ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Tuesday, October 9, 2012

IF

IF

If you can keep your head when all about you
Are losing theirs and blaming it on you.
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don't deal in lies.
Or beling heard, don't give way to hating,
And yet don't look too good, nor walk too wise:
If you can dream- and make dreams your master;
If you can think- and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build'em up with worn-our tools;
If you can make one heap of all your winnings
And risk it on one trun of pitch-and-toss,
And loose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and never and sinew
To serre your turn long ofter they are gone,
And so hold on when there is nothing in you
Except the will which says to them: "Hold on!"
If you can talk with crowds and keep your virtue,
Or walk with Kings-nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And-which is more-you'll be a Man, my son!

Rudyard Kipling

အကယ်၍

မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် ။
အကယ်၍
အားလုံးက မင်းကိုမယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကိုနားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုမင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင် ။
အကယ်၍ စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး အဲ့ဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်
ဒါမှမဟုတ်
မင်းကိုလူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင်။
အကယ်၍
စိတ်ကူးယဉ် အိမ်မက်တွေဟာ
မင်းအပေါ်မှာ မလွှမ်းမိုးစေဘဲ စိတ်ကူးးနိုင်မယ်ဆိုရင်။
ပြီးတော့
အတွေးအခေး စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်။
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်။
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်။
အကယ်၍
မင်းဘဝတခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်။
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတလှည့် ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်။
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်။
ပြီးတော့ တခါ
ဆိုးလှတဲ့ကံကြမ္မာကိုရယ်လို့
ဘယ်သောအခါမှ ညီးညူမနေဘူးဆိုရင်။
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်။
အဲ့ဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲ့ဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင်ထားနိုင်မယ်ဆိုရင်။
အကယ်၍
လူတွေနဲ့ထိတွေ့ဆက်ဆံ ပြောဆိုရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်။
အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကြည်းအောင် မလုပ်နိုင်စေရင်။
အကယ်၍
လူတိုင်းကိုတန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်။
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်။
ငါ့သားရေ
မင်းဟာအရာရာရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့။
အဲဒီတော့မင်းဟာလည်း
ယောင်္ကျားကောင်းတစ်ယောက်ပေါ့။

အောင်ဆန်းစုကြည်

No comments:

Post a Comment

Template by : kendhin x-template.blogspot.com