ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Sunday, June 23, 2013

ကံဆိုးပေမယ့် သချာင်္နည်းနဲ.ဆို နောက်နှစ်နှစ်ဆို 1500 တန်ပေါက်မှာပါ

ဒိလလဲ ကံမကောင်းပြန်ဘူး။ ဖုန်မပေါက်ပြန်ဘူး။ ကိုယ်မှမချမ်းသာလို့  မှောင်ခို လေးငါးခြောက်သောင်း မဝယ်နိုင်လို့  မဲနှိုတ်ရပါတယ်ဆို ကံကထက်မွဲရသေးတယ်။ အသုံးမလိုတဲ့ ထိုင်နေကျလက်ဖတ်ရည်ဆိုင်က စာပွဲထိုးလေတောင် ( ဟယ်လို ကြားလား ) 2 ( လင်းယုန်မှ လဒ လဒ ကြားရင်အကြောင်းပြန် ) အော်နေပြိ။ ကိုယ်မယ်တော့ ဟူး။ ဒိကံမွဲပုံနဲ့ ဆို ဘယ်အချိန်များမှ ကျားလာ ဆင်လား အော်ရမလဲမသိဘူး။ ငါတို့ ရပ်ကွက် အိမ်ထောင်စု ဘယ်နှစ်စုရှိလဲ မသိဘူး။ တစ်လတစ်လ ဒိနှုန်းဒိအရည်အတွက်ပဲ ချပေးရင် ဒိကမွဲကံနဲပေါင်း သချာင်္နည်းအရဆိုရင်တော့ နောက်နှစ်နှစ်လောက်ဆို ကိုင်ရကောင်းပါရဲ့ ။ ခုတော့ အသုံးမလိုသေးလဲလျောက် လိုလဲလျောက် ပြန်ရောင်းစားဖို့ လျောက် လျောက် လျောက်တွေကြား ကိုယ်လဲပျောက်။ အရပ်စကားတော့ကြားနေရတာပဲ။ ပြန်ရောင်းစားရင် ဖမ်းမယ်တဲ့။ ကိုယ်ပစ္စည်းကိုယ်ရောင်းတာ ဥပဒေနားမလည်တော့ ဖမ်းလို့  ရလားမသိဘူး။ ဖုန်းဌားရမ်း သုံးစွဲခွင့်မို့  ကိုယ့်ပစ္စည်းမဟုတ်ဘူး ရောင်းလိုမရဘူး ဆိုရင်တော့ တစ်မျိုပေါ့။ ဒိလိုဆိုလဲ ဆယ့်ငါးသိန်းသမားတွေ အပျော်လွန်ပြိးသေသွားမလား မသိဘူး။ ကျန်တော်တို့  ဆတ်မဌားတော့ဘူး ပြန်အပ်ပါတယ်ဆို လုပ်လာတော့မယ်။ ဟီးဟီး ငါလဲ နောင်နှစ်လောက်ဆို ဖုန်းရပြီ။

No comments:

Post a Comment

Template by : kendhin x-template.blogspot.com