Learning About Handset ( Softwares Service the Device )
Phone Device အမျိုးအစား အမျိုးမျိုးရှိသော်လည်း Softwares Service အပိုင်းတွင် အမျိုးစားကြီး ၄ မျိုးသာ ရှိသည်။ မည်သည့် OS ( mOS, iOS, Window OS, etc ) အမျိုးစားသုံး Device ဖြစ်ဖြစ် ထို အမျိုးအစား ၄ မျိုးဖြင့်သာ ပြုပြင်ရမည်သာဖြစ်သည်။
1# Fireware
2# Recovery
3# Root
4# Appalication စသည့် အပိုင်းလေးပိုင်းဖြင့်သာ ခွဲခြမ်းစိတ်ဖြာ ပြုပြင်နိုင်သည်။
1# Fireware
Fireware ဆိုသည်မှာ အလွယ်ခေါ်ရလျှင် ဖုန်းတစ်လုံးအတွင်း လုပ်ဆောင်ချက်များ အများအပြားကို အလွယ်တစ်ကူ ဖတ်ခြင်း၊ ပြင်ခြင်း၊ ကူးခြင်း၊ စသည်ဖြင့် ဖုန်းတစ်လုံး၏ လုပ်ဆောင်ချက်အားလုံးကို အလွယ်တစ်ကူ ပြုလုပ်နိုင်ရန် ရေးသားထားသော Program တစ်ပုဒ်ဖြစ်သည်။ Computer တစ်လုံးတွင် ရှိတော့ Window Program ဖြင့် အလားတူသည်။ Computer တစ်လုံးတွင် Window အသစ်တင်လိုက်ပါက စက်အသစ်အတိုင်း ပြန်ဖြစ်သွားသလို Mobile Device များတွင်လဲ Fireware ပြန်တင်လိုက်ပါက အသစ်အတိုင်းဖြစ်သွားပေလိမ့်မည်။ Mobile Device တစ်လုံးတွင် Hardware ပိုင်း တစ်စုံတစ်ရာ Demage ပျတ်ဆီးခြင်းမရှိပါက သက်ဆိုင်ရာ Device Fireware ပြန်တင်ခြင်းဖြင့် Softwares ပိုင်းဆိုင်ရာ Error အားလုံးဖြေရှင်းပြီး ဖြစ်သည်။
ADB Driver ဖြင့် Pattern Lock ဖြည်နည်း။
Device ကို Power ဖွင့်ပြီး Computer တွင်ချိတ်ပါ။ win + R ဖြင့် cmd ခေါ်ပါ။ အောက်ပါ Code Commands များရေးထည့်ပါ။
adb shell
cd data/data/com.android.providers.settiong/databases
sqlite3 setting.db
update sysetm set value=0 where name='lock_pattern_autolock';
update system set value=0 where name='lockscreen.lockdoutpermanently';
.quit
Device ကို Reboot လုပ်လိုက်ပါ။ ပြီးလျှင် အောက်ပါ Code Command ကို ထက် ရေးပါ။
adb shell rm /data/system/gesture.key
Reboot ချရန် မလိုအပ်တော့ပါ။
1. Device နှင့် Computer ဆတ်သွယ်ပါ။ ( Driver မရှိလျှင် Driver ကြိုတင် Install ပါ )
2. Command Prompt ကိုဖွင့်ပါ။ adb ရှိသော လမ်းကြောင်းသို. သွားပါ။ ( ဥပမာ C:\adb ) မိမိ Device ကို adb မှ သိရန်လိုပါသည်။ cmd တွင် adb devices ဟု ရိုက်ထည့်ပါ။ Device Attached အောက်တွင် ID တစ်ခုပေါ်လာလျှင် Device ကို adb မှ သိနေပါပြီ။
3. Cmd တွင် adb shell ဟုရိုက်ထည့်ပါ။
4. Cmd တွင် shell@android:/$ ဆိုပြီး ပေါ်လာပါမည်။ System အတွင်းပိုင်းကို ၀င်ရောက်ပြင်ဆင်ရန် အတွက် Root Access တောင်းဖို. လိုပါသည်။
