Root လုပ်နိုင်သော Update.zip တည်ဆောက်နည်း။
CWM Recovery သွင်းထားသော Device များတွင်သာ အသုံးပြုနိုင်သည်။ Android Ultimate Toolbox Pro.exe Software လိုပါသည်။ Update.zip ကို CWM မှ သွင်းရန် အသုံးပြုပါမည်။ Virtuous Ten Studio.exe Software လိုအပ်မှုပေါ်မှုတည်၍ အသုံးပြုနိုင်ပါသည်။ Superuser Icon ကို မိမိ Logo, ဆိုင် Logo စသည့်ဖြင့် ပြောင်းလဲချင်လျှင် အသုံးပြုရပါမည်။
# ပူးတွဲပါ Asmoon.zip ကို Unzip လုပ်ပါ။ ထို အခါ Folder နှစ်ခုပါဝင်နေပါမည်။ 1# system Folder and 2# META-INF Folder ဆိုသည့် Folder နှစ်ခုပါဝင်ပါသည်။ ( Asmoon.zip > /system and / META-INF Folders )
# system Folder ကို ထက်ဖွင့်ပါ။ Folder လေးခုပါဝင်ပါမည်။ 1# app 2# bin 3# fonts 4# xbin ဆိုသည့် Folder လေးခုပါဝင်ပါသည်။ ( /system > /app, /bin, /fonts, and / xbin Folders )
1# /app > ထို Folder ထဲတွင် Root မည်ဆိုလျှင် Supersuer.apk ကို ထည့်ရပါမည်။ Keyboard ထည့်ချင်လျှင်လဲ Frozenkeyboard.apk လဲ ထည့်နိုင်ပါသည်။ အခြားမိမိ ထည့်ချင်သော Application.apk များလဲ ထည့်သွင်းနိုင်ပါသည်။ ထို Applications များသည် System app များဖြစ်သွားပါမည်။
2# /bin > ထို Folder ထဲတွင် Root မည်ဆိုလျှင် Su File ( ပူးတွဲပါ Asmoon.zip အတွင်းတွင် ထည့်သွင်းထားပြီးသား ) နှင့် Superuser.apk ကို ထည်ရပါမည်။ ( Su+ Superuser.apk ) ထိုမှသာ Root Access ရရှိမည်ဖြစ်သည်။
3# fonts > ထို Folder ထဲတွင် မိမိထည့်သွင်းလိုသော fonts ( .ttf ) များထည့်ရပါမည်။ ဥပမာ DroidSanFailback.ttf, SmartZawgyi.ttf
4# xbin > ထို Folder ထဲတွင် Busybox File ( ပူးတွဲပါ Asmoon.zip အတွင်းတွင် ထည့်သွင်းထားပြီးသား ) ထည့်ရပါမည်။
မိမိ System app များ ဖြစ်စေချင်သော၊ မိမိထည့်သွင်းချင်သော အရာများ ထည့်သွင်းခြင်းသာ ဖြစ်သည်။ ပြီးလျှင် /system Folder အတွင်းရှိ Folder လေးခုတွင် မိမိ မလိုအပ်သော Folder များကို Delete လုပ်လိုက်ပါ။ ဥပမာ မြန်မာဖောင့်နှင့် Root ပဲ လုပ်မည်ဆိုပါက /app and /xbin Folder ကို Delete လုပ်ပါ။ System app ပဲ လိုချင်လျှင် /bin, /font, and /xbin Folder များကို Delete လုပ်ပါ။ Fonts အသစ်များကိုသာ လိုချင်ပါက /app, /bin, and /xbin Folder များကို Delete လုပ်ပါ။
Superuser ကို မိမိ Logo ဆိုင် Logo မိမိ ကြိုက်နှစ်သက်သော icon ပြောင်းရန် Virtuous Ten Studio.exe Software ဖြင့်ပြောင်းနိုင်သည်။
မိမိ ထည့်ချင်တာ ထည့်ပြီးသွားပါက /system Folder and /META-INF Folder နှစ်ခုကို Zip ပြန်လုပ်ပေးပါ။ Zip တစ်မျိုးသာရသည်။ အခြား Rar, 7zip စသည့် Etract Format အမျိုးအစားများမရပါ။ Only Zip သာ။
အားလုံးပြီးသွားပြီ ဆိုလျှင် Android Ultimate Toolbox Pro ကို ဖွင့်ပါ။ မိမိလုပ်ထားသော Zip File ကို CWM ကသွင်းလိုရအောင် Sign ရပါမည်။ Software မှ Sign update.zip ကို Click ပြီး ခုနကလုပ်ထားသော Zip File ကို ရွေး၍ Open လိုက်ပါ။ ထိုအခါ မိမိပေးထားသော နာမည်နှင့် Signed zip လေးရပါပြီ
ထို zip ကို CWM ကသွင်းလိုက်ပါက လုပ်ငန်းစဉ်ပြီးမြောက်ပေပြီ။
Bonus G610 MM Fonts
/system Folder အောက်မှ
/app
/bin
/xbin Folder များကို Delete လုပ်ပါ။
/etc ဆိုသော Folder အသစ်ဆောက်ပါ။ ထိုအခါ
/sytem Folder အောက်တွင်
/etc
/fonts စသည့် Folder နှစ်ခုသာ ကျန်ပါတော့မည်။ /etc Folder ထဲတွင် Fallback_fonts.xml ကိုထည့်ပါ။ /fonts Folder ထဲကို #NgaLuu# ၏ Fonts များကို Down ၍ ttf format file များ အားလုံးကိုထည့်ပါ။ Sanpya.ttf ကိုလဲထည့်ပါ။ ပြီးလျှင် အပေါ်က ကဲ့သို. Zip file ဖွဲ. Sign ပြီးမှ CWM မှ Flash လိုက်ပါက ဖောင့်အလန်းများနှင့် G610 ကိုတွေ.ရပါမည်။
No comments:
Post a Comment