လူ.ဘ၀တစ်သက်တာတွင် ကျွနိုပ်တို.ရရှိသော အချိန်ကာလပမာဏသည် ကျွန်ုပ်တို.ထင်ထားသလို မများလှပါချေ။ အတိအကျစာရင်းချကြည့်လျှင် သက်တမ်း ၆၀ ရှိသော လူတစ်ယောက်သည် နှစ်ပေါင်းနှစ်ဆယ်ကို အိပ်ရာထဲတွင် အချိန်ကုန်ခဲ့ကြောင်း တွေ.ရှိရသည်။
လူတစ်ယောက်အနေဖြင့် သတိမထားမိဘဲ အမှတ်တမဲ့ အချိန်ကုန်လွန်သွားသော တစ်နေ.တာ နှစ်ဆယ့်လေးနာရီကာလကို စာရင်းအင်ပညာရှင်တစ်ဦးက အသေးစိတ်တွက်ချက်ဆန်းစစ်ကြည့်သည်။ ထိုဆန်းစစ်ချက်အရ မွေးကင်းစအရွယ်မှ အသက် ၆၀ အရွယ်အထိ လူတစ်ယောက်၏ အချိန်အသုံးချမှုခွဲတမ်းမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရသည်။
၁။ အိမ်ချိန် ၂၀ နှစ်
၂။ စားချိန် ၃ နှစ်
၃။ စားသောက်ပွဲနှင့် ထိုင်စောင့်ချိန် ၉ လ
၎။ အလုပ်လုပ်ချိန် ၁၇ နှစ် ၊၆ လ
၅။ ပျော်ရွှင်မှုအတွက် အချိန် ၇ နှစ် ၊ ၆ လ
၆။ လမ်းလျောက်ချိန် ၊အခြားလေ့ကျင့်ခန်းလုပ်ချိန် ၆ နှစ် ၊၃ လ
၇။ အိမ်သာတက်ချိန် ၊ရေချိုးချိန် ၂ နှစ် ၊၆ လ
၈။ ဘာမှမလုပ်ဘဲ ကုန်လွန်သောအချိန် ၂ နှစ် ၊၆ လ
နာရီစက်မြည်သံပေါ်ထွက်လာတိုင်း ကျွန်ုပ်တို. တစ်သက်တာဘ၀၏ အချိန်ကာလ အစိတ်အပိုင်းတစ်ခုသည် အမြဲတမ်းကုန်လွန်သွားသည်။ ကျွန်ုပ်တို. အသက်က အရှေ.သို.တက်လာပြီး ကုန်လွန်သောအချိန်တွေက နောက်မှာကျန်ရစ်ခဲ့သည်။ ထိုကျန်ရစ်သော အချိန်ကို ဘယ်နည်းနှင့်မျှ ပြန်ခေါ်ရု မရနိုင်တော့ချေ။ ဘယ်တော့မှ ပြန်ခေါ်ရု မရနိုင်တော့။
ကျွန်ုပ်တို.ဘာမှအသုံမချဘဲ ကုန်လွန်သွားသော ထိုခဏ ၊ထိုနာရီ ၊ထိုနေ. ၊ထိုရက်သတ္တပတ် ၊ထိုလ ၊ထိုနှစ်ဟူသော အချိန်ကာများကို လွမ်းဆွတ်နေရုံမှတစ်ပါး ဘာမှမတက်နိုင်တော့။ ထိုသော အခါမှ အချိန်သည်ဘ၀ ၊ဘ၀သည်အချိန် ဟူရု အများက နားလည်လာတက်ကြလေသည်။ တကယ်တော့ ကြိုတွေးကြိုတွက်လျှင် အကျိုးများလေစွ။
တိုးတက်လိုလျှင် အချိန်ကိုချွေတာရမည်။ အကျိုးရှိအောင် အသုံးချရမည်။ မိတ်ဆွေတို.အနေဖြင့် တစ်နေ.မှာ အနည်းဆုံး ၁၅ မိနစ် အချိန်ပိုင်းကလေးကို အထူးရည်မှန်းချက်ဖြင့် အကျိုးရှိရှိ အသုံးချမည်ဟူရ်ူများ တစ်ခါတစ်ရံ စိတ်ကူးမိပါရဲ.လား။ တစ်နေမှာ ၁၅ မိနစ်နှုန်းဖြင့် ဘာသာရပ်တစ်ခု ၊လုပ်ငန်းတစ်ခုကို တစ်နှစ်တိတိ လေ့လာမည်။ လုပ်ကိုင်မည်ဟူရ်ုများ ဘ၀စီမံကိန်းချဖူးပါသလား။
