ရော်ရွက်ဝါ လေယူရာခပြီ။
လွမ်းမောဖွယ် သူယူကာလာတော့
လွမ်းရပြီပေါ့။
မိုးဝသုန် သည်ရာသီမှာ
ကောင်းကင်ငို ပုလဲလေးတွေဖြင့်
တတောက်တောက်နဲ. လွမ်းတေးတီတော့
လွမ်းရပြီပေါ့။
ဆောင်းဟေမာန် နှင်းဖြူဖုံးမှာ
မင်းကိုသတိရစဉ်
နေသူရိန်အာဏာလုတော့
လွမ်းရပြီပေါ့။
နေလုံးကြီးက၀င်
လမင်းစန္ဒာထွက်ကာလာ
ရာသီစက်ဝိုင်းအကြီမ်ကြီမ်ပြောင်းခဲ့ပြီ
မင်းလဲရင်ခွင်သစ်မှာပျော်ပြီထင်
မပိုင်ရတော့တဲ့ဘ၀မှာလဲ
တစ်သက်စာချစ်နေဆဲပါ။
No comments:
Post a Comment