5. Cmd တွင် su ဟုရိုက်ထည့်ပါ။
6. Cmd တွင် shell@android:/# ဆိုပြီး ပေါ်လာပါမည်။ မပြောင်းလဲပါက Root မလုပ်ရသေးသော Device ဖြစ်မည်။
7. Device System အတွင်းရှိ Database များသိမ်းထားသော Folder များသည် များသောအားဖြင့် Read Only များသာဖြစ်ပြီး ဖြတ်၊ ပြင်လို.မရပါ။ ထိုကြောင့် chmod Command ကို သုံးပြီး Permission ကို ပြောင်းရန်လိုအပ်ပါသည်။
8. Cmd တွင် chmod 0777 /data/data/com.android.providers.setting/databases ဟု ရိုက်ထည့်ပါ။ ထိုအခါ data/data/com.android.providers.setting အတွင်းမှ databases ဆိုသော Folder သည် Permission ပြုတ်သွားသောကြောင့် ဖြတ်၊ ပြင်၊ ကူး Read and Write Folder ဖြစ်သွားပါပြီ။
9. Cmd တွင် shell မှ ထွက်ရန် Crrl+C နှိပ်ပါ။ shell မှ ထွက်သွားပါပြီ။
10. ထို databases Foder ထဲမှ setting.db ဟုခေါ်သော setting databases file ကို Computer အတွင်းသို. ကူးယူပါမည်။
11. Cmd တွင် adb pull /data/data/com.android.providers.settings/databases/setting.db C:\adb ထို cmd သည် setting.db file ကို C:\adb Folder အတွင်းသို. ကူးယူချင်းဖြစ်သည်။
12. Cmd တွင် sqlite ကို သုံးပြီး setting.db file ကို ပြုပြင်ပါမည်။
13. Cmd တွင် sqlite3 setting.db ဟု ရိုက်ထည့်ပါ။
14. Cmd တွင် sqlite> ဆိုပြီး ပြောင်းသွားပါမည်။ sqlite စ အလုပ်လုပ်ပါပြီ။ .table ဆိုပြီး ရိုက်ထည့်ကြည့်ပါ။ setting.db file အတွင်းမှ table များ၏ အမည်များပေါ်လာပါမည်။ Pattern Lock တန်ဖိုးက secure ဆိုသည့် table ထဲတွင် သိမ်းထားပါသည်။ ယူ စမ်းသပ်သော Device သည် secret ဆိုသည့် table အတွင်းတွင်သိမ်ထားပါသည်။ ထိုကြောင့် ထို table အတွင်းရှိ lockscreen.lockedoutpermanently ၏ တန်ဖိုးကို 0 ဟု ပြောင်းပါမည်။
15. Cmd တွင် update secret set value=0 where name=’lockscreen.lockedoutpermanently’; ဟုရိုက်ထည်ပါ။
16. Auto Lock ဖြစ်နေတာကိုလဲ ပြောင်းပြစ်ပါမည်။
17. Cmd တွင် update system set value=0 where name=’lock_pattern_autolock’; ဟု ရိုက်ထည့်ပါ။
18. Databases ကို ပြုပြင်ပြီးပါပြီ။
19. Cmd တွင် .quite ဟုရိုက်၍ ထွက်လိုက်ပါ။ ယခု ပြုပြင်ထားသော setting.db file ကို Device အတွင်းသို. ပြန်ထည့်ပါမည်။
20. Cmd တွင် adb push settings.db /data/data/com.android.providers.settings/databases/
21. Device ကို Restart ချကြည့်ပါ။ ပြီးပါပြီ။
2# Recovery