တစ်နေမှာ ၁၅ မိနစ်နှုန်းနဲ. စာပေပညာရပ်တစ်ခုခုကို မှန်မှန်ဖတ်ရှုလေ့လာသွားမယ်ဆိုရင် အဲဒိလူရဲ. ပညာအဆင့်အတန်းဟာ လေးနှစ်ကျော်တဲ့အခါ တက္ကသိုလ်ပညာအဆင့်အတန်းနဲ. ညီမျှလိမ့်မယ် ဟု ဟားဗက်တက္ကသိုလ်ဥက္ကဌဟောင်း ပါမောက္ခ အီလီယော့က ဆိုဖူးသည်။
တစ်နေ.မှာ ၁၅ မိနစ်အချိန်ပိုင်းလေးပင်လျှင် ဒိမျှအကျိုးကျေးဇူးများလျှင် တစ်နေမှာ မိနစ် ၆၀ သာ အချိန်ပေးနိုင်မည်ဆိုပါက မည်မျှအကျိုးရှိနိုင်မည်ကို တွေးကြည့်စေချင်သည်။ ကျွန်ုပ်တို.လူအများစုသည် ပညာဗဟုသုတ၏ တန်ခိုးစွမ်းအားကို အပြည့်အ၀ မသိကြချေ။ ထိုစွမ်းအားသည် တစ်နေတာ၏ ၁၅ မိနစ် ၊မိနစ် ၆၀ အချိန်ပိုင်းကလေးထဲတွင် တည်ရှိနေကြောင်း မသိကြခြင်းဖြစ်သည်။
ကျွန်ုပ်တို.အများစုသည် နိုင်ငံရေး ၊စီးပွားရေး ၊လူမှုရေး ကိစ္စရပ်များအတွက် အစွမ်းကုန်ကြိုးစားနေကြသည်။ သို.သော် မိမိတို. ဘ၀တိုးတက်ရေးအတွက် တန်းဖိုးမဖြတ်နိုင်သော အချိန်နာရီ ချွေတာရေးနှင့် အချိန်ကို အပြည့်အ၀အသုံးချရေးအလေးပေးရူ် စဉ်းစားလုပ်ကိုင်သူကား လက်ချိုးရေတွက်ရ်ုပင် ရနိုင်ကောင်း၏။ အလုပ်ကိစ္စ ၊လူမှုရေးကိစ္စတွေများလွန်းလို. စာဖတ်ချိန် ၊လေ့လာချိန်တောင် မရှီပါဘူး ဟု ဂုဏ်ယူသော လေသံဖြင့်ပြောရု အချိန်ဖြုန်းသောလူများကို တော်တော်များများတွေ.ရပါလိမ့်မည်။ အချိန်ဖြုန်းလေ့ရှိသော သူအတွက် ၄င်း၏အကျင့်ကို ပြန်ပြင်ရန် အလွန်ခက်သည်။ သိုသော် ကြီးပွားလိုလျှင် အချိန်ကိုလေးစားပြီး ကိုယ့်အားကိုယ်ကိုး တက်လမ်းရှာဖို.လိုပါသည်။ ကိုယ်အားကိုယ်ကိုး ကြိုးစားခြင်း အလေ့အကျင့်သည် လူတစ်ယောက်၏ ကိုယ်စွမ်းကိုယ်စကို နှစ်ဆ ၊သုံးဆ ၊လေးဆ အထိ အားဖြည့် တိုးပွားပေးနိုင်ကြောင်း ပညာရှိကြီးများ၏ ပြောဆိုဆုံးမမှုများကို မျှဝေခံစားစေရန် တင်ပြလိုက်ရပါသည်။
ကောင်းညွန်.ဝေ ( ရေစကြို )
မြန်မာ့အလင်း

No comments:
Post a Comment