ခုလိုကော်နက်ရှင်ပိန်းတဲ့ ကြားက၀င်ရောက်ဖတ်ရှု.ပေးတာ အထူးကျေးဇူးတင်ပါသည်

Thursday, September 6, 2012

ကြောက်မှာစိုးလို.

     အဘိုးအဘွားများနေထိုင်ရာမြို.သို. အလည်အပတ်သွားရောက်ပြိးနောက် ရထားစီးပြီး အိမ်ပြန်ရောက်လာသည့် ခင်ပွန်းဖြစ်သူနှင့်အတူ လိုက်ပါလာသော သားဖြစ်သူအား မိခင်ဖြစ်သူက မေးလေးသည်။
မိခင်     ။     ။ သား... ဘိုးဘိုး၊ ဘွားဘွားတို.ကို တွေ.တာ ပျော်လား။
သားငယ်။     ။ ပျော်တယ်... မုန်.တွေအများကြီးကျွေးတယ်။
မိခင်     ။     ။ ရထားစီးရတာရော ပျော်လား။
သားငယ်။     ။ ပျော်တယ်... ရထားဥမင်လိုက်ဏ်ခေါင်းထဲ ဖြတ်တဲ့အခါ မှောင်သွားတော့... နည်းနည်းကြောက်တယ်။
မိခင်     ။     ။ ဘာကြောက်စရာရှိလဲ... သားရဲ... ဘေးမှာ ဖေဖေပါတာပဲ။
သားငယ်။     ။ ရထားက ဥမင်ထဲ ဖြတ်တဲ့ အချိန်မှာ ဖေဖေက သားကိုဖတ်ထားပါတယ်။
မိခင်     ။     ။ ဒါပေါ့... သားကြောက်မှာစိုးလို.ပေါ့။
သားငယ်။     ။ မှောင်နေတဲ့အချိန်မှာ ဖေဖေက သားကိုဖတ်ထားတဲ့ အပြင်မွှေးမွှေးလည်းပေးပါတယ်။
မိခင်     ။     ။ သားကိုချစ်လိုပေါ့။
သားငယ်။     ။ ဒါပေမယ့်... မှောင်နေတုန်းမှာ သားဘေးကထိုင်နေတဲ့ အမျိုးသမီးကိုလည်း ဖေဖေက မွှေးမွှေးသွားပေးသေးတယ်... အဲဒါ ကြောက်မှာစိုးလိုပေါ့နော်။
မိခင်     ။     ။ ဘာ။

No comments:

Post a Comment

Template by : kendhin x-template.blogspot.com