ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Tuesday, October 30, 2012

စစ်ကိုင်းအလှ

စစ်ကိုင်းတောင်တော်၊ဘုရားဖူးမျှော်ဖို့၊
ကျွန်တော်တစ်ခေါက်၊ ရောက်ခဲ့ပါသည်၊
ဆွမ်းဦးပုည၊ အမည်ရသည့်စေတီတော်မှာ၊
ကြည်ညိုဘွယ်ရာလွန်ကောင်းပါ၏ ၊
ရှေ့မြောက်ကိုမျှော်၊ ကြည့်ပြန်သော်က၊
ကျောင်းဆောင်,မြစ်ကြောင်း,စေတီပေါင်းနှင့်၊
မန္တလာအလှ၊ ရှုမ၀နိုင်၊
အနောက်ကိုမျှော်၊ငေးလိုက်သော်.၊
သက္ကသီလ၊အမည်ရသည့်၊
သီတဂူကမ္ဘာဗုဒ္ဓသက္ကသိုလ်နှင့်၊
အဝေးကိုမျှော်၊ဖူးလိုက်သော်ကလဲ၊
အံ့ဘွယ်ကောင်းတဲ့ ကောင်းမှုတော်စေတီ၊
တောင်ရပ်ကိုမျှော်၊ကြည့်လိုက်သော်၊
သာယာလှပ၊စစ်ကိုင်းအလှ နှင့်၊
စေတီ ပုထိုး ၊ အမျိုးမျိုးကို၊
မြင်ရသည်မှာ၊ စိတ်ချမ်းသာ၏ ၊
မြောက်အရပ်ကိုမျှော်၊ကြည့်လိုက်သော်၊
စိမ်းလန်းစိုပြေ၊ တောတောင်တွေ့နှင့်၊
စစ်ကိုင်းဌာနေ၊ သာယာပေ၏ ။

Shwe Lamin (ရွှေလမင်း) http://friendsdaygroup.ning.com/profiles/blogs/2293535:BlogPost:1096818

No comments:

Post a Comment

Template by : kendhin x-template.blogspot.com