါကျော်သောခါဝယ် လူတစ်ယောက်မယ်
သံယောဇဉ်နှောင်ဖွဲ.ရစ်ပတ်နွယ်သည် မာထန်အပေါ်ဝယ်ဖြတ်တောက်မရနိုင်တော့။
သူငယ်ချင်းသံယောဇဉ်လား???မဟုတ်ဘူးပိုသည်။
ချစ်သူသံယောဇဉ်လား???မဟုတ်ဘူးမပူလောင်ဘူး။
ဘယ်လိုသံယောဇဉ်လဲ???မတွေးတက်တော့။
သူ...ဆိုးသွမ်းသူနဲ.တွေ.မှာတွေးပူမိတယ်။
သူ...စိတ်မချမ်းမြေ.ပူပင်မှာတွေးကြောက်မိတယ်။
သူ...လိုအင်ဆန္ဒဖြည့်ဆည်းပေးချင်မိတယ်။
သူ...သိမ်ငယ်နေချိန်အားပေးနှစ်သိမ့်ပေးချင်မိတယ်။
မွေးနေ.နှစ်ခါကြုံသောခါဝယ် ဒီသံယောဇဉ်တွေယိုစိမ့်လာတယ်။
မိသားစုသံယောဇဉ်...မပူလောင်ဘူးလို. မည်သူပြောသနည်း???
မိသားစုသံယောဇဉ်...ငါကိုမည်သူထည့်ပေးသနည်း???


ASMOON

No comments:

Post a Comment

Template by : kendhin x-template.blogspot.com