Recovery သည် Backup အမျိုးအစား Safe Mode အမျိုးအစား တစ်မျိုးဖြစ်သည်။ Recovery Mode ကို Engineering Mode ဟုလဲခေါ်ကြသည်။ တိုက်ရိုတ်ဘာသာပြန်ပါက ပြန်လည်ထိမ်းသိမ်းခြင်း၊ ပြန်လည်ဖုံးအုပ်ခြင်းဟု အနက်ဖွင့်ရမည်ထင်သည်။ Recovery ပြုလုပ်လိုက်လျှင် Device အတွင်းရှိသော အရာမှန်သမျှ ပျတ်ဆီးပျောက်ကွယ်သွားပေလိမ့်မည်။ Ph Connect များ၊ Photo များ၊ Video များ၊ Software များ၊ Game များ၊ အခြား အခြားသော Data များ ပျတ်ဆီးပျောက်ကွယ်သွားပေလိမ့်မည်။ ထို.ကြောင့် Recovery မပြုလုပ်မှိ ပြန်လည်သိမ်းဆည်းလိုသော Data များကို အခြား Backup Device တစ်ခုခုဖြင့် ကူးယူထားသင့်သည်။ SD Card, Memory Stick, External Harddisk, etc. Recovery ပြုလုပ်ခြင်းသည် Fectory Reset ချခြင်းသာဖြစ်သည်။ ပြန်လည် နေရာချထားခြင်းဖြစ်သည်။ ဖုန်း ၀ယ်လာခါစ အချိန်ကို ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။
3# Root
Root ကို အနက်ဖွင့်ရန် ခတ်ခဲပေသည်။ ထို.ကြောင့် အနက်မဖွင့်တော့ဘဲ Root အကြောင်းသာ ရေးသာပေတော့မည်။ Root ကို iDevice တွင် Jailbreak ဟုခေါ်သည်။ အခြားအမျိုးစားများတွင်တော့ Root ပြုလုပ်သည်ဟု သာခေါ်သည်။ Root မလုပ်ရသေးသော Device တစ်လုံးကို သင်ဝယ်ယူလာပါက သင်သည် ထို Device ကို အလုံးစုံ ပိုင်သည်ဟု ယူဆရု မရပါ။ အဘယ်ကြောင့်ဆိုသော် ထို Device ကုမ္ပဏိက သင့်ကို User တစ်ယောက် အနေနဲ.သာ ပေးပိုင်ထားသောကြောင့်ဖြစ်သည်။ ထို Device ၏ Logo ကို သင်ပြောင်းလဲလို.မရပါ။ ထို ကုမ္ပဏိက ထည့်သွင်းပေးထားသော System အတွင်းမှ မည်သည့် Software, Data မှ သင် ကူးယူ၊ ဖျတ်ဆီး၊ ထည်သွင်း၍ မရပေ။ သင့်ကို သာမှန် User တစ်ယောက် အနေနဲ. သာပေးပိုင်ခြင်းဖြစ်သည်။ အလုံးဆုံပိုင်ဆိုင်သည် ဟုခေါ်ဆို၍ မရပေ။ ထိုကြောင့် Root ပြုလုပ်ရပေသည်။ Root လုပ်ပြီးသား ဖုန်းတစ်လုံးမှသာ ထို Device ကို သင်အလုံးဆုံပိုင်ဆိုင်သည် ဟု ခေါ်ဆို၍ရမည်။ Logo ပြောင်းလို.ရမည်။ System အတွင်းမှ Ringtone များကို ဖျတ်လို.ရမည်။ Icon အသစ်များ ထည့်သွင်းပြုလုပ်နိုင်မည်။ ပြင်ပ Official Softwares များကို ထည်သွင်းနိုင်မည်။ ဥပမာ မြန်မာစာ Font ကို ထည့်သွင်းနိုင်မည်။ သင့်စိတ်ကူး စိတ်သန်း ပြည့်ဝသော နည်းပညာဖြင့် စိတ်ကြိုက် ပြုပြင်ပြောင်းလဲနိုင်ပေလိမ့်မည်။
1# Appalication
Appalication သညှ်အသုံးချ Software ဖြစ်သည်။ ဓါတ်ပုံပြင်သော ဆော့ဝဲလ်၊ စာရေးသော၊ ဂိမ်းများ စသည်တို.သည် Appalication များဖြစ်သည်။ ဖုန်းကိုင်သော သူတိုင်း Appalication ကို သိမည်ဖြစ်သည်။
No comments:
Post a Comment