လောကကြီးအကြောင်း
မေမေသင်ပေးတာတွေက
မလုံလောက်ဘူးမေမေ
အတ္တကြီးတဲ့မေမေသမီး
လူတွေရဲ့အတ္တတွေကြားမှာ
အခုထိဒူးထောက်နေရတုန်းပါ
ခလုပ်ထိမှအမိတတာမဟုတ်ပါဘူးမေမေ.......
အရောင်စုံတဲ့ဒီလောကထဲမှာ
မေမေသမီးငယ်ကာလာစုံနေပုံများ
မေမေမြင်စေချင်တယ်
လောကရဲ့လမ်းတွေထက်
ပျော်မွေ့နေတဲ့မေမေသမီး
အခုတော့ဒဏ်ရာတွေအပြည့်နဲ့ပေါ့
မေမေ့ဒုက္ခအိုးလေး
မေမေ့သမီးငယ်လေး
မေမေ့အင်္ကျီဖြူလေးလေ....
လောကဓံရဲ့ရိုက်ချက်တွေကြောင့်
အရင်လိုမဖြုစင်တော့ဘူးမေမေ
အပြုံးတုတွေရဲ့ဟန်ဆောင်မှုတွေကြား
လဲကျခဲ့တာလဲအကြိမ်ကြိမ်ပါ
ဖေးကူမဲ့လက်ကိုမျှော်ကြည့်မိတော့
လှောင်ပြုံးတွေပဲတွေ့နေရတယ်မေမေ
လဲရင်ပြန်ထဒါဘ၀တဲ့လား....
အကြိမ်ကြိမ်ရိုက်ချိုးခံထားရတဲ့
ဒီခြေထောက်တွေက မတ်မတ်ရပ်ဖို့တောင်
ခဲယဉ်းနေပါတယ်မေမေရယ်........



Mandalay Time
























No comments:
Post a Comment